Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

တောင်ကိုရီးယား စစ်တပ်က မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှု သတင်းကို အတည်ပြုခဲ့ပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဆိုးလ်မြို့မှာ စုဝေးပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။

ဂျပန်ကမ်းလွန် ရေပြင်ကို မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှု သတင်းကို အတည်ပြုခဲ့ပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဆိုးလ်မြို့မှာ စုဝေးပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ်ပြလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယား စစ်တပ်ဟာ ခရုစ်ဒုံးကျည်နဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို ဆက်တိုက် စမ်းသပ်ပြခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေထဲမှာ ဟိုက်ပါဆောနစ် လက်နက်တွေ၊ တာဝေးပစ် လက်နက်တွေ၊ လေယာဉ်ပစ် လက်နက်သစ်တွေ အမျိုးမျိုး ပါဝင်တယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ကမ်းလွန် ရေပြင်ကို ကျရောက်သွားပြီး ဒုံးကျည်အမျိုးအစားကို တောင်ကိုရီးယားက ဆန်းစစ်ဖို့ ကြိုးစားနေဆဲပါ။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ဒုံးကျည်လက်နက် နည်းပညာတွေ စမ်းသပ်နေတာကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း တောင်ကိုရီးယားက ရေငုပ်သင်္ဘောအခြေစိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစ်မျိုးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ အမေရိကန်မှာ ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့နောက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ လိုလားကြောင်း လမ်းဖွင့်ထားပေမယ့် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းပေးရေး အမေရိကန်ဖက်က တောင်းဆိုထားမှုအပေါ် မြောက်ကိုရီးယားက ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။