Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ

ဂျပန်၊ ဗြိတိန်နဲ့ အီတလီ သုံးနိုင်ငံ ပူးပေါင်းပြီး ဉာဏ်ရည်တု နည်းပညာ အသုံးပြုတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တစ်မျိုး ဖန်တီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ
ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ

ဂျပန်၊ ဗြိတိန်နဲ့ အီတလီ သုံးနိုင်ငံ ပူးပေါင်းပြီး ဉာဏ်ရည်တု နည်းပညာ အသုံးပြုတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တစ်မျိုး ဖန်တီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အဲဒီသုံးနိုင်ငံက ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ သဘောတူညီမှု တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာလို့ ဒီဇင်ဘာ ၉ ရက်မှာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေး နည်းပညာပိုင်းမှာ အမေရိကန်နဲ့သာ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အစဉ်အလာကနေ ဖောက်ထွက်လာာလို့လည်း ဆိုနိုင်ပါတယ်။

သုံးနိုင်ငံ ပူးပေါင်းတီထွင်မယ့် တိုက်လေယာဉ်တွေဟာ ၂၀၃၅ ခုနှစ်လောက်မှာ တိုက်ပွဲဝင်အဆင့် ရှေ့ဆုံးတန်းကို ရောက်ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ အဲဒီ တိုက်လေယာဉ်ဟာ ဗြိတိန်ရဲ့ Future Combat Air Systemနဲ့ ဂျပန်ရဲ့ F-X မျိုးဆက်သစ် တိုက်လေယာဉ် ပရိုဂရမ်က နည်းပညာတွေကို ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။

ဥရောပမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့သလို အာရှမှာလည်း တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာခြင်းက အခုသုံးနိုင်ငံရဲ့ စစ်ရေး နည်းပညာ ပူးပေါင်းမှုကို တွန်းအား ဖြစ်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်သစ် ထုတ်လုပ်ရေးအတွက် ဗြိတိန်ရဲ့ BAE System၊ ဂျပန်ရဲ့ Mitsubishi အကြီးစား စက်မှုလုပ်ငန်းနဲ့ အီတလီရဲ့ Leonardo လေကြောင်း နည်းပညာ ကုမ္ပဏီတွေ ပူးပေါင်းသွားကြမှာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ် အသစ်တွေဟာ ဉာဏ်ရည်တု နည်းပညာနဲ့ ဆိုက်ဘာ စစ်ဆင်ရေး နည်းပညာတွေကိုပါ ပေါင်းစပ် ပိုင်ဆိုင်လိမ့်မယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဥရောပက ဒုံးကျည်တွေ ထုတ်လုပ်တဲ့ MBDAကလည်း အခုပရောဂျက်မှာ ပူးပေါင်း အားဖြည့်သွားမှာ ဖြစ်သလို Mitsubishiရဲ့ အီလက်ထရောနစ် နည်းပညာ လုပ်ငန်းခွဲ၊ Rolls-Royceနဲ့ Avio Aero အင်ဂျင် ကုမ္ပဏီတွေလည်း အခု အစီအစဉ်မှာ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပရောဂျက် အကောင်အထည်ဖော်ရေး အဆင့်တွေနဲ့ ပတ်သက်လို့တော့ သုံးနိုင်ငံ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်ရဦးမယ်လို့ သိရပါတယ်။ နောက်ပြီး ဒီပရောဂျက်မှာ နောက်ထပ် နိုင်ငံအသစ်တွေလည်း လာရောက် ပူးပေါင်းတာမျိုး ရှိလာနိုင်တယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဗြိတိန်ဟာ လက်ရှိ အသုံးပြုနေတဲ့ Typhoon တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးပြီး F-35 မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေကို အထောက်အပံ့ ဖြစ်စေမယ့် တိုက်လေယာဉ် အမျိုးအစားတစ်ခု ဖန်တီးဖို့ စိုင်းပြင်းနေတာပါ။ ဒီအတောအတွင်း ပြင်သစ်၊ ဂျာမနီနဲ့ စပိန်တို့ကလည်း သီးခြား တိုက်လေယာဉ် ပရောဂျက် တစ်ခုကို ဖန်တီးနေကြပြီး ၂၀၄၀ ပြည့်နှစ်လောက်မှာ အကောင်အထည် ပေါ်လာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။