Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ ပင်လယ်ပြင်ဖက်ကို ဒုံးကျည်တစ်စင်း ပစ်ခတ် စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းက အရှေ့ဖက် ကမ်းလွန် ပင်လယ်ထဲ မြောက်ကိုရီးယားက တာတို ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယား သံအမတ်က နိုင်ငံရဲ့ လက်နက် စမ်းသပ်မှုတွေကို တခြား ဘယ်နိုင်ငံကမှ ငြင်းဆန်ပိုင်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂမှာ မိန့်ခွန်း ပြောခဲ့တဲ့နောက် မြောက်ကိုရီးယား စစ်တပ်က အခုလို ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းက တိုက်ချင်းပစ် ဒုံးကျည်တွေရော၊ ခရုစ် ဒုံးကျည်တွေပါ စမ်းသပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနဲ့ စေ့စပ် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ လိုလိုလားလား ရှိကြောင်းလည်း မြောက်ကိုရီးယား အစိုးရဖက်က မကြာသေးခင်ကမှ စကားလမ်းကြောင်းထားပြန်ပါတယ်။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ရေး ကွပ်ကဲမှု ဌာနကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို လှုပ်ခတ်အောင် ကြံဆောင်နေမှန်း သိသာကြောင်း ဝေဖန်သွားပါတယ်။ အခုနောက်ဆုံး မြောက်ကိုရီးယား စမ်းသပ် ပစ်ခတ်တဲ့ ဒုံးကျည်ဟာ ကုလသမဂ္ဂက တားမြစ် ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ် အမျိုးအစား ဖြစ်နိုင်တယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြနေပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည်နဲ့ နျူကလီးယားလက်နက် နည်းပညာ စမ်းသပ်မှုတွေကြောင့် အရင်ကတည်းက နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံခဲ့ရပါတယ်။ ဒီအတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ကိုရီးယား နှစ်နိုင်ငံ တရားဝင် စစ်ပြေငြိမ်းရေးကို ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် တောင်ကိုရီးယား အနေနဲ့ ရန်စတဲ့ အပြုအမူတွေကို ရပ်တန်းက ရပ်ဖို့တော့ လိုတယ်လို့ သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ကျွန်းဆွယ် စစ်ပွဲအပြီး ၁၉၅၃ ခုနှစ်မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ခဲ့တာကြောင့် ဒီနေ့ထိ စစ်ဖြစ်နေကြဆဲလို့ ယူဆနိုင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook