Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်တွေအတွက် ကြိုတွေးထားကြဖို့ နယူးဇီလန် ဝန်ကြီးချုပ် သတိပေး

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး လွှတ်တော် မိန့်ခွန်းမှာ အားဒန်က အခုလို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။ မြို့တော် ဝယ်လင်တန်မှာ လူပေါင်း ရာနဲ့ချီ စုဝေးပြီး အစိုးရရဲ့ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီး အားဒန်က မိန့်ခွန်းမှာ ဒီအချက်ကို အလေးပေး ပြောဆိုသွားခဲ့တာပါ။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ အခုနှစ်ထဲမှာတင် ထပ်ပေါ်လာနိုင်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

လောလောဆယ်တော့ တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ Omicron မျိုးကွဲ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့မှု အားအကောင်းဆုံး မျိုးကွဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတဲ့ ကိုရိုနာဗိုင်းရပ်စ်က နောက်ထပ် မျိုးကွဲသစ်တွေ ထပ်ပေါ်လာနိုင်တာကို ကြိုတင် တွေးတော ပြင်ဆင်ထားရမယ်လို့ ဂျက်ဆင်ဒါ အားဒန်က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး လွှတ်တော် မိန့်ခွန်းမှာ အားဒန်က အခုလို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။ မြို့တော် ဝယ်လင်တန်မှာ လူပေါင်း ရာနဲ့ချီ စုဝေးပြီး အစိုးရရဲ့ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီး အားဒန်က မိန့်ခွန်းမှာ ဒီအချက်ကို အလေးပေး ပြောဆိုသွားခဲ့တာပါ။

ပြည်သူတွေ အနေနဲ့ Omicronဟာ နယူးဇီလန်မှာ ရင်ဆိုင်ရမယ့် နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်လို့ ယူဆ မထားစေချင်ကြောင်း၊ ဒီနှစ်ထဲမှာတင် နောက်ထပ် မျိုးကွဲသစ်တွေ ထပ်ရောက်ချင် ရောက်လာနိုင်ကြောင်း အားဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါက အဆုံးသတ် မသွားသေးကြောင်း၊ ဒါပေမဲ့ ရောဂါကို တွေးကြောက်ပြီး ရှေ့မတိုးရတော့ဘူးလို့ မဆိုလိုကြောင်း၊ ကပ်ရောဂါ ကုသမှု နည်းလမ်းတွေ တိုးတက်လာနေသလို နယူးဇီလန်မှာလည်း ကိုဗစ်ကို တုံ့ပြန် ကိုင်တွယ်မှုတွေ ပိုမို ကောင်းမွန်လာနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အားဒန်ရဲ့ အစိုးရ အဖွဲ့ဟာ နယူးဇီလန်မှာ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ပြီး ကိုင်တွယ်ခဲ့သလို တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ရင် သေပျောက်နှုန်း အရမ်းနည်းပါးခဲ့ပါတယ်။ လူဦးရေ ၅ သန်းလောက် ရှိတဲ့ နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၈၀၀၀ ဝန်းကျင် တွေ့ရှိခဲ့ပြီး ၅၃ ဦးသာ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း Quarantine ဝင်ရတာတွေ၊ အသွားအလာ ကန့်သတ် ခံရတာတွေ ခဏခဏ ဖြစ်နေတာကြောင့် အစိုးရရဲ့ မူဝါဒအပေါ် စိတ်ပျက်တာတွေလည်း ရှိလာပါတယ်။ အားဒန်ဟာ နယူးဇီလန်မှာ လူကြိုက် အများဆုံး နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာသေးခင်က ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတွေမှာတော့ ထောက်ခံမှု ကျဆင်းလာတာ တွေ့ရပါတယ်။ ပြည်သူတွေက သူ့ကို အမှတ်လျှော့ခဲ့တဲ့ အဓိက အချက်တွေကတော့ ကာကွယ်ဆေး ထိုးနှံမှု အစီအမံတွေ နှောင့်နှေးတာ၊ အသွားအလာ ကန့်သတ်မှု အစီအမံတွေ ဖယ်ရှားပေးဖို့ တွန့်ဆုတ်နေတာတွေကြောင့် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။