Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လက်ထပ်လိုက်ပြီဖြစ်တဲ့ မာလာလာ

ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ မာလာလာက အစ္စလာမ်မစ် ထုံးတမ်းတွေနဲ့အညီ သတို့သား အစ်ဆာမာလစ်ခ်နဲ့ လက်ထပ်ခဲ့တာပါ။ ဒါဟာ သူ့ဘဝမှာ အဖိုးအတန်ဆုံး နေ့တစ်နေ့ ဖြစ်ခဲ့တယ်လို့ အသက် ၂၄ နှစ်အရွယ် မာလာလာက ဆိုပါတယ်။

ပါကစ္စတန် နိုင်ငံက အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မာလာလာ ယူဆွတ်ဖ်ဇိုင်ဟာ သူ့ရဲ့ လက်တွဲဖော်နဲ့ လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ မာလာလာက အစ္စလာမ်မစ် ထုံးတမ်းတွေနဲ့အညီ သတို့သား အစ်ဆာမာလစ်ခ်နဲ့ လက်ထပ်ခဲ့တာပါ။ ဒါဟာ သူ့ဘဝမှာ အဖိုးအတန်ဆုံး နေ့တစ်နေ့ ဖြစ်ခဲ့တယ်လို့ အသက် ၂၄ နှစ်အရွယ် မာလာလာက ဆိုပါတယ်။

မာလာလာဟာ ၂၀၁၂ ခုနှစ်မှာ တာလီဘန် စစ်သွေးကြွ တစ်ဦးရဲ့ လုပ်ကြံမှုကြောင့် ဦးခေါင်းမှာ အပြင်းအထန် ဒဏ်ရာ ရခဲ့ပြီး ကတည်းက ဗြိတိန်နိုင်ငံကို ရောက်ရှိနေခဲ့တာပါ။ ဗြိတိန်မှာ အသက်လု ကုသမှုတွေ ခံယူပြီးတဲ့နောက် မာလာလာဟာ ဥရောပမှာပဲ မိသားစုနဲ့အတူ အခြေချနေခဲ့ပါတယ်။

မာလာလာဟာ ဇာတိ အာဖဂန် နိုင်ငံမှာ အမျိုးသမီးတွေ ပညာသင်ခွင့်အတွက် တက်တက်ကြွကြွ လှုပ်ရှား တောင်းဆိုခဲ့တာကြောင့် တာလီဘန်တွေရဲ့ အငြှိုးထားမှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ သူဟာ အသက်အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အနေနဲ့ မှတ်တမ်းဝင်ပြီး ကမ္ဘာကျော်တစ်ဦး ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

သူနဲ့ အက်ဆာတို့ဟာ ဘဝတစ်သက်တာ လက်တွဲကြမယ့် သူတွေအဖြစ် ထိမ်းမြားလိုက်ပြီလို့ မာလာလာက Twitterမှာ ရေးသားခဲ့ပါတယ်။ မိသားစုတွေနဲ့အတူ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေး တစ်ခု ကျင်းပခဲ့ကြောင်းလည်း ဓာတ်ပုံတစ်ပုံကို သူက မျှဝေခဲ့ပါသေးတယ်။ နှစ်ယောက်အတူ ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် သူရော၊ အက်ဆာပါ စိတ်လှုပ်ရှားနေကြတယ်လို့လည်း မာလာလာက ဆိုပါတယ်။

မာလာလာဟာ အရင်တုန်းကတော့ လက်ထပ် ထိမ်းမြားမှုကို အယုံအကြည် မရှိတဲ့ သဘောမျိုး ပြောခဲ့ဖူးပါတယ်။ ဇူလိုင်လတုန်းက Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူက ဘဝအတွက် ယုံကြည်ရတဲ့ လက်တွဲဖော်တစ်ယောက် ရှိနေတာ သေချာပြီဆိုရင် ဘာကြောင့် စာချုပ်တွေပေါ်မှာ လက်မှတ်ထိုးနေမလဲလို့ သူက မေးခွန်းထုတ်ခဲ့ပြီး လက်ထပ်တဲ့ သူတွေကို နားမလည်ဘူးလို့ မာလာလာက ဆိုပါတယ်။ ၄ လ အကြာမှာတော့ သူက အက်ဆာနဲ့ လက်ထပ်လိုက်တာပါ။

မာလာလာနဲ့ အက်ဆာတို့ရဲ့ လက်ထပ်ပွဲဟာ အစ္စလာမ်ရိုးရာ ပုံစံမျိုးဖြစ်ပြီး သီးခြား မင်္ဂလာပွဲကိုတော့ ဧည့်ပရိသတ် အနည်းငယ်နဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မာလာလာက အဲဒီ မင်္ဂလာပွဲနဲ့ ပတ်သက်လို့တော့ အသေးစိတ် အချက်အလက်တွေ ထုတ်မပြောခဲ့ပါဘူး။

မာလာလာဟာ တာလီဘန်တွေရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကို ကြုံခဲ့ချိန်က အသက် ၁၅ နှစ်သာ ရှိပါသေးတယ်။ သူဟာ အဲဒီအရွယ် ကတည်းက အမျိုးသမီးတွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်အတွက် တက်တက်ကြွကြွ လှုံ့ဆော် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။