Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စေ့စပ် ညှိနှိုင်းဖို့ မြန်မာစစ်တပ်ကို ဖိအားပေးသွားမယ်လို့ အာဆီယံ သဘာပတိသစ် ကမ္ဘောဒီးယား ကတိပေး

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် သဘောထား ကွဲလွဲနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို တောင်းဆိုမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ဆော့ခွန်းက ဆိုပါတယ်။

စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းပေါ် ပြန်သွားဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဆက်လက် ဖိအားပေးသွားမယ်လို့ အာဆီယံ အလှည့်ကျ သဘာပတိ ဖြစ်လာမယ့် ကမ္ဘောဒီးယား နိုင်ငံက ကတိပေးသွားခဲ့ပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် သဘောထား ကွဲလွဲနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို တောင်းဆိုမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ဆော့ခွန်းက ဆိုပါတယ်။

စေ့စပ်ဆွေးနွေးရေးကို ဦးတည်တဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို အာဆီယံက တောင်းဆိုထားပေမယ့် အာဏာသိမ်း မြန်မာစစ်တပ်က မျက်ကွယ် ပြုခဲ့တာကြောင့် အာဆီယံက ပြီးခဲ့တဲ့ ထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ မပါဝင်ခဲ့ပေမယ့် မြန်မာဟာ အဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်ရှိနေမယ်လို့ အာဆီယံက ကြေညာပါတယ်။

ကမ္ဘာဒီးယား အနေနဲ့ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူမယ့် နောက်နှစ်ဆန်းပိုင်းမှာ မြန်မာကို အထူးကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ ဆော့ခွန်းက ပြောပါတယ်။ ပြီးတော့ မြန်မာဟာ အလုံးစုံ ပြည်တွင်းစစ်ကြီး စတင်ဖို့ အတော်လေး နီးကပ်လာနေပြီလို့လည်း သူက သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ကို မကြာခင် အလှည့်ကျ သဘာပတိ နေရာက ဆင်းပေးတော့မယ့် ဘရူနိုင်း နိုင်ငံက ခန့်အပ်ထားတာပါ။ အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ မူဝါဒကို ဆက်လက် လေးစား လိုက်နာမှာဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အထူးတလည် စိုးရိမ်စရာ ဖြစ်လာနေတာကို သတိပြုသင့်ကြောင်း ဆော့ခွန်းက ပြောပါတယ်။

မြန်မာ့အရေးဟာ အာဆီယံ ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိစေကြောင်း၊ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာအတွက်ရော၊ ညီအစ်ကို မောင်နှမ မြန်မာ ပြည်သူတွေ အတွက်ပါ နစ်နာစေကြောင်းလည်း သူက ဆိုပါတယ်။ အာဆီယံဟာ အခု သီတင်းပတ် ထိပ်သီး ညီလာခံမှာ မင်းအောင်လှိုင်ကို ဖယ်ထုတ်လိုက်ခြင်းက အာဏာသိမ်း စစ်တပ်အတွက် အကြီးအကျယ် အရှက်ကွဲ၊ အထိနာစေခဲ့ပါတယ်။ အာဆီယံ ညီလာခံကို အွန်လိုင်းကနေ ချိတ်ဆက် တက်ရောက်လာတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း မြန်မာ့အရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ဖိအားပေး တောင်းဆိုသွားခဲ့ပါတယ်။

ဆော့ခွန်းက မင်းအောင်လှိုင်ကို ဖယ်ထုတ်ခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပေမယ့် ကိစ္စတိုင်းကို တစ်သမတ်တည်း ပုံသေ တွက်ထားလို့တော့ မရဘူးလို့ သတိပေးခဲ့ပါတယ်။ အပြောင်းအလဲတွေ ရှိလာနိုင်ကြောင်း၊ ဒါပေမဲ့ အရာရာက မြန်မာနိုင်ငံ အပေါ်မှာပဲ အဓိက မူတည်နေကြောင်း သူက ပြောပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေကို ခေါင်းမာမာနဲ့ ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောမှာ စွဲချက် တချို့အတွက် တရားရင်ဆိုင်နေရပြီး သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

လာမယ့်လမှာ တရုတ်-အာဆီယံ ညီလာခံ ရှိနေပြီး အဲဒီမှာလည်း မင်းအောင်လှိုင်ကို ဖယ်ရှားထားမလား ဆိုတာဟာ အာဆီယံအတွက် ခက်ခဲတဲ့ စိန်ခေါ် မေးခွန်းထုတ်မှု ဖြစ်လာမယ်လို့ သံတမန် အသိုက်အဝန်းက ပြောပါတယ်။ တရုတ်-အာဆီယံ ညီလာခံကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွယ် ရှိနေပါတယ်။

စင်ကာပူ အမျိုးသား တက္ကသိုလ်ရဲ့ နိုင်ငံရေး အကြီးတန်း သုတေသီ အီဗန် လက်ခ်စ်မာနာကတော့ အာဆီယံဟာ မြန်မာ့အရေး ကြားဝင် ဖြေရှင်းမှုတွေမှာ လပေါင်း အတော်ကြာတဲ့ထိ တိုးတက်မှု သိပ်မရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယားကတော့ အလှည့်ကျ သဘာပတိ တာဝန်ယူချိန်မှာ ပိုပြီး ရှေ့တိုးဆောင်ရွက်မယ့် လက္ခဏာမျိုး ပြသလာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာ စစ်ဗိုလ်ချုပ်တွေ အကြီးအကျယ် ဖိအားဝင်နေပြီး ဒီကိစ္စ အရှိန်အဟုန် လျော့မသွားခင် အာဆီယံက သွေးအေးမခံဘဲ ထိထိရောက်ရောက် လုပ်ဆောင်သင့်ကြောင်း လက်ခ်စ်မာနာက အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။