Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်

ဗိုလ်ချုပ် ဘူလ်ဂါကော့ဗ်ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပို့ စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူ ကြီးကြပ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးရီးယားမှာ တပ်ဖြန့်ခဲ့တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍကို အဓိက တာဝန်ယူပေးခဲ့ဖူးပါတယ်။

ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်
ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ထောက်ပို့တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်တစ်ဦးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ရှေ့တန်းရောက် ရုရှားတပ်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်တောက်ပြီး အခက်အခဲပေါင်းစုံ ကြုံနေရတဲ့အတွက် ဗိုလ်ချုပ် ဒီမစ်ထရီ ဘူလ်ဂါကော့ဗ်ဟာ သူ့ရဲ့ ရာထူးနဲ့ ပြန်ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒုတိယ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် အရာရှိကြီးကို တာဝန်ကနေ အနားပေးလိုက်ပြီး သီးခြား လုပ်ငန်းတာဝန် တစ်ခုဆီ လွှဲပြောင်းသွားမယ်လို့ ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။

ဘူလ်ဂါကော့ဗ်ရဲ့ နေရာကို ဗိုလ်မှူးချုပ် မစ်ခေးလ် မစ်ဇင်ဆက်ဗ်က အစားထိုး တာဝန်ယူသွားမှာပါ။ မစ်ဇင်ဆက်ဗ်ဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ မာရီပိုလ်ကို ရုရှားတပ်တွေက ရက်ရက်စက်စက် ဝန်းရံပိတ်ဆို့ခဲ့တဲ့ စစ်ဆင်ရေးကို အဓိက ကြီးမှူးခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ် ဘူလ်ဂါကော့ဗ်ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပို့ စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူ ကြီးကြပ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးရီးယားမှာ တပ်ဖြန့်ခဲ့တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍကို အဓိက တာဝန်ယူပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ ဘူလ်ဂါကော့ဗ်ဟာ စစ်တပ်ထဲမှာ လူကြိုက်နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် ယူကရိန်း စစ်ပွဲမှာ ရှေ့တန်းရောက် ရုရှားတပ်တွေအတွက် ထောက်ပို့ကဏ္ဍက အရမ်းအားနည်းခဲ့ပြီး အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တဲ့အပေါ် သူ့မှာ အဓိက တာဝန်ရှိတယ်လို့ ယူဆသူ အများအပြား ရှိခဲ့ကြောင်း သိရပါတယ်။

သမ္မတ ပူတင်ဟာ ယူကရိန်း စစ်ပွဲကို ခပ်မြန်မြန် လက်စဖြတ်နိုင်မယ်လို့ မျှော်လင့်ခဲ့ဟန် ရှိပေမယ့် အခုဆိုရင် စစ်ပွဲကာလက ၇ လထိ ကြာမြင့်လာပြီ ဖြစ်သလို ရုရှားတပ်တွေပါ အခြေမလှတဲ့ အနေအထားတွေ ရင်ဆိုင်လာရပါတယ်။ စစ်သည်အင်အား ပြုန်းတီးမှုလည်း များပြားလွန်းတာကြောင့် အခုဆိုရင် ရုရှားဟာ လူငယ်တွေကို အရန်တပ်ဖွဲ့ အနေနဲ့ သိမ်းသွင်း ခေါ်ယူပြီး ရှေ့တန်းပို့မယ့် အငြင်းပွားစရာ အစီအမံမျိုးကိုပါ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။