Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် အသစ်ကို မိတ်ဆက်

အမေရိကန် လေတပ်ဟာ စစ်အေးခေတ်မှာ စတင် အသုံးပြုခဲ့တဲ့ B-2နဲ့ B-1 Lancer မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ နေရာမှာ B-21 အသစ်တွေကို တဖြည်းဖြည်းချင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။

အမေရိကန် လေတပ်ရဲ့ မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် အသစ်ကို မိတ်ဆက်
အမေရိကန် လေတပ်ရဲ့ မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် အသစ်ကို မိတ်ဆက်

အမေရိကန် လေတပ်ဟာ မကြာခင်မှာ စတင် အသုံးပြုသွားမယ့် မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲတိုက်လေယာဉ် အသစ်ကို တရားဝင် မိတ်ဆက် ပြသလိုက်ပါတယ်။

B-21 Raiderလို့ နာမည်ပေးထားတဲ့ ဗုံးကြဲလေယာဉ် အသစ်ဟာ မဟာဗျူဟာ နျူကလီးယား လက်နက်တွေကို တင်ဆောင်နိုင်ပြီး အဆန်းသစ်ဆုံး နည်းပညာတွေ ပေါင်းစပ်ထားသလို ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အမေရိကန်ရဲ့ လေကြောင်း နည်းပညာ လုပ်ငန်းစု Northrop Grummanက တာဝန်ယူ ထုတ်လုပ်မယ့် ဗုံးကြဲ လေယာဉ်ကြီးတွေဟာ တစ်စီးကို ဒေါ်လာ သန်း ၇၀၀ လောက် တန်ဖိုး ကျသင့်မှာဖြစ်ပြီး အမေရိကန် လေတပ်က အစီး ၁၀၀ လောက်ထိ မှာယူသွားဖွယ် ရှိနေပါတယ်။

အမေရိကန် လေတပ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဗုံးကြဲလေယာဉ် အသစ်ကို မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ရဲ့ ဒီဇိုင်းကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် စွမ်းဆောင်ရည်တွေကိုတော့ လျှို့ဝှက်ထားပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ရဲ့ ပုံစံက Northrop Grummanကပဲ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်အဖြစ် ယူဆရတဲ့ B-2 Spiritတွေရဲ့ ပြားချပ်တဲ့ တည်ဆောက်ပုံကို ပြန်လည် မှီငြမ်းထားတယ် ဆိုတာကိုတော့ အထင်အရှား တွေ့နေရပါတယ်။

အမေရိကန် လေတပ်ဟာ စစ်အေးခေတ်မှာ စတင် အသုံးပြုခဲ့တဲ့ B-2နဲ့ B-1 Lancer မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ နေရာမှာ B-21 အသစ်တွေကို တဖြည်းဖြည်းချင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။

B-21တွေကို ထုတ်လုပ်မှု၊ ထိန်းသိမ်းမှုနဲ့ အဆင့်မြှင့်တင်မှုတွေအတွက် နှစ်ပေါင်း ၃၀ ကြာ လျာထား ကာလအတွင်း ဒေါ်လာ ၂၀၃ ဘီလီယံလောက်ထိ အမေရိကန် လေတပ်က ကျခံ သုံးစွဲသွားဖွယ် ရှိနေပါတယ်။

Northrop Grummanရဲ့ အဆိုအရ ပထမဆုံး B-21 ၆ စီးကို စတင်တပ်ဆင် ထုတ်လုပ်နေပြီဖြစ်ပြီး လာမယ့်နှစ်မှာ လေတပ်ရဲ့ လက်တွေ့ လေ့ကျင့် ပျံသန်းမှုတွေ စတင်သွားနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။