Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာတလွှား ကိုဗစ်ရောဂါ ကူးစက်ခံရသူ သန်း ၄၀၀ ကျော်လွန်လာ

အမေရိကန်ကတော့ ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားမှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံ အနေနဲ့ ဆက်လက် ဦးဆောင်နေပါတယ်။ အမေရိကန်မှာ ကိုဗစ် လူနာ ၇၈.၅ သန်းကျော် အတည်ပြု တွေ့ရှိထားရာမှာ ၉ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း သန်း ၄၀၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

Reuters သတင်းဌာနက ကောက်ယူထားတဲ့ အချက်အလက်တွေကို စာရင်း ပြုစုလိုက်တဲ့အခါ ဖေဖော်ဝါရီ ၉ ရက်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ် လူနာ စုစုပေါင်း သန်း ၄၀၀ ကျော်လွန်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ နိုင်ငံအလိုက် ဆေးစစ်အဖြေ Positive ထွက်ပေါ်ခဲ့တဲ့ အရေအတွက်သာ ဖြစ်ပြီး လက်တွေ့မှာတော့ ကူးစက်ခံရသူ ဦးရေဟာ ဒီထက် အများကြီး ပိုနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကူးစက်မြန် Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာအနှံ့ ပျံ့နှံ့လာတဲ့နောက် ကိုဗစ်လူနာ အရေအတွက်ကလည်း ထိုးတက်လာခဲ့ပါတယ်။ အိုမီခရွန်ရဲ့ ဖိစီးမှုကြောင့် ကမ္ဘာ့နိုင်ငံ တချို့က ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေအတွက် အတော်လေး ဘေးကျပ်နံကျပ် ဖြစ်နေကြောင်းလည်း Reutersက ဆိုပါတယ်။

Omicronဟာ အခုအခါ တစ်ကမ္ဘာလုံးမှာ အလွှမ်းမိုးနိုင်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာပြီး တိုးလာသမျှ လူနာ အားလုံးနီးပါးဟာ Omicron ကူးစက် ခံရတာလို့လည်း သိရပါတယ်။ အဆိုးထဲက အားတက်စရာ သတင်းတစ်ခုကတော့ Omicronဟာ ကူးစက်နှုန်း အရမ်းမြန်ပေမယ့် အရင်မျိုးစိတ်ဟောင်း ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်လိုက်ရင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ခြေက သိသိသာသာ လျော့သွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Reutersရဲ့ ဖော်ပြချက်အရ ကမ္ဘာတလွှားမှာ ကိုဗစ်လူနာ သန်း ၃၀၀ ပြည့်ရာကနေ သန်း ၄၀၀ ပြည့်ထိ ရောက်ဖို့ တစ်လကျော်လောက်သာ အချိန်ကြာခဲ့ကြောင်းလည်း သိရပါတယ်။ အဲဒီ မတိုင်ခင် ကိုဗစ်လူနာ သန်း ၂၀၀ ကနေ သန်း ၃၀၀ ပြည့်ဖို့ ၅ လ ကြာမြင့်ခဲ့ပါတယ်။ အခုဆိုရင် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၆ သန်း ကျော်လွန်လာပါပြီ။

အမေရိကန်ကတော့ ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားမှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံ အနေနဲ့ ဆက်လက် ဦးဆောင်နေပါတယ်။ အမေရိကန်မှာ ကိုဗစ် လူနာ ၇၈.၅ သန်းကျော် အတည်ပြု တွေ့ရှိထားရာမှာ ၉ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။