Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား တက္ကသိုလ် တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး ၆ ဦးထက်မနည်းသေ

လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်သမားနဲ့ ထိပ်တိုက်ရင်ဆိုင် အပြန်အလှန် ပစ်ခတ်ပြီး လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ တရားခံဟာ သေနတ်တစ်လက်နဲ့ ဓားတစ်ချောင်း ယူဆောင်လာတယ်လို့ ရဲတွေက ပြောပါတယ်။

ရုရှားနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၀ က ပမ်းမြို့မှာရှိတဲ့ တက္ကသိုလ်ဝင်းထဲ သေနတ်သမား တစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၂၈ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ တချို့ သတင်းဌာနတွေကတော့ အသေအပျောက် စာရင်းကို ၈ ဦးလို့ ဖော်ပြခဲ့ပါတယ်။

သေနတ်သမားတစ်ယောက် ဝင်ရောက် ပစ်ခတ်နေတယ်ဆိုတဲ့ သတင်းကြောင့် စာသင်ခန်းတွေထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေက အလုံပိတ် ပုန်းအောင်းနေခဲ့ရပါတယ်။ တချို့ ကျောင်းသူကျောင်းသားတွေဟာ ပြတင်းပေါက်တွေကနေ ကျော်ခွပြီး ထွက်ပြေးနေကြပုံ ဗီဒီယိုတွေလည်း လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်သမားနဲ့ ထိပ်တိုက်ရင်ဆိုင် အပြန်အလှန် ပစ်ခတ်ပြီး လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ တရားခံဟာ သေနတ်တစ်လက်နဲ့ ဓားတစ်ချောင်း ယူဆောင်လာတယ်လို့ ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အခု ပစ်ခတ်မှုမှာ ဆုံးရှုံးခဲ့ရတဲ့ အသက်တိုင်းဟာ ကျန်ရစ်သူ မိသားစုတွေတင် မကဘဲ တစ်နိုင်ငံလုံးရဲ့ ဆုံးရှုံးမှုလို့ သတ်မှတ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တက္ကသိုလ်ထဲ ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ အခုကိစ္စကို တစ်ကိုယ်တော် ကျူးလွန်ခဲ့ကြောင်း၊ နိုင်ငံရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒစွဲ ဘာတစ်ခုမှ မရှိကြောင်း သေနတ်သမားက ရဲတွေဆီ ကနဦး ထွက်ဆိုထားတယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြကြပါတယ်။

ရုရှားတက္ကသိုလ်တွေရဲ့ လုံခြုံရေးဟာ အခုနှစ်ထဲမှာ စိုးရိမ်စရာ အခြေအနေ တချို့နဲ့ ကြုံလာရပါတယ်။ နှစ်ဆန်းပိုင်းကလည်း ကာဇန်မြို့မျာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။