Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် မိန်းကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးရေး မာလာလာ တောင်းဆို

အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။

တာလီဘန်တွေ အုပ်စိုးနေချိန်မှာ အာဖဂန် နစ္စတန် မိန်းကလေးတွေရဲ့ ပညာသင်ခွင့် မဆုံးရှုံးရေးအတွက် အလေးအနက် အာမခံချက်ရှိဖို့ လိုအပ်ကြောင်း မာလာလာ ယူဆွတ်ဖ်ဇိုင်က တောင်းဆိုလိုက်ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာလာလာဟာ အာဖဂန်မှာ မိန်းကလေးတွေ လွတ်လပ်စွာ ပညာသင်ခွင့်ရရေး တက်ကြွ တောင်းဆိုခဲ့ရာက တာလီဘန် စစ်သွေးကြွတွေရဲ့ အညှိုးထား လုပ်ကြံမှုကို ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ခေါင်းမှာ သေနတ်ဒဏ်ရာ ရခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်လာခဲ့တာပါ။ အခုတော့ တာလီဘန်တွေဟာ အာဖဂန် တစ်နိုင်လုံး နီးပါးကို ထိန်းချုပ်လိုက်ပြီး အစိုးရ ဖွဲ့စည်းလိုက်ပါပြီ။

အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။

မာလာလာက အာဖဂန်ရဲ့ အနာဂတ် တည်ငြိမ် အေးချမ်းရေးမှာ အမျိုးသမီးတွေ ပညာတတ်မြောက်ခြင်းက အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေး တစ်ခုမှာ ထည့်သွင်း ဆွေးနွေးသွားပါတယ်။ ပညာတတ် အမျိုးသမီးတွေ မပါဝင်တဲ့ အာဖဂန် လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ အနေနဲ့လည်း အာဖဂန် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက် ကူညီ စောင့်ကြည့်ပေးဖို့ မာလာလာက တိုက်တွန်းခဲ့ပြီး ကြေညာချက်တွေ ထုတ်နေရုံနဲ့ လုံလောက်မှာ မဟုတ်ဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ အာဖဂန်မှာ အလယ်တန်းကျောင်းတွေ စပိတ်နေပြီး ဆရာမတွေလည်း အလုပ်ပြုတ်သွားတဲ့အတွက် ကျောင်းမသွားရတော့ဘူးလို့ မာလာလာက ဆိုပါတယ်။ အာဖဂန်ရဲ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးရတဲ့ ကလေးငယ်တွေရဲ့ ပညာရေး ကဏ္ဍကိုလည်း သက်ဆိုင်ရာ နိုင်ငံ အသီးသီးက ကူညီပေးကြဖို့ မာလာလာက တောင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင်‌ ဧပြီ ၁ ရက် နေ့လည်က လှည်းတန်းလူကူးခုံးတံတားပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျခဲ့ကြောင်း မျက်မြင်‌တွေ့ခဲ့သူများက ပြောသည်။

နိုင်ငံတကာ

ဇူလိုင် ၂ ရက်နေ့ အစည်းအဝေး အစီအစဉ်မှာ ကုလသမဂ္ဂ အရာရှိတွေဟာ အာဖဂန် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ သီးခြားတွေ့ဆုံမှုတွေတော့ ရှိခဲ့ပါတယ်။

Trending

Facebook