Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ဩစတြေးလျ နိုင်ငံဆိုင်ရာ သံအမတ်တွေကို ပြင်သစ် ပြန်လည်ခေါ်ယူ

အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင်မှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်၊ ဩစတြေးလျနဲ့ ဗြိတိန်တို့ ပူးပေါင်းထားတဲ့ Aukus သဘောတူညီမှုကို အခုသီတင်းပတ်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

ကာကွယ်ရေး မဟာဗျူဟာ သဘောတူညီမှု အသစ်တစ်ခုနဲ့ ပတ်သက်လို့ ပြင်သစ်က အမေရိကန်နဲ့ ဩစတြေးလျ နိုင်ငံဆိုင်ရာ သံအမတ်တွေကို ပြန်လည် ဆင့်ခေါ်ပြီး မကျေနပ်မှုကို ပြသခဲ့ပါတယ်။

အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင်မှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်၊ ဩစတြေးလျနဲ့ ဗြိတိန်တို့ ပူးပေါင်းထားတဲ့ Aukus သဘောတူညီမှုကို အခုသီတင်းပတ်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီမှုဟာ တခြား အနောက်အုပ်စု အင်အားကြီး မဟာမိတ် နိုင်ငံ တစ်ခုဖြစ်တဲ့ ပြင်သစ်ကို အကြီးအကျယ် အထိနာစေခဲ့ပါတယ်။

Aukus ပါ သဘောတူညီမှုတွေအရ ဩစတြေးလျ ရေတပ်မှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်နိုင်အောင် စုပေါင်း လုပ်ဆောင်သွားမယ်လို့ သုံးနိုင်ငံ ခေါင်းဆောင်တွေ ပူးတွဲ ကြေညာခဲ့ပါတယ်။ အမေရိကန်က ဩစတြေးလျရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေးမှာ အဓိက တာဝန်ယူ ပံ့ပိုးသွားမှာဖြစ်ပြီး ဩစတြေးလျဟာ ပြင်သစ်ဆီက ရေငုပ်သင်္ဘောတွေ မှာယူမယ့် သဘောတူ စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၂ စီး မှာယူမယ့် အဲဒီစာချုပ်ဟာ တန်ဖိုး ဒေါ်လာ ၃၇ ဘီလီယံလောက်ထိ များပြားပါတယ်။ ပြီးတော့ ဩစတြေးလျနိုင်ငံ သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု စာချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒါကြောင့် စာချုပ် ဖျက်သိမ်း ခံလိုက်ရတာဟာ ပြင်သစ်အတွက် အကြီးအကျယ် နစ်နာစေခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပြင်သစ် အစိုးရဟာ စာချုပ် ဖျက်သိမ်းခံရမယ့် ကိစ္စကို Aukus သဘောတူညီမှု မကြေညာခင် နာရီပိုင်း အလိုမှ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရက Aukusကို အပြင်းအထန် ဝေဖန် ရှုတ်ချထားခဲ့ပြီး အခုတော့ ပြင်သစ်ကလည်း အမေရိကန်၊ ဩစတြေးလျတို့ဆီက သံတမန်တွေကို ပြန်လည် ခေါ်ယူပြီး ဆန္ဒပြနေပါတယ်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျင်းယာဗစ် လီဒရီယန်က အမေရိကန်နဲ့ ဩစတြေးလျတို့ရဲ့ လုပ်ရပ်ဟာ မဟာမိတ် အချင်းချင်း နောက်ကျောကို ဓားနဲ့ထိုးခြင်း ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခု လုပ်ဆောင်မှုမျိုးဆိုတာ လက်တွဲဖော်တွေ၊ မဟာမိတ်တွေ အချင်းချင်း ကြားထဲမှာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စမျိုးဖြစ်ကြောင်း၊ မဟာမိတ်တွေရဲ့ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ လက်တွဲ ဆောင်ရွက်မှု မူဝါဒတွေမှာ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း လီဒရီယန်က ဆိုပါတယ်။

အမေရိကန်ကို ရောက်ရှိနေတဲ့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မားရစ်ပေးန်ကတော့ ပြင်သစ်ရဲ့ စိတ်ပျက်မှုအပေါ် စာနာ နားလည်နိုင်ကြောင်းနဲ့ ဩစတြေးလျဟာ မဟာမိတ် နိုင်ငံတွေကြား ဆက်ဆံရေးကို လေးစား တန်ဖိုးထားပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ အခုကိစ္စဟာ ပြင်သစ်အတွက် စီးပွားရေးအရ အတော်လေး ထိချက်ပြင်းခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

အိမ်ဖြူတော် အရာရှိ တစ်ဦးကတော့ အမေရိကန်ရဲ့ သက်တမ်း အရင့်ဆုံး မဟာမိတ်ဖြစ်တဲ့ ပြင်သစ်က သံအမတ်ကြီးကို ပြန်လည် ခေါ်ယူခဲ့တာဟာ ကြိုတင် မျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုဖြစ်ကြောင်း၊ လက်ရှိ အမြင်ကွဲပြားမှုူတွေကို လာမယ့် ရက်ပိုင်းတွေအတွင်း ပြန်လည် ညှိနှိုင်း ဆွေးနွေးသွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။