Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာတလွှား ကိုဗစ်ရောဂါ ကူးစက်ခံရသူ သန်း ၄၀၀ ကျော်လွန်လာ

အမေရိကန်ကတော့ ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားမှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံ အနေနဲ့ ဆက်လက် ဦးဆောင်နေပါတယ်။ အမေရိကန်မှာ ကိုဗစ် လူနာ ၇၈.၅ သန်းကျော် အတည်ပြု တွေ့ရှိထားရာမှာ ၉ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း သန်း ၄၀၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

Reuters သတင်းဌာနက ကောက်ယူထားတဲ့ အချက်အလက်တွေကို စာရင်း ပြုစုလိုက်တဲ့အခါ ဖေဖော်ဝါရီ ၉ ရက်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ် လူနာ စုစုပေါင်း သန်း ၄၀၀ ကျော်လွန်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ နိုင်ငံအလိုက် ဆေးစစ်အဖြေ Positive ထွက်ပေါ်ခဲ့တဲ့ အရေအတွက်သာ ဖြစ်ပြီး လက်တွေ့မှာတော့ ကူးစက်ခံရသူ ဦးရေဟာ ဒီထက် အများကြီး ပိုနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကူးစက်မြန် Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာအနှံ့ ပျံ့နှံ့လာတဲ့နောက် ကိုဗစ်လူနာ အရေအတွက်ကလည်း ထိုးတက်လာခဲ့ပါတယ်။ အိုမီခရွန်ရဲ့ ဖိစီးမှုကြောင့် ကမ္ဘာ့နိုင်ငံ တချို့က ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေအတွက် အတော်လေး ဘေးကျပ်နံကျပ် ဖြစ်နေကြောင်းလည်း Reutersက ဆိုပါတယ်။

Omicronဟာ အခုအခါ တစ်ကမ္ဘာလုံးမှာ အလွှမ်းမိုးနိုင်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာပြီး တိုးလာသမျှ လူနာ အားလုံးနီးပါးဟာ Omicron ကူးစက် ခံရတာလို့လည်း သိရပါတယ်။ အဆိုးထဲက အားတက်စရာ သတင်းတစ်ခုကတော့ Omicronဟာ ကူးစက်နှုန်း အရမ်းမြန်ပေမယ့် အရင်မျိုးစိတ်ဟောင်း ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်လိုက်ရင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ခြေက သိသိသာသာ လျော့သွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Reutersရဲ့ ဖော်ပြချက်အရ ကမ္ဘာတလွှားမှာ ကိုဗစ်လူနာ သန်း ၃၀၀ ပြည့်ရာကနေ သန်း ၄၀၀ ပြည့်ထိ ရောက်ဖို့ တစ်လကျော်လောက်သာ အချိန်ကြာခဲ့ကြောင်းလည်း သိရပါတယ်။ အဲဒီ မတိုင်ခင် ကိုဗစ်လူနာ သန်း ၂၀၀ ကနေ သန်း ၃၀၀ ပြည့်ဖို့ ၅ လ ကြာမြင့်ခဲ့ပါတယ်။ အခုဆိုရင် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၆ သန်း ကျော်လွန်လာပါပြီ။

အမေရိကန်ကတော့ ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားမှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံ အနေနဲ့ ဆက်လက် ဦးဆောင်နေပါတယ်။ အမေရိကန်မှာ ကိုဗစ် လူနာ ၇၈.၅ သန်းကျော် အတည်ပြု တွေ့ရှိထားရာမှာ ၉ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။