Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား ရုပ်မြင်သံကြား ဌာနမှာ သတင်းလွှင့်နေချိန် အယ်ဒီတာ အမျိုးသမီးက စစ်ဆန့်ကျင်ရေး ဆန္ဒပြ

အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။

ရုရှား ရုပ်မြင်သံကြား ဌာနတစ်ခုမှာ ညနေခင်း သတင်း တိုက်ရိုက် ထုတ်လွှင့်နေတဲ့အချိန် ဝန်ထမ်း အမျိုးသမီး တစ်ဦးက စစ်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြခဲ့ပါတယ်။

မတ်လ ၁၄ ရက် ညပိုင်းက အစိုးရပိုင် Channel 1 ရုပ်မြင်သံကြား ဌာနက သတင်း ထုတ်လွှင့်နေချိန်မှာ အယ်ဒီတာ အမျိုးသမီး တစ်ဦးက သတင်းကြေညာသူ နောက်ကနေ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ “စစ်ပွဲ အလိုမရှိ၊ စစ်ပွဲကို ချက်ချင်းရပ်၊ ဝါဒဖြန့်တာတွေကို မယုံကြပါနဲ့၊ ဒါတွေက ရှင်တို့ကို လိမ်နေတာ”ဆိုတဲ့ စာသားတွေကို ရုရှား ဘာသာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ပြုတာနဲ့ ပတ်သက်လို့ ရုရှား အစိုးရ မီဒီယာတွေက လျှော့လျှော့ပေါ့ပေါ့ ဖော်ပြနေကြသလို လွတ်လပ်တဲ့ မီဒီယာတွေကိုလည်း သတင်းစိစစ် ဖိနှိပ်တာတွေ ရှိနေပါတယ်။ ရုရှားနိုင်ငံသား တော်တော်များများက သူတို့နိုင်ငံရဲ့ စစ်တပ်ဟာ ယူကရိန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်စစ် ဆင်နွှဲနေတယ် ဆိုတာကို သေချာ မသိကြပါဘူး။ ရုရှား အစိုးရကလည်း ယူကရိန်းမှာ အထူးစစ်ဆင်ရေးတစ်ရပ် အကောင်အထည် ဖော်နေတယ်လို့သာ ပြောဆိုထားပါတယ်။

အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယိုထဲမှာ သူက စစ်ပွဲရပ်၊ စစ်ပွဲ အလိုမရှိလို့ အော်ဟစ်နေတာ ကြားနေရပြီး အစီအစဉ်မှူးက သတင်း တင်ဆက်မှုကို အချိန်စော ရပ်ဆိုင်းစေခဲ့ရပါတယ်။ အော့ဗ်ရှန်နစ်ကိုဗာဟာ ဆန္ဒမပြခင် ကတည်းက ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုကိုလည်း အွန်လိုင်းမှာ အချိန်ကိုက် ဖြန့်ခဲ့ပြီး ရုပ်မြင်သံကြားပေါ်မှာ မဟုတ်မမှန် မုသားစကား ပြောဆိုနေတာတွေကို ခွင့်ပြုထားရတဲ့အတွက် သူ့ကိုယ်သူ ရှက်မိကြောင်း၊ ရုရှားစစ်တပ်ဟာ ဇွမ်ဘီ ဖုတ်ကောင်တွေလို စက်ဆုပ်စရာ ဖြစ်လာပြီး သူ့ကိုယ်သူလည်း ကျူးကျော်စစ်ပြုတဲ့ နိုင်ငံသူ ဖြစ်ရတာ ရှက်နေမိကြောင်း အော့ဗ်ရှန်နစ်ကိုဗာက ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရဲရင့်တဲ့ ဆန္ဒဖော်ထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း၊ ရုရှား၊ အင်္ဂလိပ် ဘာသာတွေနဲ့ ရေးသားထားတဲ့ မှတ်ချက် တော်တော်များများကို တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။