Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်ရုပ်တုတွေကို စစ်တပ် ဖျက်ဆီး

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းတိုင်း ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲ ကျင်းပခဲ့စဥ်။ ဓာတ်ပုံ - အမ်တီ)

ဇူလိုင်-၁၇၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းက စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့က ဗိုလ်ချုပ်ရုပ်တုတွေကို စစ်တပ်က ဖျက်ဆီးယူဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့အဝင်က ဗိုလ်ချုပ်ရုပ်တုကို ဇူလိုင် ၁၅ရက် ညပိုင်းမှာ စစ်တပ်က တိတ်တဆိတ်ဖျက်ဆီးယူသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့အနောက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုလည်း ဇူလိုင် ၁၅ရက် ညပိုင်းမှာပဲ စစ်တပ်က လုံခြုံရေး အင်အားချ၊ မီးတွေ ပိတ်ကာ လာယူသွားတာလို့ သိရပါတယ်။

အလားတူပဲ စဉ့်ကူးမြို့က ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က လာရောက်ဖျက်ဆီးကာ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဉ့်ကူးလာဖျက်သွားတယ်ဆိုတာ ဟုတ်တယ်။ မနေ့ကပဲ သတင်းရတယ်။ မြို့ပေါ်က စကစအထိုင် ‌‌‌‌‌‌‌‌‌‌‌‌‌များတော့ ဘယ်သူမှ မ‌ပြောရဲကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အာဇာနည်နေ့မတိုင်ခင်မှာ မြို့တွေပေါ်က ဗိုလ်ချုပ်ရုပ်တုတွေကို ဆက်တိုက်ဖျက်ဆီးနေပြီး ခင်ဦးနဲ့ နွားထိုးကြီးမြို့က တော်လှန်ရေးတပ်တွေကတော့ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။