Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နော်ဝေးက နိုက်ကလပ်တစ်ခုမှာ အစုလိုက် ပစ်ခတ်မှုကြောင့် ၂ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဇွန် ၂၄ ရက်က ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ယောက် အတည်ပြု စာရင်းရထားပြီး ၁၄ ယောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း ရဲတွေက ပြောပါတယ်။ ဒဏ်ရာရသူ တချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

နော်ဝေးက နိုက်ကလပ်တစ်ခုမှာ အစုလိုက် ပစ်ခတ်မှု
နော်ဝေးက နိုက်ကလပ်တစ်ခုမှာ အစုလိုက် ပစ်ခတ်မှု

နော်ဝေးနိုင်ငံက နိုက်ကလပ် တစ်ခုမှာ အစုလိုက် ပစ်ခတ်ခံရတဲ့ မှုခင်းတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂ ဦးသေ၊ တစ်ဒါဇင်ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အော်စလို မြို့တော်က ပစ်ခတ်မှုရဲ့ တရားခံကို ဖမ်းဆီး ရမိထားပြီလို့ ရဲတွေက အတည်ပြုပါတယ်။ ဒီဖြစ်စဉ်မှာ ကြံရာပါ မရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ သေနတ်သမားဟာ လန်ဒန်ပက်ဘ် အရက်ဘားနဲ့ နိုက်ကလပ်အပြင် ပတ်ဝန်းကျင်က လမ်းတွေမှာပါ ရမ်းကား ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၂၄ ရက်က ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ယောက် အတည်ပြု စာရင်းရထားပြီး ၁၄ ယောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း ရဲတွေက ပြောပါတယ်။ ဒဏ်ရာရသူ တချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

လန်ဒန်ပက်ဘ်ဟာ အော်စလိုမှာ လူသိများတဲ့ Gayဘားနဲ့ နိုက်ကလပ် တစ်ခု ဖြစ်ပါတယ်။ ပစ်ခတ်မှု ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ အော်စလိုမှာ အခုသီတင်းပတ်ကုန် ကျင်းပမယ့် Gayအခွင့်အရေး ချီတက်ပွဲနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာကို မသိရသေးပါဘူး။ ချီတက်ပွဲ စီစဉ်သူတွေက လောလောဆယ် ရဲတပ်ဖွဲ့နဲ့ အနီးကပ် ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူတစ်ယောက်က အိတ်တစ်လုံးနဲ့ ရောက်လာတာ တွေ့မိကြောင်း၊ အဲဒီလူကပဲ အိတ်ထဲက သေနတ်ကို ဆွဲထုတ်ပြီး စတင် ပစ်ခတ်တာဖြစ်ကြောင်း အခင်းဖြစ်တဲ့ နေရာမှာ ရှိနေခဲ့တဲ့ ဂျာနယ်လစ် အိုလက်ဗ် ရွန်နီဘက်ဂ်က ဆိုပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် နော်ဝေးမြို့လယ်မှာ ရဲကားတွေ ဥဒဟို သွားလာနေပြီး ရဟတ်ယာဉ်တွေလည်း ပျံဝဲနေတာ တွေ့ရပါတယ်။

နော်ဝေးဟာ ကမ္ဘာပေါ်မှာ သေနတ်ကိုင် အကြမ်းဖက်မှုခင်း အနည်းပါးဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့် လက်ယာစွန်း နိုင်ငံရေးသမားတွေရဲ့ တိုက်ခိုက်မှုတွေ အရင်က ကြုံခဲ့ဖူးပါတယ်။ ၂၀၁၁ တုန်းက ဥရောပမှာ အဆိုးဆုံး အကြမ်းဖက်မှု တစ်ခုအဖြစ် လက်ယာစွန်း ဝါဒီတစ်ယောက်က အော်စလိုမှာ ဗုံးခွဲပြီး ယူတိုယာကျွန်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့တာကြောင့် စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။