Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ တွေ့ရှိတဲ့ NeoCov ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် စိုးရိမ်စရာ မရှိသေးဘူးလို့ဆို

ဝူဟန်မြို့က လင်းနို့တွေမှာ ကပ်ငြိနေပြီး အရင်က မှတ်တမ်း မတင်ဖူးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တရုတ် ဓာတ်ခွဲ သုတေသီတွေက အမှတ်မထင် တွေ့ရှိခဲ့တာပါ။ ဒီဗိုင်းရပ်စ်ကို NeoCovလို့ ယာယီ နာမည် ပေးထားခဲ့ပါတယ်။

တရုတ်နိုင်ငံက လင်းနို့တွေမှာ တွေ့ရှိတဲ့ ပြင်းထန် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် NeoCovနဲ့ ပတ်သက်လို့ အလွန်အကျွံ စိုးရိမ်စရာ မရှိသေးကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဝူဟန်မြို့က လင်းနို့တွေမှာ ကပ်ငြိနေပြီး အရင်က မှတ်တမ်း မတင်ဖူးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တရုတ် ဓာတ်ခွဲ သုတေသီတွေက အမှတ်မထင် တွေ့ရှိခဲ့တာပါ။ ဒီဗိုင်းရပ်စ်ကို NeoCovလို့ ယာယီ နာမည် ပေးထားခဲ့ပါတယ်။

NeoCovဟာ လောလောဆယ် အခြေအနေမှာ လူသားတွေကို ကူးစက်နိုင်တဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်က လက်ခံဆဲလ် ဖွဲ့စည်းပုံတွေအရ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း တစ်ခုအတိုင်း အတိအကျ ဖြစ်လာမယ်ဆိုရင် လူသားတွေကို ကူးစက်နိုင်တဲ့ အခြေအနေထိ ရောက်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ယူဆပါတယ်။

နောက်ပြီး NeoCovဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်နဲ့ တိုက်ရိုက် ဆက်စပ်မှုလည်း မရှိပါဘူး။ Sars-Cov-2က ဆားစ်ဗိုင်းရပ်စ် အနွယ်ဝင်ဖြစ်ပြီး NeoCovကတော့ ၂၀၁၂ လောက်တုန်းက အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မားစ်ဗိုင်းရပ်စ် မျိုးကွဲတစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မားစ်ရော၊ ဆားစ်ပါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အနွယ်ဝင်တွေပါ။ မားစ်က ရောဂါ ပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေ ပိုများပေမယ့် ဆားစ်လိုမျိုး လူအချင်းချင်း ပျံ့နှံ့ ကူးစက်မှု မမြန်ဆန်ပါဘူး။

တရုတ် ပညာရှင်တွေက ကံအကြောင်းမလှခဲ့ဘူးဆိုရင် အနာဂတ် တစ်ချိန်ချိန်မှာ NeoCovဟာ လင်းနို့တွေဆီကနေ လူသားတွေဆီ ရောက်ကောင်း ရောက်လာနိုင်တယ်လို့ ပြောပေမယ့် သေချာပေါက် ဖြစ်လာမယ် ဆိုတာမျိုး ဟောကိန်းထုတ်ဖို့တော့ စောလွန်းနေသေးတယ်လို့ ဆိုပါတယ်။ တရုတ် ပညာရှင်တွေဟာ တိရစ္ဆာန်ကနေတဆင့် ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်တွေကို လေ့လာရင်း NeoCovကို ဇန်နဝါရီလမှာ တွေ့ရှိခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ တရုတ်မှာ NeoCovတွေ့တဲ့ သတင်းကို ကြားသိထားပြီး ဒီဗိုင်းရပ်စ်က လူသားတွေအတွက် ဘေးအန္တရာယ် ကျရောက်နိုင်သလား ဆိုတာ သေချာအောင် နောက်ထပ် လေ့လာ ဆန်းစစ်မှုတွေ အများကြီး လိုအပ်နေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။