Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

တောင်ကိုရီးယား စစ်တပ်က မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှု သတင်းကို အတည်ပြုခဲ့ပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဆိုးလ်မြို့မှာ စုဝေးပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။

ဂျပန်ကမ်းလွန် ရေပြင်ကို မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှု သတင်းကို အတည်ပြုခဲ့ပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဆိုးလ်မြို့မှာ စုဝေးပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယား စစ်တပ်ဟာ ခရုစ်ဒုံးကျည်နဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို ဆက်တိုက် စမ်းသပ်ပြခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေထဲမှာ ဟိုက်ပါဆောနစ် လက်နက်တွေ၊ တာဝေးပစ် လက်နက်တွေ၊ လေယာဉ်ပစ် လက်နက်သစ်တွေ အမျိုးမျိုး ပါဝင်တယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ကမ်းလွန် ရေပြင်ကို ကျရောက်သွားပြီး ဒုံးကျည်အမျိုးအစားကို တောင်ကိုရီးယားက ဆန်းစစ်ဖို့ ကြိုးစားနေဆဲပါ။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ဒုံးကျည်လက်နက် နည်းပညာတွေ စမ်းသပ်နေတာကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း တောင်ကိုရီးယားက ရေငုပ်သင်္ဘောအခြေစိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစ်မျိုးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ အမေရိကန်မှာ ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့နောက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ လိုလားကြောင်း လမ်းဖွင့်ထားပေမယ့် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းပေးရေး အမေရိကန်ဖက်က တောင်းဆိုထားမှုအပေါ် မြောက်ကိုရီးယားက ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။