Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမျိုးအစားသစ် ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ကြေညာ

အခု လက်နက်စနစ်ကို အဆင့်မြှင့်တင် တည်ဆောက်လာနိုင်ခြင်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကဏ္ဍပေါင်းစုံကနေ မြှင့်တင်နိုင်လာလိမ့်မယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာလထဲမှာ ဒုံးကျည် စမ်းသပ်မှု ၃ ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်အမျိုးအစားသစ် တစ်စင်းကို ပစ်ခတ် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ထဲ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က အတည်ပြုပါတယ်။ နောက်ပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တဲ့အခါ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ပျံသန်းနိုင်တဲ့ Hwasong-8 အမျိုးအစားသစ်ကို ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြသွားပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဟာ အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့ လက်နက်စနစ် ၅ မျိုးကို အဆင့်မြှင့် တည်ဆောက်နေပြီး အဲဒီထဲမှာ Hwasong ဒုံးကျည် ပရောဂျက်လည်း ပါဝင်နေကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။ Hwasong-8ကို KCNA သတင်းဌာနက မဟာဗျူဟာ လက်နက်လို့ သုံးနှုန်းသွားပြီး အရင်က မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို ဒီဝေါဟာရနဲ့ ရည်ညွှန်းလေ့ ရှိခဲ့ပါတယ်။

အခု လက်နက်စနစ်ကို အဆင့်မြှင့်တင် တည်ဆောက်လာနိုင်ခြင်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကဏ္ဍပေါင်းစုံကနေ မြှင့်တင်နိုင်လာလိမ့်မယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာလထဲမှာ ဒုံးကျည် စမ်းသပ်မှု ၃ ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ သမားရိုးကျ ဒုံးကျည်တွေထက် မြန်နှုန်း မြင့်မြင့် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တား ပစ်ချဖို့ ခဲယဉ်းလွန်းပါတယ်။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့လို အင်အားကြီး နိုင်ငံတွေဟာ နည်းပညာသစ် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ မြောက်ကိုရီးယားကလည်း ဒီလက်နက် ပြိုင်ဆိုင်မှုထဲ ပါဝင်လာမယ့် သဘောပါပဲ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ စစ်လက်နက် နည်းပညာ သိပ္ပံ ပညာရှင်တွေဟာ ဟိုက်ပါဆောနစ် မြန်နှုန်း ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေအတွက် ထိပ်ဖူးတွေ တည်ဆောက်နိုင်နေပြီလို့ အခုနှစ်ဆန်းပိုင်းက ကြွေးကြော်ခဲ့ဖူးပါတယ်။ အခုသီတင်းပတ် စမ်းသပ်မှုကတော့ အမျိုးအစားသစ် ဒုံးကျည်အတွက် ပထမဆုံး ဖြစ်လာပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ အရေးယူမှုတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ လက်နက် နည်းပညာ မြှင့်တင်မှုတွေကို တခြား ဘယ်နိုင်ငံကမှ ဟန့်တားပိုင်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂ ညီလာခံမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်က မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။