Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်တွေအတွက် ကြိုတွေးထားကြဖို့ နယူးဇီလန် ဝန်ကြီးချုပ် သတိပေး

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး လွှတ်တော် မိန့်ခွန်းမှာ အားဒန်က အခုလို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။ မြို့တော် ဝယ်လင်တန်မှာ လူပေါင်း ရာနဲ့ချီ စုဝေးပြီး အစိုးရရဲ့ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီး အားဒန်က မိန့်ခွန်းမှာ ဒီအချက်ကို အလေးပေး ပြောဆိုသွားခဲ့တာပါ။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ အခုနှစ်ထဲမှာတင် ထပ်ပေါ်လာနိုင်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

လောလောဆယ်တော့ တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ Omicron မျိုးကွဲ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့မှု အားအကောင်းဆုံး မျိုးကွဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတဲ့ ကိုရိုနာဗိုင်းရပ်စ်က နောက်ထပ် မျိုးကွဲသစ်တွေ ထပ်ပေါ်လာနိုင်တာကို ကြိုတင် တွေးတော ပြင်ဆင်ထားရမယ်လို့ ဂျက်ဆင်ဒါ အားဒန်က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး လွှတ်တော် မိန့်ခွန်းမှာ အားဒန်က အခုလို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။ မြို့တော် ဝယ်လင်တန်မှာ လူပေါင်း ရာနဲ့ချီ စုဝေးပြီး အစိုးရရဲ့ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီး အားဒန်က မိန့်ခွန်းမှာ ဒီအချက်ကို အလေးပေး ပြောဆိုသွားခဲ့တာပါ။

ပြည်သူတွေ အနေနဲ့ Omicronဟာ နယူးဇီလန်မှာ ရင်ဆိုင်ရမယ့် နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်လို့ ယူဆ မထားစေချင်ကြောင်း၊ ဒီနှစ်ထဲမှာတင် နောက်ထပ် မျိုးကွဲသစ်တွေ ထပ်ရောက်ချင် ရောက်လာနိုင်ကြောင်း အားဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါက အဆုံးသတ် မသွားသေးကြောင်း၊ ဒါပေမဲ့ ရောဂါကို တွေးကြောက်ပြီး ရှေ့မတိုးရတော့ဘူးလို့ မဆိုလိုကြောင်း၊ ကပ်ရောဂါ ကုသမှု နည်းလမ်းတွေ တိုးတက်လာနေသလို နယူးဇီလန်မှာလည်း ကိုဗစ်ကို တုံ့ပြန် ကိုင်တွယ်မှုတွေ ပိုမို ကောင်းမွန်လာနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အားဒန်ရဲ့ အစိုးရ အဖွဲ့ဟာ နယူးဇီလန်မှာ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ပြီး ကိုင်တွယ်ခဲ့သလို တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ရင် သေပျောက်နှုန်း အရမ်းနည်းပါးခဲ့ပါတယ်။ လူဦးရေ ၅ သန်းလောက် ရှိတဲ့ နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၈၀၀၀ ဝန်းကျင် တွေ့ရှိခဲ့ပြီး ၅၃ ဦးသာ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း Quarantine ဝင်ရတာတွေ၊ အသွားအလာ ကန့်သတ် ခံရတာတွေ ခဏခဏ ဖြစ်နေတာကြောင့် အစိုးရရဲ့ မူဝါဒအပေါ် စိတ်ပျက်တာတွေလည်း ရှိလာပါတယ်။ အားဒန်ဟာ နယူးဇီလန်မှာ လူကြိုက် အများဆုံး နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာသေးခင်က ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတွေမှာတော့ ထောက်ခံမှု ကျဆင်းလာတာ တွေ့ရပါတယ်။ ပြည်သူတွေက သူ့ကို အမှတ်လျှော့ခဲ့တဲ့ အဓိက အချက်တွေကတော့ ကာကွယ်ဆေး ထိုးနှံမှု အစီအမံတွေ နှောင့်နှေးတာ၊ အသွားအလာ ကန့်သတ်မှု အစီအမံတွေ ဖယ်ရှားပေးဖို့ တွန့်ဆုတ်နေတာတွေကြောင့် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။