Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ်ကိုရင်းကို ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားဖို့ သီရိလင်္ကာ သမ္မတ သဘောတူ

ဆီရီဆန်နာဟာ အရင်က သီရိလင်္ကာ သမ္မတဟောင်း တစ်ဦး ဖြစ်ပါတယ်။ သူဟာ တခြား နိုင်ငံရေးသမား ၄၀ လောက်နဲ့အတူ အာဏာရ ပါတီကို စွန့်ခွာပြီး အခုလ အစောပိုင်းမှာ အတိုက်အခံတွေဆီ ဘက်ပြောင်းသွားခဲ့ပါတယ်။ အခုဆို သီရိလင်္ကာ အစိုးရဟာ နိုင်ငံရေးအရရော၊ စီးပွားရေး ကဏ္ဍမှာပါ အရမ်းကျပ်တည်းနေပြီး နိုင်ငံကလည်း ဒေဝါလီ ခံရလုနီးပါး ဖြစ်နေပါတယ်။

ဘက်ပေါင်းစုံ ဖိအားပေးမှုတွေ မြင့်တက်လာတဲ့နောက် အစ်ကိုဖြစ်သူကို ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားဖို့ သီရိလင်္ကာ သမ္မတက သဘောတူ လက်ခံလိုက်ရပါတယ်။

သီရိလင်္ကာဟာ လွတ်လပ်ရေး ရလာတဲ့ အချိန်ကစလို့ အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းတွေ၊ ကြွေးမြီ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာဟာ သမ္မတဟောင်းလည်းဖြစ်၊ အစ်ကို အရင်းလည်းဖြစ်တဲ့ မာဟင်ဒါ ရာဂျာပက်ခ်ဆာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားပါတယ်။ မာဟင်ဒါဟာ ညီဖြစ်သူအပေါ် ဩဇာလွှမ်းမိုးပြီး သီရိလင်္ကာ အစိုးရရဲ့ အငြင်းပွားစရာ မူဝါဒတွေကို အဓိက ကြိုးကိုင် မောင်းနှင်နေသူအဖြစ်လည်း ယူဆ ခံရပါတယ်။

လောလောဆယ် သီရိလင်္ကာ အစိုးရဟာ အကြွေးနွံနစ်ပြီး ပြည်သူတွေလည်း ဆင်းရဲဒုက္ခ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့နောက် ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ရာဂျာပက်ခ်ဆာ ညီအစ်ကိုက အစိုးရ တစ်ဖွဲ့လုံးကို ပြောင်းပစ်ခဲ့ပြီး အသစ်ပြန်လည် ဖွဲ့စည်းပေမယ့် ပြည်သူလူထုကတော့ သူတို့နှစ်ဦးကို နိုင်ငံရေး လောကထဲက ထွက်သွားဖို့ တောင်းဆိုနေကြပါတယ်။

အခြေအနေတွေက ဆိုးသထက် ဆိုးလာတဲ့နောက် သမ္မတ ဂိုတာဘာယာက သူဟာ မာဟင်ဒါကို ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားပြီး ဝန်ကြီးချုပ်သစ် တစ်ဦးက ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သမ္မတဟာ ဝန်ကြီးချုပ် နေရာကို အပြောင်းအလဲ လုပ်ပါ့မယ်လို့ အာမခံခဲ့ကြောင်း လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ မိုင်သရီပါလာ ဆီရီဆန်နာက ပြောပါတယ်။ အစိုးရသစ်ဟာ ပါတီပေါင်းစုံ ပါဝင်တဲ့ ညွန့်ပေါင်း အဖွဲ့အစည်းမျိုး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆီရီဆန်နာဟာ အရင်က သီရိလင်္ကာ သမ္မတဟောင်း တစ်ဦး ဖြစ်ပါတယ်။ သူဟာ တခြား နိုင်ငံရေးသမား ၄၀ လောက်နဲ့အတူ အာဏာရ ပါတီကို စွန့်ခွာပြီး အခုလ အစောပိုင်းမှာ အတိုက်အခံတွေဆီ ဘက်ပြောင်းသွားခဲ့ပါတယ်။ အခုဆို သီရိလင်္ကာ အစိုးရဟာ နိုင်ငံရေးအရရော၊ စီးပွားရေး ကဏ္ဍမှာပါ အရမ်းကျပ်တည်းနေပြီး နိုင်ငံကလည်း ဒေဝါလီ ခံရလုနီးပါး ဖြစ်နေပါတယ်။

သီရိလင်္ကာ အစိုးရဟာ နိုင်ငံခြား ကြွေးမြီတွေကို ပြန်မဆပ်နိုင်ဘဲ ရွှေ့ဆိုင်းထားဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။ သီရိလင်္ကာ အနေနဲ့ ဒီနှစ်ထဲမှာတင် ပြန်ဆပ်ရမယ့် ကြွေးပြီ ဒေါ်လာ ၇ ဘီလီယံ ရှိနေပြီး ၂၀၂၆ ခုနှစ်ဆိုရင် ဒေါ်လာ ၂၅ ဘီလီယံထိ မြင့်တက်လာမှာပါ။ လောလောဆယ် အစိုးရ ပိုင်ဆိုင်ထားတဲ့ နိုင်ငံခြား အပိုဆောင်းငွေ သိုလှောင်မှုကတော့ ဒေါ်လာ ၁ ဘီလီယံတောင် မပြည့်တော့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။