Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ရုပ်မြင်သံကြား ဌာနမှာ သတင်းလွှင့်နေချိန် အယ်ဒီတာ အမျိုးသမီးက စစ်ဆန့်ကျင်ရေး ဆန္ဒပြ

အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။

ရုရှား ရုပ်မြင်သံကြား ဌာနတစ်ခုမှာ ညနေခင်း သတင်း တိုက်ရိုက် ထုတ်လွှင့်နေတဲ့အချိန် ဝန်ထမ်း အမျိုးသမီး တစ်ဦးက စစ်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြခဲ့ပါတယ်။

မတ်လ ၁၄ ရက် ညပိုင်းက အစိုးရပိုင် Channel 1 ရုပ်မြင်သံကြား ဌာနက သတင်း ထုတ်လွှင့်နေချိန်မှာ အယ်ဒီတာ အမျိုးသမီး တစ်ဦးက သတင်းကြေညာသူ နောက်ကနေ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ “စစ်ပွဲ အလိုမရှိ၊ စစ်ပွဲကို ချက်ချင်းရပ်၊ ဝါဒဖြန့်တာတွေကို မယုံကြပါနဲ့၊ ဒါတွေက ရှင်တို့ကို လိမ်နေတာ”ဆိုတဲ့ စာသားတွေကို ရုရှား ဘာသာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ပြုတာနဲ့ ပတ်သက်လို့ ရုရှား အစိုးရ မီဒီယာတွေက လျှော့လျှော့ပေါ့ပေါ့ ဖော်ပြနေကြသလို လွတ်လပ်တဲ့ မီဒီယာတွေကိုလည်း သတင်းစိစစ် ဖိနှိပ်တာတွေ ရှိနေပါတယ်။ ရုရှားနိုင်ငံသား တော်တော်များများက သူတို့နိုင်ငံရဲ့ စစ်တပ်ဟာ ယူကရိန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်စစ် ဆင်နွှဲနေတယ် ဆိုတာကို သေချာ မသိကြပါဘူး။ ရုရှား အစိုးရကလည်း ယူကရိန်းမှာ အထူးစစ်ဆင်ရေးတစ်ရပ် အကောင်အထည် ဖော်နေတယ်လို့သာ ပြောဆိုထားပါတယ်။

အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယိုထဲမှာ သူက စစ်ပွဲရပ်၊ စစ်ပွဲ အလိုမရှိလို့ အော်ဟစ်နေတာ ကြားနေရပြီး အစီအစဉ်မှူးက သတင်း တင်ဆက်မှုကို အချိန်စော ရပ်ဆိုင်းစေခဲ့ရပါတယ်။ အော့ဗ်ရှန်နစ်ကိုဗာဟာ ဆန္ဒမပြခင် ကတည်းက ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုကိုလည်း အွန်လိုင်းမှာ အချိန်ကိုက် ဖြန့်ခဲ့ပြီး ရုပ်မြင်သံကြားပေါ်မှာ မဟုတ်မမှန် မုသားစကား ပြောဆိုနေတာတွေကို ခွင့်ပြုထားရတဲ့အတွက် သူ့ကိုယ်သူ ရှက်မိကြောင်း၊ ရုရှားစစ်တပ်ဟာ ဇွမ်ဘီ ဖုတ်ကောင်တွေလို စက်ဆုပ်စရာ ဖြစ်လာပြီး သူ့ကိုယ်သူလည်း ကျူးကျော်စစ်ပြုတဲ့ နိုင်ငံသူ ဖြစ်ရတာ ရှက်နေမိကြောင်း အော့ဗ်ရှန်နစ်ကိုဗာက ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရဲရင့်တဲ့ ဆန္ဒဖော်ထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း၊ ရုရှား၊ အင်္ဂလိပ် ဘာသာတွေနဲ့ ရေးသားထားတဲ့ မှတ်ချက် တော်တော်များများကို တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မေလ ၁၉ ရက် ညပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ဘီလားရုစ်တို့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေကို ကိုင်တွယ်အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အစပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ် ခရီးစဉ်အပြီး ရက်ပိုင်း အကြာမှာပဲ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း ဧည့်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။