Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘုရင့်မိဖုရားကို စော်ကားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအမျိုးသမီး ထောင် ၂ နှစ်ကျ

ဂျာတူပွန်ဟာ လိင်ပြောင်းလဲ ခွဲစိတ်ထားသူ တစ်ဦးဖြစ်ပြီး အမျိုးသမီး ထောင်မှာ အကျဉ်းကျခံရမယ်လို့ ဆိုပါတယ်။ သူ့ရှေ့နေကတော့ စီရင်ချက်ကို ဆန့်ကျင်ပြီး အယူခံ ဆက်ဝင်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

ဘုရင့်မိဖုရားကို စော်ကားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအမျိုးသမီး ထောင် ၂ နှစ်ကျ
ဘုရင့်မိဖုရားကို စော်ကားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအမျိုးသမီး ထောင် ၂ နှစ်ကျ

ဘုရင့်မိဖုရားကို သိက္ခာချခဲ့တယ်လို့ စွပ်စွဲပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂျာတူပွန် နယူ ဆာအွန်အန်းဟာ ၂၀၂၀ ပြည့်နှစ်က ဘုရင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုမှာ ဘုရင့်မိဖုရား စုသီဒါရဲ့ ပုံကို တုပ ဝတ်ဆင်ပြခဲ့တာကြောင့် အခုလို ပြစ်ဒဏ်မျိုးနဲ့ ကြုံခဲ့ရတာလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့စံတို့ အပါအဝင် တော်ဝင်မိသားစုရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ပုတ်ခတ် စော်ကားမိရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထောင် ၁၅ နှစ်ထိ ချမှတ်ခွင့် ရှိပါတယ်။ ဂျာတူပွန်ကို ထောင်ဒဏ်စီရင် ချမှတ်လိုက်တာကလည်း အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အဲဒီဥပဒေကို လက်တွေ့ ကျင့်သုံးလိုက်တဲ့ သဘောပါပဲ။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှာ ဂျာတူပွန် အပါအဝင် တော်ဝင်မိသားစုကို စော်ကားခဲ့ကြောင်း စွပ်စွဲချက်နဲ့ ရင်ဆိုင်ရသူ ၂၁၀ ကျော်လောက် ရှိခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ပြင်ဆင် ပြောင်းလဲဖို့ တောင်းဆိုမှုတွေ အရင်ကထက် အားကောင်းလာပေမယ့် ဘုရင်ရဲ့ အရှိန်အဝါကို ကာကွယ်တဲ့ အင်အားစုကလည်း ကြီးကြီးမားမား ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

ထိုင်းဘုရင့်နန်းတော်ဟာ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့သလို ဂျာတူပွန် ထောင်ဒဏ် စီရင်ခံရတဲ့ ကိစ္စမှာလည်း နှုတ်ဆိတ်နေခဲ့ပါတယ်။ ထိုင်းဘုရင် ဗဂျီရာလောင်ကွန်းက သူဟာ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံသားတိုင်းကို တပြေးညီ မေတ္တာထားပါတယ်လို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ဗြိတိန်ရဲ့ Channel 4နဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

ရိုးရာ ပိုးသား ဝတ်စုံကို ဝတ်ထားတဲ့ ဂျာတူပွန်ဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတုန်းက ဆန္ဒပြသူတွေ ခင်းထားတဲ့ ကော်ဇောနီပေါ်မှာ ထီးတော်မိုးတစ်ယောက် ခြံရံပြီး လမ်းလျှောက်ပြခဲ့ပါတယ်။ သူ့ရဲ့ စိတ်ကူးဆန်းသစ်တဲ့ ဆန္ဒပြပုံက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ကံအကြောင်းမလှစွာနဲ့ပဲ အာဏာပိုင်တွေကပါ အာရုံစိုက်မိသွားခဲ့ပါတယ်။

ဂျာတူပွန်က သူဟာ မိဖုရားအဖြစ် ပုံစံတူ ဝတ်ဆင်ခဲ့တာလို့ ဝန်မခံပေမယ့် အများစုကတော့ ဒါဟာ မိဖုရား စုသီဒါကို ရည်ညွှန်းတဲ့ အပြင်အဆင် တစ်ခုပဲလို့ အခိုင်အမာ ယူဆခဲ့ကြပါတယ်။ ဂျာတူပွန်ရဲ့ ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ ထိုင်းရိုးရာ ပိုးထည်ကို ဝတ်ဆင်ခဲ့ရုံသာ ဖြစ်တယ်လို့ တရားရုံးမှာ အစဉ်တစိုက် ခုခံ လျှောက်လဲခဲ့ကြောင်း ပြောပါတယ်။

ဂျာတူပွန်ဟာ လိင်ပြောင်းလဲ ခွဲစိတ်ထားသူ တစ်ဦးဖြစ်ပြီး အမျိုးသမီး ထောင်မှာ အကျဉ်းကျခံရမယ်လို့ ဆိုပါတယ်။ သူ့ရှေ့နေကတော့ စီရင်ချက်ကို ဆန့်ကျင်ပြီး အယူခံ ဆက်ဝင်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

ထိုင်းလူ့အဖွဲ့အစည်းဟာ ဘုရင်နဲ့ တော်ဝင်မိသားစုအပေါ် အစဉ်အဆက် ရိုသေလေးစားခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေး ရောထွေးမှုတွေ ရှိလာတဲ့အပေါ် မျိုးဆက်သစ် လူငယ်တွေက ဦးဆောင် ဆန္ဒပြလာကြပါတယ်။ ၂၀၁၆ ခုနှစ်က ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂျ် နတ်ရွာစံပြီး သားတော် ဗဂျီရာလောင်ကွန်း နန်းတက်လာ ကတည်းက ဘုရင်စနစ်အပေါ် ဆန့်ကျင်မှုတွေ ပိုမို အရှိန်ရလာပါတယ်။ ဗဂျီရာလောင်ကွန်းဟာ ဖခင်နဲ့ စရိုက် သဘာဝချင်း ဆန့်ကျင်နေပြီး အိမ်ရှေ့မင်းသား ဘဝမှာ ကတည်းက ဟော့ဟော့ရမ်းရမ်း ဆိုးသွမ်းတဲ့ လူနေမှု ပုံစံတွေကြောင့် နာမည်ဆိုး ထွက်ခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။