Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြွေပါလာလို့ AirAsiaလေယာဉ် အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကနေ တာဝါအူကို ထွက်ခွာတဲ့ လေယာဉ် အရေးပေါ် ဆင်းသက်ရတဲ့ အကြောင်းရင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

မြွေတစ်ကောင် ပါလာကြောင်း စစ်ဆေး တွေ့ရှိတဲ့နောက် AirAsia လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကနေ တာဝါအူကို ထွက်ခွာတဲ့ လေယာဉ် အရေးပေါ် ဆင်းသက်ရတဲ့ အကြောင်းရင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်း ခရီးစဉ် လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် တချို့က မြွေတစ်ကောင် တွေ့လိုက်တယ်လို့ သတင်းပေးလာတဲ့နောက် လေယာဉ်မှူးက နီးရာလေဆိပ်မှာ အမြန်ဆင်းသက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက လေယာဉ်ပေါ် ပါလာတယ်ဆိုတဲ့ မြွေရဲ့ ဗီဒီယိုကိုတောင် တင်ထားပါသေးတယ်။

ဒီကိစ္စမျိုးက အရမ်း ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုနိုင်ကြောင်း၊ ဒါပေမဲ့ ဘယ်လေယာဉ်မဆို၊ ဘယ်အချိန်မှာမဆို ကြုံလည်း ကြုံသွားနိုင်ကြောင်း AirAsiaရဲ့ လုံခြုံရေး အရာရှိချုပ် လျောင်ကျန်လင်က ပြောပါတယ်။ လေယာဉ်ပေါ်မှာ မဖိတ်ခေါ်တဲ့ ဧည့်သည်ပါ ပါလာကြောင်း သိသွားတဲ့နောက် လေယာဉ်မှူးဟာ ကူချင်မြို့ လေဆိပ်မှာ ဆင်းသက်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အသင့်စောင့်နေတဲ့ ကျွမ်းကျင်သူတွေက မြွေကို လိုက်ရှာ ဖမ်းဆီးပြီး လေယာဉ် တစ်စီးလုံးကို စစ်ဆေးခဲ့ပါတယ်။ အလုံးစုံ စိတ်ချရပြီဆိုမှ လေယာဉ်ဟာ မူလ ရည်ရွယ်ထားတဲ့အတိုင်း တာဝါအူကို ခရီးဆက်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ မြွေပါလာတဲ့ ကိစ္စမျိုးက ရှားပါးပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။ ၂၀၁၂ တုန်းက တွားသွား တိရစ္ဆာန် အရောင်းဆိုင် ပိုင်ရှင် တစ်ဦးဟာ အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်ကို မြွေဟောက်တစ်ကောင် ခရီးဆောင်အိတ်ထဲ ခိုးသယ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မြွေက လွတ်လာပြီး သူ့လက်ကို ကိုက်လိုက်လို့ လေယာဉ်ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ လူတွေရဲ့ ပယောဂကြောင့် မဟုတ်ဘဲ မြွေတွေ လေယာဉ်ပေါ် မတော်တဆ ပါလာတာမျိုးလည်း ရှိတတ်ပါတယ်။ ၂၀၁၆ တုန်းကဆိုရင် ဩစတြေးလျကနေ အပန်းဖြေခရီး ပြန်လာတဲ့ စကော့တလန် အမျိုးသမီး တစ်ဦးဟာ သူ့ဖိနပ်ဘူးထဲ မြွေဝင်ခွေနေတာကို လေယာဉ် ပျံသန်းနေချိန်မှ သတိထားမိခဲ့ပါတယ်။ ကံကောင်းတာ တစ်ခုက အဲဒီမြွေဟာ စပါးအုံးပြောက် မျိုးစိတ်ဖြစ်ပြီး အဆိပ်မရှိဘူးလို့ နောက်ပိုင်းမှာ ပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။