Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လွှတ်တော်ထဲ ညစ်ညမ်းရုပ်ရှင် ကြည့်ခဲ့တဲ့ ဗြိတိန်အမတ် နုတ်ထွက်

အခုသီတင်းပတ် အစောပိုင်းမှာ အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးက သူ့ရဲ့ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ဘေးမှာထိုင်ရင်း ညစ်ညမ်းရုပ်ရှင် ကြည့်နေတာ သတိထားမိကြောင်း ဗြိတိန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ နောက်တော့ အဲဒီအမတ်ပဲ လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာ ညစ်ညမ်းဗီဒီယို ထပ်ကြည့်နေပြန်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

လွှတ်တော်တက်နေရင်း ညစ်ညမ်း ဗီဒီယိုတွေ ကြည့်မိခဲ့ကြောင်း ဝန်ခံခဲ့တဲ့ ဗြိတိန် အမတ် တစ်ဦးဟာ လက်ရှိ ရာထူးနေရာကနေ နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် ကိုယ်စားပြု ပါဝင်တဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ အမတ်ဖြစ်သူ နီးလ်ပါရစ်ရှ်ဟာ လွှတ်တော်ထဲမှာ ညစ်ညမ်း ဗီဒီယိုတွေကို ဖုန်းနဲ့ နှစ်ခါကြည့်ခဲ့ဖူးကြောင်း ဝန်ခံခဲ့တဲ့နောက် ပါတီရဲ့ တာဝန်တွေကနေ ဆိုင်းငံ့ ခံထားခဲ့ရပါတယ်။

အခု သီတင်းပတ် ကုန်မှာတော့ အသက် ၆၅ နှစ်အရွယ် ပါရစ်ရှ်ဟာ လွှတ်တော်ရဲ့ စည်းမျဉ်း ကြပ်မတ်ရေး ကော်မရှင်ဆီ အကြောင်းကြားပြီး လွှတ်တော်အမတ် တာဝန်တွေကနေ နုတ်ထွက်စာ တင်သွားခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ပါရစ်ရှ်ဟာ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ အတောအတွင်း လွှတ်တော် အမတ်အနေနဲ့ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။

အဆုံးမှာတော့ သူ့လုပ်ရပ်ဟာ မိသားစုဝင်တွေ၊ ကိုယ်စားပြု နိုင်ငံရေး အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘယ်လောက် ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေသလဲ ဆိုတာ နားလည်လာကြောင်း၊ သူဟာ လွှတ်တော်အမတ်အဖြစ် ဆက်ပြီး မရှိသင့်တော့ဘူးလို့ ယူဆကြောင်း ပါရစ်ရှ်က မျက်ရည်လည်ရွဲနဲ့ ဝန်ခံခဲ့ပါတယ်။ သူက လွှတ်တော် တက်နေရင်း ညစ်ညမ်း ဗီဒီယိုတွေ ကြည့်နေခဲ့မိတာဟာ သူ့ဘဝရဲ့ အရူးမိုက်ဆုံး လုပ်ရပ်တွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဒီဗီဒီယိုမျိုးကို မကြည့်သင့်တဲ့ အချိန်မှာ ကြည့်ခဲ့မိကြောင်း၊ ဒါပေမဲ့ အဲဒီထက်ဆိုးတဲ့ အကြီးဆုံး အပြစ်ကတော့ ဒီလုပ်ရပ်မျိုးကို ဒုတိယအကြိမ် ထပ်လုပ်မိခဲ့တာဖြစ်ကြောင်း၊ ဒုတိယအကြိမ် ညစ်ညမ်းဗီဒီယို ကြည့်နေတုန်းက လွှတ်တော်မှာ မဲပေးဖို့ စီစဉ်နေတဲ့ အချိန်တစ်ခု ဖြစ်ကြောင်း ပါရစ်ရှ်က ဖွင့်ဟပါတယ်။ သူဟာ တဒင်္ဂ ရူးမိုက်မှုရဲ့ ဒဏ်ကို တာဝန်ယူ ပေးဆပ်ရမယ်လို့လည်း ပါရစ်ရှ်က ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးက သူ့ရဲ့ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ဘေးမှာထိုင်ရင်း ညစ်ညမ်းရုပ်ရှင် ကြည့်နေတာ သတိထားမိကြောင်း ဗြိတိန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ နောက်တော့ အဲဒီအမတ်ပဲ လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာ ညစ်ညမ်းဗီဒီယို ထပ်ကြည့်နေပြန်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ပါရစ်ရှ်ရဲ့ ဇနီးကတော့ သူ့ယောက်ျားဟာ ဒီလို လူစားမျိုး မဟုတ်ဘဲ နှစ်လိုစရာ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ယုံကြည်ကြောင်း၊ အရင်က ဒီလို လုပ်ရပ်မျိုး လုပ်လေ့ရှိတယ်လို့လည်း သတိမထားမိကြောင်း ပြောပါတယ်။ အခုဖြစ်ရပ်က ရှက်စရာ ကောင်းပြီး သတင်းတွေကြားတော့ အသက်ရှူ ကျပ်သလိုပါ ဖြစ်ခဲ့တယ်လို့လည်း အမျိုးသမီးက ဖွင့်ဟသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။