Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြေးလျမှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်တယ်ထင်ပြီး အထိတ်တလန့်ဖြစ်

ဒူးရင်းသီးဟာ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အတော်လေး လူကြိုက်လည်းများ၊ လူမုန်းလည်းများတဲ့ အစားအစာ တစ်မျိုးပါ။ ကြိုက်တဲ့သူတွေက ဒီအသီးရဲ့ အနံ့အရသာကို အရမ်းသဘောကျပြီး မကြိုက်တဲ့ သူတွေကလည်း အနံ့မခံနိုင်ကြပါဘူး။

ဩစတြေးလျ နိုင်ငံမှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်မှုလို့ အထင်မှားပြီး မီးသတ်တပ်ဖွဲ့တွေ အလုပ်ရှုပ်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ကင်ဘာရာမြို့၊ မီးသတ်တပ်ဖွဲ့ဟာ ထူးထူးဆန်းဆန်း အနံ့တွေ ထွက်ပေါ်နေတယ်ဆိုတဲ့ တိုင်ကြားမှု တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်နိုင်တယ်လို့ ယူဆပြီး မီးသတ် တပ်ဖွဲ့နဲ့ တခြား ပညာရှင်တွေက အနံ့ထွက်ပေါ်ရာ စတိုးဆိုင်ကို အရေးပေါ် သွားရောက်ခဲ့ကြပါတယ်။

ပြီးတော့ အနီးတဝိုက်မှာ နေထိုင်သူတွေကိုလည်း ချက်ချင်း ရွှေ့ပြောင်းစေပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းထားလိုက်ပါတယ်။ နောက်တော့ Dickson စတိုးဆိုင်ထဲကို ဓာတ်ငွေ့ကာ ဝတ်စုံတွေ ဝတ်ပြီး သတိကြီးကြီးနဲ့ ဝင်ရောက် စစ်ဆေးတဲ့အခါ လက်သည်က ဆူးတွေ ဖုံးအုပ်နေတဲ့ အပူပိုင်းဇုန် သစ်သီးတစ်လုံးဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတော့တယ်။

ဓာတ်ငွေ့ ယိုစိမ့်တာ မဟုတ်ဘဲ ဒူးရင်းသီး အနံ့သာဖြစ်ကြောင်း၊ ဒီအသီးရဲ့ အနံ့က အရမ်းပြင်းပြီး အတော် ဝေးဝေးလံလံ ပျံ့နှံ့နိုင်ကြောင်း ကင်ဘာရာ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်ယူနစ်က ထုတ်ပြန်ပါတယ်။ မီးသတ်ဌာနက ဒူးရင်းသီး ပိုင်ရှင်ကို ရှာဖွေပြီး နောက်ဆို အနံ့မထွက်အောင် သေသေချာချာ ထုပ်ပိုးဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒူးရင်းသီးဟာ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အတော်လေး လူကြိုက်လည်းများ၊ လူမုန်းလည်းများတဲ့ အစားအစာ တစ်မျိုးပါ။ ကြိုက်တဲ့သူတွေက ဒီအသီးရဲ့ အနံ့အရသာကို အရမ်းသဘောကျပြီး မကြိုက်တဲ့ သူတွေကလည်း အနံ့မခံနိုင်ကြပါဘူး။

အရင်ကလည်း အနောက်နိုင်ငံ တချို့မှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်တယ်ထင်ပြီး အထိတ်တလန့် ဖြစ်ကြတဲ့ သတင်းတွေ ကြားသိခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဓာတ်ငွေ့ဘောလုံးရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ တသမတ်တည်း ရှိနေခဲ့ပြီး အရပ်ဖက် လေကြောင်း သွားလာမှုတွေကိုလည်း အဟန့်အတား ကြုံစေတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။