Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကြောင့် မင်္ဂလာပွဲ ဖျက်လိုက်ရတဲ့ နယူးဇီလန် ဝန်ကြီးချုပ်

နယူးဇီလန် အစိုးရဟာ ကိုဗစ် ကူးစက်မှုတွေနဲ့ ပတ်သက်ရင် အတော်ကြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေ ရှိပေမယ့် သေပျောက်နှုန်းကိုတော့ အနိမ့်ဆုံး အဆင့်မျိုးထိ လျှော့ချထားနိုင်ခဲ့ပါတယ်။

ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ပိုမိုတင်းကျပ်တဲ့ အစီအမံသစ်တွေကို ကြေညာရင်း နယူးဇီလန် ဝန်ကြီးချုပ်ဟာ ကိုယ့်မင်္ဂလာပွဲကိုပါ ဖျက်သိမ်းခဲ့ပါတယ်။

နယူးဇီလန်မှာ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် အစိုးရက ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ ကာကွယ်ဆေး ထိုးထားသူတွေသာ လူ ၁၀၀ ထက် မပိုတဲ့ စုဝေးခွင့်မျိုး ပြုထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေ၊ စျေးဝယ်စင်တာတွေမှာ မဖြစ်မနေ နှာခေါင်းစည်း ဝတ်ဆင်ရမယ် ဆိုတာမျိုးတွေ ပါဝင်နေပါတယ်။

နယူးဇီလန်ဟာ ကိုဗစ်ကို အအောင်မြင်ဆုံး ထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေထဲက တစ်ခု အနေနဲ့ ရပ်တည်ခဲ့ဖူးပါတယ်။ ဒါတောင်မှ ရောဂါ ကူးစက် ခံရသူ ၁၅၀၀၀ ကျော်ရှိပြီး ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က ရောဂါတားဆီးရေး အစီအမံသစ်တွေ တင်းကျပ်ကြောင်း ကြေညာပြီးတဲ့နောက် ကြိုတင် စီစဉ်ထားတဲ့ သူ့မင်္ဂလာပွဲကိုလည်း ဖျက်လိုက်ကြောင်း သတင်းထောက်တွေဆီ အတည်ပြု အသိပေးသွားပါတယ်။

အားဒန်ဟာ ရုပ်မြင်သံကြား အစီအစဉ်မှူး ကလာ့ခ်ဂေးဖို့ဒ်နဲ့ စေ့စပ်ထားပြီး သမီးလေးတစ်ဦး ဖွားမြင်ထားပါတယ်။ အားဒန်က စည်းမျဉ်းတွေနဲ့ ပတ်သက်ရင် အခွင့်ထူးခံပြီး သူလည်း ကင်းလွတ်လို့တော့ မရကြောင်း၊ သူ့ထက်ပိုပြီး ဒုက္ခရောက်နိုင်တဲ့ နယူးဇီလန်ပြည်သူ ထောင်သောင်းချီ များပြားနိုင်ကြောင်း၊ ပြီးတော့ ကိုယ်ချစ်တဲ့သူတွေ အပြင်းအထန် ဖျားနာလို့ အကြီးအကျယ် စိတ်ထိခိုက် ပူပင်နေရသူတွေနဲ့ ယှဉ်ရင် သူ့မင်္ဂလာပွဲ ဖျက်လိုက်တာက ဘာမှ မပြောပလောက်ကြောင်း အားဒန်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန်မှာ အသစ်ကြေညာလိုက်တဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေဟာ ဇန်နဝါရီ ၂၂ ရက် ညသန်းခေါင်မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ နယူးဇီလန် အစိုးရဟာ ကိုဗစ် ကူးစက်မှုတွေနဲ့ ပတ်သက်ရင် အတော်ကြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေ ရှိပေမယ့် သေပျောက်နှုန်းကိုတော့ အနိမ့်ဆုံး အဆင့်မျိုးထိ လျှော့ချထားနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။