Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Omicronဟာ Deltaလောက် ဖျက်ဆီးအား မပြင်းထန်ကြောင်း WHO အတည်ပြု၊ မပေါ့ဆဖို့ သတိပေး

Omicronဟာ အန္တရာယ်များတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဆိုတာ သဘောပေါက်ထားကြဖို့ လိုကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေး ထိုးမထားသူတွေမှာ ပိုပြီး ဒုက္ခပေးနိုင်ကြောင်း WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။

Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ Delta မျိုးကွဲနဲ့ ယှဉ်လိုက်ရင် ကိုဗစ်ရောဂါ လက္ခဏာတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်ခြေ ပိုနည်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့ Omicronဟာ ပေါ့ဆလို့ မရတဲ့ အဖျက်ဗိုင်းရပ်စ်အဖြစ် ရှိနေတုန်းပဲလို့တော့ WHOက သတိပေးခဲ့ပါတယ်။

Omicronဟာ အန္တရာယ်များတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဆိုတာ သဘောပေါက်ထားကြဖို့ လိုကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေး ထိုးမထားသူတွေမှာ ပိုပြီး ဒုက္ခပေးနိုင်ကြောင်း WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာတလွှားမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ ၁၅ သန်းလောက်ထိ စံချိန်တင် တိုးပွားလာခဲ့ပြီး ကူးစက်လူနာသစ် အများစုဟာ Omicronကြောင့် ရောဂါ စွဲကပ်ခဲ့တာပါ။ ကူးစက်နှုန်းက ကြောက်ခမန်းလိလိ မြင့်တက်လာနေပေမယ့် အသေအပျောက် အချိုးအစားကတော့ ထိုးတက်မလာဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံ တချို့မှာ ဆေးရုံတက်ရတဲ့ လူနာ ဦးရေဟာ အရင် ကပ်ရောဂါ လှိုင်းတွေနဲ့တောင် မတူဘဲ ရုတ်တရက် မြင့်တက်လာနေကြောင်း၊ ပြီးတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လေ့လာကြည့်ရင် ရောဂါလက္ခဏာ ပြင်းထန်လို့ ဆေးရုံရောက်လာသူ အများစုဟာ ကာကွယ်ဆေး ထိုးမထားသူတွေ ဖြစ်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Omicronရဲ့ ကူးစက်နှုန်း အရမ်းမြန်ပေမယ့် သေပျောက်နှုန်း တက်မလာတာကတော့ Omicronက Deltaလောက် ရောဂါ ပြင်းထန်နိုင်ခြေ မများလို့၊ ဒါမှမဟုတ် အရင်ကထက်စရာ ကာကွယ်ဆေး ထိုးထားသူ ဦးရေက အရမ်းများပြားလာလို့ ဖြစ်နိုင်ကြောင်း WHOရဲ့ အကြီးအကဲက သုံးသပ်ပါတယ်။ အခုဆိုရင် Omicronဟာ နိုင်ငံပေါင်း တော်တော်များများမှာ Deltaရဲ့ ကူးစက်မှု အများဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲရယူသွားပြီလို့လည်း သူက ပြောပါတယ်။

သေနှုန်းက ထိုးတက်မလာဘူး ဆိုပေမယ့်လည်း Omicronဟာ ပေါ့ဆလို့ရတဲ့ ဗိုင်းရပ်စ်မျိုးကွဲ မဟုတ်ကြောင်း၊ Deltaလောက် မပြင်းရင်တောင် အန္တရာယ် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ပိုစိုးရိမ်ရကြောင်း၊ လက်ရှိ အချိန်ထိ တစ်ပတ်ကို လူငါးသောင်းလောက် ကပ်ရောဂါနဲ့ သေဆုံးနေပြီး ဒီပမာဏက အရမ်း များပြားနေဆဲဖြစ်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က မှတ်ချက် ပေးသွားပါတယ်။

ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ Omicron ကူးစက်နှုန်း မြင့်တက်လာချိန်မှာ အာဖရိကတိုက်အတွက် အဓိက စိုးရိမ်နေမိကြောင်း ဝန်ခံပါတယ်။ အာဖရိကတိုက်မှာ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော်က ကာကွယ်ဆေး တစ်လုံးတောင် မထိုးရသေးပါဘူး။ လာမယ့် ရက်ပိုင်းမှာတော့ WHO ဦးဆောင် ပါဝင်နေတဲ့ COVAX စီမံကိန်းကနေတဆင့် အာဖရိကတိုက်ကို ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံလောက် ပို့ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။