Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်

ဗိုလ်ချုပ် ဘူလ်ဂါကော့ဗ်ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပို့ စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူ ကြီးကြပ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးရီးယားမှာ တပ်ဖြန့်ခဲ့တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍကို အဓိက တာဝန်ယူပေးခဲ့ဖူးပါတယ်။

ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်
ရုရှားစစ်တပ်ရဲ့ ထောက်ပို့အကြီးအကဲကို ပူတင် ထုတ်ပယ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ထောက်ပို့တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်တစ်ဦးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ရှေ့တန်းရောက် ရုရှားတပ်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်တောက်ပြီး အခက်အခဲပေါင်းစုံ ကြုံနေရတဲ့အတွက် ဗိုလ်ချုပ် ဒီမစ်ထရီ ဘူလ်ဂါကော့ဗ်ဟာ သူ့ရဲ့ ရာထူးနဲ့ ပြန်ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒုတိယ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် အရာရှိကြီးကို တာဝန်ကနေ အနားပေးလိုက်ပြီး သီးခြား လုပ်ငန်းတာဝန် တစ်ခုဆီ လွှဲပြောင်းသွားမယ်လို့ ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။

ဘူလ်ဂါကော့ဗ်ရဲ့ နေရာကို ဗိုလ်မှူးချုပ် မစ်ခေးလ် မစ်ဇင်ဆက်ဗ်က အစားထိုး တာဝန်ယူသွားမှာပါ။ မစ်ဇင်ဆက်ဗ်ဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ မာရီပိုလ်ကို ရုရှားတပ်တွေက ရက်ရက်စက်စက် ဝန်းရံပိတ်ဆို့ခဲ့တဲ့ စစ်ဆင်ရေးကို အဓိက ကြီးမှူးခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ် ဘူလ်ဂါကော့ဗ်ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပို့ စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူ ကြီးကြပ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးရီးယားမှာ တပ်ဖြန့်ခဲ့တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍကို အဓိက တာဝန်ယူပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ ဘူလ်ဂါကော့ဗ်ဟာ စစ်တပ်ထဲမှာ လူကြိုက်နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် ယူကရိန်း စစ်ပွဲမှာ ရှေ့တန်းရောက် ရုရှားတပ်တွေအတွက် ထောက်ပို့ကဏ္ဍက အရမ်းအားနည်းခဲ့ပြီး အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တဲ့အပေါ် သူ့မှာ အဓိက တာဝန်ရှိတယ်လို့ ယူဆသူ အများအပြား ရှိခဲ့ကြောင်း သိရပါတယ်။

သမ္မတ ပူတင်ဟာ ယူကရိန်း စစ်ပွဲကို ခပ်မြန်မြန် လက်စဖြတ်နိုင်မယ်လို့ မျှော်လင့်ခဲ့ဟန် ရှိပေမယ့် အခုဆိုရင် စစ်ပွဲကာလက ၇ လထိ ကြာမြင့်လာပြီ ဖြစ်သလို ရုရှားတပ်တွေပါ အခြေမလှတဲ့ အနေအထားတွေ ရင်ဆိုင်လာရပါတယ်။ စစ်သည်အင်အား ပြုန်းတီးမှုလည်း များပြားလွန်းတာကြောင့် အခုဆိုရင် ရုရှားဟာ လူငယ်တွေကို အရန်တပ်ဖွဲ့ အနေနဲ့ သိမ်းသွင်း ခေါ်ယူပြီး ရှေ့တန်းပို့မယ့် အငြင်းပွားစရာ အစီအမံမျိုးကိုပါ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ၊ Wagner ကြေးစားတပ်ရဲ့ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့တာမျိုး အခြေအနေတွေ ကြုံနေတဲ့တိုင် ရုရှားမှာ ပူတင်ဟာ ရေပန်းစားနေဆဲလို လူထုအမြင် စစ်တမ်းတွေက ညွှန်ပြနေပါတယ်။

သတင်း

မိုးဗြဲ ၁၁၁၁စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၈ခုနှင့် ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက်နှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားသည်။

နိုင်ငံတကာ

ရုရှားက ဆောင်းတွင်းဝင်ရောက်ချိန်မှာ ယူကရိန်းကို ထိုးစစ်ဆင်မှုတွေ ပိုမို အရှိန်မြှင့်ဖို့ ကြိုးစားနေပြီး ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ပိုပြီး အပူတပြင်း လိုအပ်နေကြောင်း သိရပါတယ်။