Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်တာနက်မှာ လူသိများနေတဲ့ ဖျံကြီးကို လုံခြုံရေးအရ သတ်ပစ်ဖို့ စဉ်းစားနေကြောင်း နော်ဝေး အာဏာပိုင်တွေပြော

နောက်ပြီး ဖျံကြီးတစ်ကောင်က သူတို့ရဲ့ ပုံမှန် သဘာဝ စားကျက်မြေကို စွန့်ခွာပြီး လူ့ပတ်ဝန်းကျင်မှာ အကြာကြီး လာနေထိုင်တယ် ဆိုတာမျိုးက ရှားပါးလွန်းတဲ့ အခြေအနေမျိုးလို့လည်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗီဂတ်ဒ်အွန် ဟက်တန်က မှတ်ချက် ပေးခဲ့ပါတယ်။

အင်တာနက်မှာ လူသိများနေတဲ့ ဖျံကြီးကို လုံခြုံရေးအရ သတ်ပစ်ဖို့ စဉ်းစားနေကြောင်း နော်ဝေး အာဏာပိုင်တွေပြော
အင်တာနက်မှာ လူသိများနေတဲ့ ဖျံကြီးကို လုံခြုံရေးအရ သတ်ပစ်ဖို့ စဉ်းစားနေကြောင်း နော်ဝေး အာဏာပိုင်တွေပြော

အင်တာနက်မှာ လူပြောများပြီး ဒေသခံတွေရဲ့ အချစ်တော် ဖြစ်နေတဲ့ ဖျံကြီးကို လုံခြုံရေး အကြောင်းပြချက်အရ ဖျက်ဆီး သတ်ဖြတ်ဖို့ စဉ်းစားနေကြောင်း နော်ဝေး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဝယ်လ်ရက်စ် အစွယ်ရှည် ဖျံအမကြီးဟာ ပေါင်ချိန် ၁၃၀၀ လောက် အလေးချိန်ရှိပြီး လူနေ ဧရိယာတွေမှာ အကြောက်အလန့်မရှိ သွားလာနေတတ်တာကြောင့် လူတွေရဲ့ သတိပြုမှုကို ခံလာရပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကလည်း အင်တာနက်မှာ ပျံ့နှံ့လာပြီး တခြားနိုင်ငံတွေမှာပါ လူသိများလာခဲ့ပါတယ်။ အဲဒီ ဖျံမကြီးကို ဒေသခံတွေက ဖရေယာလို့ နာမည်ပေးထားပါတယ်။

ဖရေယာဟာ အော်စလော့ဖ်ဂျော့ဒ်နားက ဆိပ်ကမ်းတစ်ခုမှာ လှေတွေပေါ် တက်ပြီး နေပူစာ လှုံလေ့ရှိပါတယ်။ သူက လှေတချို့ကို ကိုက်ဖျက်ပစ်ခဲ့သလို တချို့လှေတွေလည်း သူ့အလေးချိန်ကို မခံနိုင်ဘဲ နစ်မြုပ်ခဲ့ပါတယ်။ လှေပိုင်ရှင် တချို့ကို ဖရေယာကို မုန်းပေမယ့် လူအများစုကတော့ သူ့ရဲ့ ထီမထင်ဘဲ လူ့ပတ်ဝန်းကျင်မှာ နေချင်သလို နေနေတဲ့ ပုံစံကို သဘောကျကြပါတယ်။

ဖရေယာဟာ နွေရာသီတွေဆို အခုလိုပဲ ဆိပ်ကမ်းတွေနားမှာ ပေါ်လာတတ်ပြီး အရင်ကလည်း ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်နဲ့ ဆွီဒင်က ကမ်းရိုးတန်းတွေနားမှာ သူ့ကို တွေ့ခဲ့ဖူးကြပါတယ်။ အခုတော့ လူမှုကွန်ရက် မီဒီယာတွေရဲ့ အစွမ်းကြောင့် ဖရေယာက သူ့ကိုယ်သူတောင် မသိဘဲ ကမ္ဘာကျော် တိရစ္ဆာန်တစ်ကောင် ဖြစ်နေပါပြီ။

Public Service Announcement

Public Service Announcement

ပုံမှန်ဆိုရင် ဖရေယာက လူတွေကို လုံးဝ အန္တရာယ် မပေးဘဲ ယဉ်ပါးတဲ့ ပုံစံမျိုး ရှိပေမယ့် အဲဒီ အခြေအနေကို လူတွေကပဲ ဖျက်ဆီးပစ်နေတာလို့ နော်ဝေး ရေလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လူတော်တော်များများက ဖရေယာနား အလွန်အကျွံ ချဉ်းကပ်ပြီး ဓာတ်ပုံရိုက်ကြသလို တချို့ကလည်း ဖရေယာနဲ့အတူ ရေဆင်းချိုးဖို့ ကြိုးစားကြကြောင်း၊ တချို့ကျပြန်တော့ လက်ဆော့ပြီး ဖရေယာကို အရာဝတ္ထု ပစ္စည်းတွေနဲ့ ပစ်ပေါက်တာမျိုးတွေ လုပ်ကြကြောင်း သိရပါတယ်။

ဝယ်လ်ရက်စ် ဖျံကြီးမျိုးတွေက လူတွေကို ရန်မူဖို့ ခဲယဉ်းပေမယ့် လုံးဝဥဿုံ စိတ်ချရတာ မဟုတ်သလို သူတို့ရဲ့ ခွန်အားနဲ့ အရွယ်အစားကလည်း လူတွေကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ပါတယ်။ လူတွေရဲ့ စည်းပျက်ကမ်းပျက် အမူအကျင့်တွေကြောင့် ဖရေယာကို အထိတ်တလန့် ဖြစ်သွားစေပြီး ရန်မူတတ်လာရင် အားလုံးအတွက် အန္တရာယ် ရှိသွားနိုင်ပါတယ်။

ဒါကြောင့်လည်း လူတွေအနေနဲ့ လုံခြုံရေး အကြံပြုချက် စံနှုန်းတွေအတိုင်း မလိုက်နာဘဲ ဖရေယာနား အရမ်းချဉ်းကပ်တာမျိုး၊ ရန်သွားစတာမျိုး လုပ်နေမယ်ဆိုရင် ပြဿနာ မဖြစ်ခင် ကြိုတားဖို့အတွက် ဖျံကြီးကို ဖျက်ဆီးပစ်ဖို့ စဉ်းစားထားကြောင်း ရေလုပ်ငန်း ဦးစီးဌာနက ကြေညာပါတယ်။

ဌာန အကြီးအကဲ နာဒီရာ ဒိုင်နီက သူတို့ဟာ ဖရေယာကို သတ်ဖြတ်ဖို့ လုံးဝ မလိုလားပေမယ့် လူတွေဖက်က မဆင်ခြင်ရင်တော့ လောင်မယ့်မီးကို ကြိုတားတဲ့ အနေနဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ ကိုင်တွယ်ရလိမ့်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အခြေအနေတွေ ပြောင်းမသွားဘူးဆိုရင် အဲဒီ ကုန်းနေရေနေ တိရစ္ဆာန်ကြီးရဲ့ ဘဝကို အဆုံးသတ်စေမယ့် ထိန်းချုပ် အစီအမံတွေ အသက်ဝင်လာဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သူက ဆိုတယ်။

နောက်ပြီး ဖျံကြီးတစ်ကောင်က သူတို့ရဲ့ ပုံမှန် သဘာဝ စားကျက်မြေကို စွန့်ခွာပြီး လူ့ပတ်ဝန်းကျင်မှာ အကြာကြီး လာနေထိုင်တယ် ဆိုတာမျိုးက ရှားပါးလွန်းတဲ့ အခြေအနေမျိုးလို့လည်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗီဂတ်ဒ်အွန် ဟက်တန်က မှတ်ချက် ပေးခဲ့ပါတယ်။

နော်ဝေး ရေလုပ်ငန်း ဦးစီးဌာနဟာ လူတွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်ခြေရှိတဲ့ တိရစ္ဆာန်တွေကို ငြင်သာတဲ့ နည်းလမ်းနဲ့ ဇီဝိန်ချုပ်ပေးဖို့ စဉ်းစားရမယ်ဆိုတဲ့ မူဝါဒမျိုး သတ်မှတ်ပြီးသားပါ။ တကယ်လို့ လိုအပ်လာရင် ဖရေယာကိုလည်း နော်ဝေး အဏ္ဏဝါ သုတေသန ဌာနရဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ဦး အကူအညီယူပြီး သက်သက်သာသာ သေဆုံးသွားအောင် လုပ်ဆောင်မယ်လို့ ဟက်တန်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ က လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြီး လုယက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကြုံ့တွေ့ခဲ့ရသူတွေ ဆီကသိရပါတယ်။

သတင်း

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

သတင်း

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေးမှာ ရောင်းချခဲ့တဲ့ အိမ်စီးကားအသစ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုထားတဲ့ လျှပ်စစ်ကား (EV)တွေ ဖြစ်ကြောင်း သိရပါတယ်။