Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံး

ဂျပန် နိုင်ငံမှာ မအဆောက်အအုံတစ်ခု မီးလောင်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးဖွယ် ရှိနေကြောင်း သိရပါတယ်။

NHK သတင်းဌာနက အိုဆာကာ မြို့လယ်မှာရှိတဲ့ အဆောက်အအုံ မီးလောင်မှုကြောင့် အသက်ရှူ မွန်းကျပ် သေဆုံးသူတွေ ၂၇ ဦးထက်မနည်း ရှိနိုင်ကြောင်း ဖော်ပြသွားပါတယ်။ အာဏာပိုင်တွေက တရားဝင် ကြေညာချက် မထုတ်ပြန်သေးခင် ကနဦး ရရှိတဲ့ သတင်းတွေကို ကိုးကားပြီး အသေအပျောက် ပမာဏကို ကြေညာတာလို့ NHKက ဆိုပါတယ်။

အထပ်မြင့် အဆောက်အအုံ တစ်ခုရဲ့ ၄ ထပ်မှာ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေပြီး မီးသတ် အဖွဲ့ဝင် ဒါဇင်ပေါင်း အတော်များများက မီးကို ထိန်းချုပ်ဖို့ ကြိုးစားနေပုံကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အခုအခါမှာ မီးကို ငြှိမ်းသတ် လိုက်နိုင်ပြီ ဖြစ်ပြီး ပိတ်မိ သေဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက လိုက်ရှာနေပါတယ်။

မီးသတ်တပ်ဖွဲ့က အဆောက်အအုံမှာ ရှိနေသူ တချို့ကို မီးသတ် လှေကားတွေ အသုံးပြုပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် အဆောက်အအုံရဲ့ တခြား အထပ်တွေမှာ ကြီးကြီးမားမား ထိခိုက် ပျက်စီးတာမျိုးတော့ မကြားရပါဘူး။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဂျပန်က အဆောက်အအုံတွေမှာ မီးဘေး ကာကွယ်ရေး အစီအမံတွေ ကောင်းကောင်း ထားရှိပြီး အခုလို လူအများအပြား သေဆုံးတာမျိုးက ဖြစ်တောင့် ဖြစ်ခဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက ကျိုတိုမြို့မှာ လူတစ်ဦးက ရုပ်ရှင် စတူဒီယို တစ်ခုကို ရည်ရွယ်ချက်ရှိရှိ မီးတင်ရှို့ခဲ့တာကြောင့် လူ ၃၆ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်မှာ မီးလောင်မှုကြောင့် အရေအတွက် အများဆုံး သေဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook