Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဘာသာရေးရဲတပ်ဖွဲ့ ဖျက်သိမ်းတော့မယ်လို့ ရှေ့နေချုပ်ပြော

အီရန် ဘာသာရေး ရဲတပ်ဖွဲ့ကို လက်ရှိ သမ္မတ အီဘရာဟင် ရိုင်ဆီက အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ အီရန်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေး အကြီးအမှူး ကောင်စီက စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စတင် အသက်ဝင်လာခဲ့ပါတယ်။

အီရန်ဘာသာရေးရဲတပ်ဖွဲ့ ဖျက်သိမ်းတော့မယ်လို့ ရှေ့နေချုပ်ပြော
အီရန်ဘာသာရေးရဲတပ်ဖွဲ့ ဖျက်သိမ်းတော့မယ်လို့ ရှေ့နေချုပ်ပြော

တစ်နိုင်ငံလုံးအနှံ့ အုံကြွ ဆန္ဒပြမှုတွေ အစပျိုးစေခဲ့တဲ့ ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ အီရန် အစိုးရက စတင် စီစဉ်နေကြောင်း သိရပါတယ်။

အစိုးရ အနေနဲ့ ဒီကိစ္စကို တရားဝင် အသေးစိတ် ထုတ်ပြန် အတည်ပြုတာမျိုး မရှိသေးပေမယ့်လည်း အစိုးရရဲ့ ရှေ့နေချုပ်ဖြစ်တဲ့ မိုဟာမက် ဂျာဖာ မွန်တာဇာရီကတော့ ဘာသာရေး ရဲတပ်ဖွဲ့ ဆက်ရှိတော့မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘာသာရေး ရဲတပ်ဖွဲ့တွေဟာ အီရန်မှာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ ဘာသာရေးအရ ကိုက်ညီသင့်တော်မှု ရှိမရှိ ဆိုတာကို လိုက်လံ စစ်ဆေးပြီး ကွပ်ကဲရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စက်တင်ဘာ လလယ်တုန်းကတော့ ဘာသာရေးရဲတွေရဲ့ ကိုင်တွယ် စစ်ဆေးပုံ ကြမ်းတမ်းလို့ အသက် ၂၂ နှစ်အရွယ် ကာ့ဒ်တိုင်းရင်းသား အနွယ်ဝင် မာဆာ အမီနီဆိုတဲ့ မိန်းကလေးငယ် သေဆုံးခဲ့ပါတယ်။

အမီနီ သေဆုံးမှုဟာ အီရန် တစ်နိုင်ငံလုံးကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အနယ်နယ် အရပ်ရပ်မှာ ပေါ်ပေါက်လာပါတယ်။ အီရန် အစိုးရက အဲဒီ ဆန္ဒပြမှုတွေကို ဆူပူမှုတွေလို့ ခေါင်းစဉ်တပ်ပြီး ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲ ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် ဆန္ဒပြပွဲတွေ စတင်လာတာ ၂ လခွဲကျော် ကြာမြင့်လာပြီဖြစ်ပြီး ဘာသာရေး ရဲတပ်ဖွဲ့ကို ဆန့်ကျင်ရာကနေ ဘာသာရေး အခြေခံ အုပ်ချုပ်တဲ့ အစိုးရ တစ်ခုလုံးကို ဦးတည်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအသွင် ပြောင်းလဲလာပါတယ်။

ရှေ့နေချုပ် မွန်တာဇာရီက အခုဆိုရင် ဘာသာရေး ရဲတပ်ဖွဲ့ဟာ ဖျက်သိမ်းခံရတော့မှာ ဖြစ်တာကြောင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေနဲ့ သက်ဆိုင်မှု မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန် အမျိုးသမီးတွေ အနေနဲ့ လူမြင်ကွင်းမှာ မဖြစ်မနေ ခေါင်းမြီးခြုံ အဝတ် ဝတ်ရမယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်တွေကိုလည်း ပြန်လည် ပြင်ဆင် စဉ်းစားဖို့ လွှတ်တော်ဆီ အဆိုပြု တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေဟာ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဖက်က ရှားရှားပါးပါး အလျှော့ပေး လိုက်လျောလာတဲ့ ခြေလှမ်းတွေလို့ ယူဆရပါတယ်။ ဒါပေမဲ့ အီရန်မှာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေတော့ ဆက်လက် ထားရှိဦးမယ်လို့ မွန်တာဇာရီက ဆိုပါတယ်။

အီရန် ဘာသာရေး ရဲတပ်ဖွဲ့ကို လက်ရှိ သမ္မတ အီဘရာဟင် ရိုင်ဆီက အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ အီရန်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေး အကြီးအမှူး ကောင်စီက စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စတင် အသက်ဝင်လာခဲ့ပါတယ်။

အီရန်မှာ အမျိုးသမီးတွေ လူမြင်ကွင်း ထွက်တဲ့အခါ မဖြစ်မနေ ခေါင်းမြီးခြုံအဝတ် ဝတ်ဆင်ရမယ်လို့ ၁၉၈၃ ခုနှစ်မှာ စတင် ပြဋ္ဌာန်းခဲ့ပြီး မလိုက်နာတဲ့ အမျိုးသမီးတွေကို ဖမ်းဆီး အရေးယူတာ၊ အင်အားသုံး ဖြိုခွင်းတာတွေကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်မှာ အစပြုလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။