Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူး လက်ခံပြီး ၄ ရက်အကြာမှာ နုတ်ထွက်ခဲ့ရတဲ့ ပီရူး ဝန်ကြီးချုပ်

သမ္မတ ပက်ဒရို ကက်စ်တီလိုက ဗေလာရဲ့ နုတ်ထွက်စာကို လက်ခံ ရရှိပြီးတဲ့နောက် အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ အစိုးရသစ် ဖွဲ့စည်းတာ ၃ ရက် အကြာမှာပဲ ဒီပြဿနာနဲ့ ထပ်ကြုံခဲ့တာပါ။ ဗေလာကို ဝန်ကြီးချုပ်သစ် နေရာအတွက် လျာထားချိန် ကတည်းက သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အိမ်တွင်း အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပီရူး ဝန်ကြီးချုပ်ဟာ ရာထူးရပြီး ၄ ရက်အကြာမှာ နုတ်ထွက်လိုက်ရပါတယ်။

ဟက်တာ ဗေလာက သူဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ဗေလာက ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာ ၄ ရက်သာ ရှိပါသေးတယ်။ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ သမီးရယ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးရယ်ကို ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့နောက် အရှက်တကွဲ ဖြစ်ခဲ့ရတာပါ။

သမ္မတ ပက်ဒရို ကက်စ်တီလိုက ဗေလာရဲ့ နုတ်ထွက်စာကို လက်ခံ ရရှိပြီးတဲ့နောက် အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ အစိုးရသစ် ဖွဲ့စည်းတာ ၃ ရက် အကြာမှာပဲ ဒီပြဿနာနဲ့ ထပ်ကြုံခဲ့တာပါ။ ဗေလာကို ဝန်ကြီးချုပ်သစ် နေရာအတွက် လျာထားချိန် ကတည်းက သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗေလာက ရာထူးက နုတ်ထွက်ခဲ့ပေမယ့် သူဟာ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်သူအဖြစ် နိုင်ငံရေး ပြိုင်ဘက်တွေက မဟုတ်မမှန် ပုံဖျက် စွပ်စွဲမှုမျိုး ခံခဲ့ရတာသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ စွပ်စွဲမှုတိုင်းဟာ အခြေအမြစ် လုံးဝ မရှိကြောင်း၊ သူဟာ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ဖို့ ချွေးတွေ၊ သွေးတွေ ရင်းပြီး အားထုတ် ကြိုးပမ်းခဲ့ကြောင်း ဗေလာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗေလာဟာ ရာထူး လက်ခံပြီး နာရီပိုင်း အတွင်းမှာတင် ၂၀၁၆ တုန်းက ဇနီးနဲ့ သမီးကို ရိုက်နှက်ခဲ့လို့ ရဲတိုင်ခံရဖူးတယ် ဆိုတဲ့ သတင်းက တမဟုတ်ချင်း ပျံ့နှံ့လာတာပါ။ အသက် ၂၉ နှစ်အရွယ် သမီးဖြစ်သူရဲ့ ထွက်ချက်အရ ဗေလာဟာ သူ့ကို ပါးရိုက်၊ လက်သီးနဲ့ထိုးပြီး မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့ကြောင်း သိရပါတယ်။

ပီရူးရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရင် အစိုးရ တစ်ဖွဲ့လုံးပါ ပြန်လည် ဖွဲ့စည်းဖို့ လိုပါတယ်။ ဝန်ကြီးချုပ် အသစ်က သူ့စိတ်ကြိုက် အစိုးရသစ်ကို ရွေးချယ်ရမယ့် သဘောပါ။

ဗေလာ ဝန်ကြီးချုပ် ဖြစ်လာတဲ့နောက် ပီရူးမှာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဗေလာဟာ အစွန်းရောက် ရှေးရိုးစွဲ ဝါဒီ တစ်ဦးအဖြစ် လူသိများပြီး လိင်ပညာပေး အစီအစဉ်တွေကို လူသိရှင်ကြား ကန့်ကွက်ခဲ့သလို အရင်ကလည်း လိင်ခွဲခြား နှိမ့်ချတဲ့ မှတ်ချက်စကားတွေ ပြောဆိုခဲ့ဖူးကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။