Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးအစားသစ် ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ကြေညာ

အခု လက်နက်စနစ်ကို အဆင့်မြှင့်တင် တည်ဆောက်လာနိုင်ခြင်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကဏ္ဍပေါင်းစုံကနေ မြှင့်တင်နိုင်လာလိမ့်မယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာလထဲမှာ ဒုံးကျည် စမ်းသပ်မှု ၃ ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်အမျိုးအစားသစ် တစ်စင်းကို ပစ်ခတ် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ထဲ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က အတည်ပြုပါတယ်။ နောက်ပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တဲ့အခါ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ပျံသန်းနိုင်တဲ့ Hwasong-8 အမျိုးအစားသစ်ကို ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြသွားပါတယ်။

မြောက်ကိုရီးယား စစ်တပ်ဟာ အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့ လက်နက်စနစ် ၅ မျိုးကို အဆင့်မြှင့် တည်ဆောက်နေပြီး အဲဒီထဲမှာ Hwasong ဒုံးကျည် ပရောဂျက်လည်း ပါဝင်နေကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။ Hwasong-8ကို KCNA သတင်းဌာနက မဟာဗျူဟာ လက်နက်လို့ သုံးနှုန်းသွားပြီး အရင်က မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို ဒီဝေါဟာရနဲ့ ရည်ညွှန်းလေ့ ရှိခဲ့ပါတယ်။

အခု လက်နက်စနစ်ကို အဆင့်မြှင့်တင် တည်ဆောက်လာနိုင်ခြင်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကဏ္ဍပေါင်းစုံကနေ မြှင့်တင်နိုင်လာလိမ့်မယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာလထဲမှာ ဒုံးကျည် စမ်းသပ်မှု ၃ ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ သမားရိုးကျ ဒုံးကျည်တွေထက် မြန်နှုန်း မြင့်မြင့် ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တား ပစ်ချဖို့ ခဲယဉ်းလွန်းပါတယ်။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့လို အင်အားကြီး နိုင်ငံတွေဟာ နည်းပညာသစ် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ မြောက်ကိုရီးယားကလည်း ဒီလက်နက် ပြိုင်ဆိုင်မှုထဲ ပါဝင်လာမယ့် သဘောပါပဲ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ စစ်လက်နက် နည်းပညာ သိပ္ပံ ပညာရှင်တွေဟာ ဟိုက်ပါဆောနစ် မြန်နှုန်း ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေအတွက် ထိပ်ဖူးတွေ တည်ဆောက်နိုင်နေပြီလို့ အခုနှစ်ဆန်းပိုင်းက ကြွေးကြော်ခဲ့ဖူးပါတယ်။ အခုသီတင်းပတ် စမ်းသပ်မှုကတော့ အမျိုးအစားသစ် ဒုံးကျည်အတွက် ပထမဆုံး ဖြစ်လာပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ အရေးယူမှုတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ လက်နက် နည်းပညာ မြှင့်တင်မှုတွေကို တခြား ဘယ်နိုင်ငံကမှ ဟန့်တားပိုင်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂ ညီလာခံမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်က မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook