Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဖဂန် မိန်းကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးရေး မာလာလာ တောင်းဆို

အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။

တာလီဘန်တွေ အုပ်စိုးနေချိန်မှာ အာဖဂန် နစ္စတန် မိန်းကလေးတွေရဲ့ ပညာသင်ခွင့် မဆုံးရှုံးရေးအတွက် အလေးအနက် အာမခံချက်ရှိဖို့ လိုအပ်ကြောင်း မာလာလာ ယူဆွတ်ဖ်ဇိုင်က တောင်းဆိုလိုက်ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာလာလာဟာ အာဖဂန်မှာ မိန်းကလေးတွေ လွတ်လပ်စွာ ပညာသင်ခွင့်ရရေး တက်ကြွ တောင်းဆိုခဲ့ရာက တာလီဘန် စစ်သွေးကြွတွေရဲ့ အညှိုးထား လုပ်ကြံမှုကို ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ခေါင်းမှာ သေနတ်ဒဏ်ရာ ရခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်လာခဲ့တာပါ။ အခုတော့ တာလီဘန်တွေဟာ အာဖဂန် တစ်နိုင်လုံး နီးပါးကို ထိန်းချုပ်လိုက်ပြီး အစိုးရ ဖွဲ့စည်းလိုက်ပါပြီ။

အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။

မာလာလာက အာဖဂန်ရဲ့ အနာဂတ် တည်ငြိမ် အေးချမ်းရေးမှာ အမျိုးသမီးတွေ ပညာတတ်မြောက်ခြင်းက အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေး တစ်ခုမှာ ထည့်သွင်း ဆွေးနွေးသွားပါတယ်။ ပညာတတ် အမျိုးသမီးတွေ မပါဝင်တဲ့ အာဖဂန် လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ အနေနဲ့လည်း အာဖဂန် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက် ကူညီ စောင့်ကြည့်ပေးဖို့ မာလာလာက တိုက်တွန်းခဲ့ပြီး ကြေညာချက်တွေ ထုတ်နေရုံနဲ့ လုံလောက်မှာ မဟုတ်ဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ အာဖဂန်မှာ အလယ်တန်းကျောင်းတွေ စပိတ်နေပြီး ဆရာမတွေလည်း အလုပ်ပြုတ်သွားတဲ့အတွက် ကျောင်းမသွားရတော့ဘူးလို့ မာလာလာက ဆိုပါတယ်။ အာဖဂန်ရဲ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးရတဲ့ ကလေးငယ်တွေရဲ့ ပညာရေး ကဏ္ဍကိုလည်း သက်ဆိုင်ရာ နိုင်ငံ အသီးသီးက ကူညီပေးကြဖို့ မာလာလာက တောင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ - ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

နိုင်ငံတကာ

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက်...

နိုင်ငံတကာ

အီရန်အစိုးရ မီဒီယာတွေကတော့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။