Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်

PKKကတော့ အစ္စတန်ဘူလ်က ဗုံးခွဲမှုဟာ သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ တူရကီ အစိုးရဟာ PKKကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း အလားတူ သတ်မှတ် ကြေညာထားကြပါတယ်။

အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်
အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်

အစ္စတန်ဘူလ် မြို့လယ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဆီးရီးယား မြောက်ပိုင်းနဲ့ အီရတ်မှာရှိတဲ့ ကာ့ဒ်မျိုးနွယ်စု ပြောက်ကျား တပ်ဖွဲ့တွေကို တူရကီ လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စတန်ဘူလ်မြို့လယ်က လူစည်ကားတဲ့ ဧရိယာ တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ဗုံးကွဲမှုကို တူရကီ အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ် ကြေညာခဲ့သလို ကာ့ဒ်မျိုးနွယ်စု ပြောက်ကျားတပ်ဖွဲ့ PKKရဲ့ လက်ချက်လို့ တပ်အပ် စွပ်စွဲခဲ့ပါတယ်။

PKKကတော့ အစ္စတန်ဘူလ်က ဗုံးခွဲမှုဟာ သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ တူရကီ အစိုးရဟာ PKKကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း အလားတူ သတ်မှတ် ကြေညာထားကြပါတယ်။

နိုဝင်ဘာ ၂၀ မှာတော့ PKKရဲ့ စစ်အခြေစိုက် စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ပြီး အစ္စတန်ဘူလ်က ဗုံးခွဲမှုအတွက် လက်တုံ့ပြန်ခဲ့ကြောင်း တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အစ္စတန်ဘူလ်မှာ ဗုံးကွဲပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ တူရကီ လေတပ်က အခုလို ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာ ၁၈ ရက်မှာ ကတည်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တူရကီ အနေနဲ့ ကာ့ဒ်ပြောက်ကျားတွေအပေါ် စစ်ရေးအရ တုံ့ပြန်မှုတွေ ရှိလာမှာကို စိတ်ပူကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်ကျော် အချိန်ကနေ စတင်ဆင်နွှဲခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့တော့ တူရကီ အစိုးရက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

လေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ထဲမှာ ဆီးရီးယားမြောက်ပိုင်း၊ တူရကီနဲ့ နယ်စပ်နားက ကာ့ဒ်အနွယ်ဝင်တွေ အများဆုံး နေထိုင်တဲ့ ကိုဘာနီမြို့လည်း ပါဝင်ခဲ့တယ်လို့တော့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ ကိုဘာနီဟာ ၂၀၁၄ ခုနှစ်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပေမယ့် နောက်တစ်နှစ်မှာ ကာ့ဒ်ပြောက်ကျား တိုက်ခိုက်ရေးသမားတွေက ပြန်လည် ထိန်းချုပ် သိမ်းယူနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Facebook