Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်တယ်ထင်ပြီး အထိတ်တလန့်ဖြစ်

ဒူးရင်းသီးဟာ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အတော်လေး လူကြိုက်လည်းများ၊ လူမုန်းလည်းများတဲ့ အစားအစာ တစ်မျိုးပါ။ ကြိုက်တဲ့သူတွေက ဒီအသီးရဲ့ အနံ့အရသာကို အရမ်းသဘောကျပြီး မကြိုက်တဲ့ သူတွေကလည်း အနံ့မခံနိုင်ကြပါဘူး။

ဩစတြေးလျ နိုင်ငံမှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်မှုလို့ အထင်မှားပြီး မီးသတ်တပ်ဖွဲ့တွေ အလုပ်ရှုပ်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ကင်ဘာရာမြို့၊ မီးသတ်တပ်ဖွဲ့ဟာ ထူးထူးဆန်းဆန်း အနံ့တွေ ထွက်ပေါ်နေတယ်ဆိုတဲ့ တိုင်ကြားမှု တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်နိုင်တယ်လို့ ယူဆပြီး မီးသတ် တပ်ဖွဲ့နဲ့ တခြား ပညာရှင်တွေက အနံ့ထွက်ပေါ်ရာ စတိုးဆိုင်ကို အရေးပေါ် သွားရောက်ခဲ့ကြပါတယ်။

ပြီးတော့ အနီးတဝိုက်မှာ နေထိုင်သူတွေကိုလည်း ချက်ချင်း ရွှေ့ပြောင်းစေပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းထားလိုက်ပါတယ်။ နောက်တော့ Dickson စတိုးဆိုင်ထဲကို ဓာတ်ငွေ့ကာ ဝတ်စုံတွေ ဝတ်ပြီး သတိကြီးကြီးနဲ့ ဝင်ရောက် စစ်ဆေးတဲ့အခါ လက်သည်က ဆူးတွေ ဖုံးအုပ်နေတဲ့ အပူပိုင်းဇုန် သစ်သီးတစ်လုံးဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတော့တယ်။

ဓာတ်ငွေ့ ယိုစိမ့်တာ မဟုတ်ဘဲ ဒူးရင်းသီး အနံ့သာဖြစ်ကြောင်း၊ ဒီအသီးရဲ့ အနံ့က အရမ်းပြင်းပြီး အတော် ဝေးဝေးလံလံ ပျံ့နှံ့နိုင်ကြောင်း ကင်ဘာရာ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်ယူနစ်က ထုတ်ပြန်ပါတယ်။ မီးသတ်ဌာနက ဒူးရင်းသီး ပိုင်ရှင်ကို ရှာဖွေပြီး နောက်ဆို အနံ့မထွက်အောင် သေသေချာချာ ထုပ်ပိုးဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒူးရင်းသီးဟာ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အတော်လေး လူကြိုက်လည်းများ၊ လူမုန်းလည်းများတဲ့ အစားအစာ တစ်မျိုးပါ။ ကြိုက်တဲ့သူတွေက ဒီအသီးရဲ့ အနံ့အရသာကို အရမ်းသဘောကျပြီး မကြိုက်တဲ့ သူတွေကလည်း အနံ့မခံနိုင်ကြပါဘူး။

အရင်ကလည်း အနောက်နိုင်ငံ တချို့မှာ ဒူးရင်းသီးနံ့ကို ဓာတ်ငွေ့ ယိုစိမ့်တယ်ထင်ပြီး အထိတ်တလန့် ဖြစ်ကြတဲ့ သတင်းတွေ ကြားသိခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအပြီး ဩစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ မိကျောင်းအန္တရာယ် သတိထားကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။