Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်ထဲ ညစ်ညမ်းရုပ်ရှင် ကြည့်ခဲ့တဲ့ ဗြိတိန်အမတ် နုတ်ထွက်

အခုသီတင်းပတ် အစောပိုင်းမှာ အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးက သူ့ရဲ့ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ဘေးမှာထိုင်ရင်း ညစ်ညမ်းရုပ်ရှင် ကြည့်နေတာ သတိထားမိကြောင်း ဗြိတိန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ နောက်တော့ အဲဒီအမတ်ပဲ လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာ ညစ်ညမ်းဗီဒီယို ထပ်ကြည့်နေပြန်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

လွှတ်တော်တက်နေရင်း ညစ်ညမ်း ဗီဒီယိုတွေ ကြည့်မိခဲ့ကြောင်း ဝန်ခံခဲ့တဲ့ ဗြိတိန် အမတ် တစ်ဦးဟာ လက်ရှိ ရာထူးနေရာကနေ နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် ကိုယ်စားပြု ပါဝင်တဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ အမတ်ဖြစ်သူ နီးလ်ပါရစ်ရှ်ဟာ လွှတ်တော်ထဲမှာ ညစ်ညမ်း ဗီဒီယိုတွေကို ဖုန်းနဲ့ နှစ်ခါကြည့်ခဲ့ဖူးကြောင်း ဝန်ခံခဲ့တဲ့နောက် ပါတီရဲ့ တာဝန်တွေကနေ ဆိုင်းငံ့ ခံထားခဲ့ရပါတယ်။

အခု သီတင်းပတ် ကုန်မှာတော့ အသက် ၆၅ နှစ်အရွယ် ပါရစ်ရှ်ဟာ လွှတ်တော်ရဲ့ စည်းမျဉ်း ကြပ်မတ်ရေး ကော်မရှင်ဆီ အကြောင်းကြားပြီး လွှတ်တော်အမတ် တာဝန်တွေကနေ နုတ်ထွက်စာ တင်သွားခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ပါရစ်ရှ်ဟာ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ အတောအတွင်း လွှတ်တော် အမတ်အနေနဲ့ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။

အဆုံးမှာတော့ သူ့လုပ်ရပ်ဟာ မိသားစုဝင်တွေ၊ ကိုယ်စားပြု နိုင်ငံရေး အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘယ်လောက် ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေသလဲ ဆိုတာ နားလည်လာကြောင်း၊ သူဟာ လွှတ်တော်အမတ်အဖြစ် ဆက်ပြီး မရှိသင့်တော့ဘူးလို့ ယူဆကြောင်း ပါရစ်ရှ်က မျက်ရည်လည်ရွဲနဲ့ ဝန်ခံခဲ့ပါတယ်။ သူက လွှတ်တော် တက်နေရင်း ညစ်ညမ်း ဗီဒီယိုတွေ ကြည့်နေခဲ့မိတာဟာ သူ့ဘဝရဲ့ အရူးမိုက်ဆုံး လုပ်ရပ်တွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဒီဗီဒီယိုမျိုးကို မကြည့်သင့်တဲ့ အချိန်မှာ ကြည့်ခဲ့မိကြောင်း၊ ဒါပေမဲ့ အဲဒီထက်ဆိုးတဲ့ အကြီးဆုံး အပြစ်ကတော့ ဒီလုပ်ရပ်မျိုးကို ဒုတိယအကြိမ် ထပ်လုပ်မိခဲ့တာဖြစ်ကြောင်း၊ ဒုတိယအကြိမ် ညစ်ညမ်းဗီဒီယို ကြည့်နေတုန်းက လွှတ်တော်မှာ မဲပေးဖို့ စီစဉ်နေတဲ့ အချိန်တစ်ခု ဖြစ်ကြောင်း ပါရစ်ရှ်က ဖွင့်ဟပါတယ်။ သူဟာ တဒင်္ဂ ရူးမိုက်မှုရဲ့ ဒဏ်ကို တာဝန်ယူ ပေးဆပ်ရမယ်လို့လည်း ပါရစ်ရှ်က ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးက သူ့ရဲ့ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ ဘေးမှာထိုင်ရင်း ညစ်ညမ်းရုပ်ရှင် ကြည့်နေတာ သတိထားမိကြောင်း ဗြိတိန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ နောက်တော့ အဲဒီအမတ်ပဲ လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာ ညစ်ညမ်းဗီဒီယို ထပ်ကြည့်နေပြန်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ပါရစ်ရှ်ရဲ့ ဇနီးကတော့ သူ့ယောက်ျားဟာ ဒီလို လူစားမျိုး မဟုတ်ဘဲ နှစ်လိုစရာ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ယုံကြည်ကြောင်း၊ အရင်က ဒီလို လုပ်ရပ်မျိုး လုပ်လေ့ရှိတယ်လို့လည်း သတိမထားမိကြောင်း ပြောပါတယ်။ အခုဖြစ်ရပ်က ရှက်စရာ ကောင်းပြီး သတင်းတွေကြားတော့ အသက်ရှူ ကျပ်သလိုပါ ဖြစ်ခဲ့တယ်လို့လည်း အမျိုးသမီးက ဖွင့်ဟသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။