Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ

ဂျပန်၊ ဗြိတိန်နဲ့ အီတလီ သုံးနိုင်ငံ ပူးပေါင်းပြီး ဉာဏ်ရည်တု နည်းပညာ အသုံးပြုတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တစ်မျိုး ဖန်တီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ
ဂျပန်၊ ဗြိတိန်၊ အီတလီ သုံးနိုင်ငံပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်လို့ ကြေညာ

ဂျပန်၊ ဗြိတိန်နဲ့ အီတလီ သုံးနိုင်ငံ ပူးပေါင်းပြီး ဉာဏ်ရည်တု နည်းပညာ အသုံးပြုတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တစ်မျိုး ဖန်တီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အဲဒီသုံးနိုင်ငံက ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ သဘောတူညီမှု တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာလို့ ဒီဇင်ဘာ ၉ ရက်မှာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေး နည်းပညာပိုင်းမှာ အမေရိကန်နဲ့သာ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အစဉ်အလာကနေ ဖောက်ထွက်လာာလို့လည်း ဆိုနိုင်ပါတယ်။

သုံးနိုင်ငံ ပူးပေါင်းတီထွင်မယ့် တိုက်လေယာဉ်တွေဟာ ၂၀၃၅ ခုနှစ်လောက်မှာ တိုက်ပွဲဝင်အဆင့် ရှေ့ဆုံးတန်းကို ရောက်ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ အဲဒီ တိုက်လေယာဉ်ဟာ ဗြိတိန်ရဲ့ Future Combat Air Systemနဲ့ ဂျပန်ရဲ့ F-X မျိုးဆက်သစ် တိုက်လေယာဉ် ပရိုဂရမ်က နည်းပညာတွေကို ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။

ဥရောပမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့သလို အာရှမှာလည်း တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာခြင်းက အခုသုံးနိုင်ငံရဲ့ စစ်ရေး နည်းပညာ ပူးပေါင်းမှုကို တွန်းအား ဖြစ်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်သစ် ထုတ်လုပ်ရေးအတွက် ဗြိတိန်ရဲ့ BAE System၊ ဂျပန်ရဲ့ Mitsubishi အကြီးစား စက်မှုလုပ်ငန်းနဲ့ အီတလီရဲ့ Leonardo လေကြောင်း နည်းပညာ ကုမ္ပဏီတွေ ပူးပေါင်းသွားကြမှာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ် အသစ်တွေဟာ ဉာဏ်ရည်တု နည်းပညာနဲ့ ဆိုက်ဘာ စစ်ဆင်ရေး နည်းပညာတွေကိုပါ ပေါင်းစပ် ပိုင်ဆိုင်လိမ့်မယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဥရောပက ဒုံးကျည်တွေ ထုတ်လုပ်တဲ့ MBDAကလည်း အခုပရောဂျက်မှာ ပူးပေါင်း အားဖြည့်သွားမှာ ဖြစ်သလို Mitsubishiရဲ့ အီလက်ထရောနစ် နည်းပညာ လုပ်ငန်းခွဲ၊ Rolls-Royceနဲ့ Avio Aero အင်ဂျင် ကုမ္ပဏီတွေလည်း အခု အစီအစဉ်မှာ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပရောဂျက် အကောင်အထည်ဖော်ရေး အဆင့်တွေနဲ့ ပတ်သက်လို့တော့ သုံးနိုင်ငံ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်ရဦးမယ်လို့ သိရပါတယ်။ နောက်ပြီး ဒီပရောဂျက်မှာ နောက်ထပ် နိုင်ငံအသစ်တွေလည်း လာရောက် ပူးပေါင်းတာမျိုး ရှိလာနိုင်တယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဗြိတိန်ဟာ လက်ရှိ အသုံးပြုနေတဲ့ Typhoon တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးပြီး F-35 မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေကို အထောက်အပံ့ ဖြစ်စေမယ့် တိုက်လေယာဉ် အမျိုးအစားတစ်ခု ဖန်တီးဖို့ စိုင်းပြင်းနေတာပါ။ ဒီအတောအတွင်း ပြင်သစ်၊ ဂျာမနီနဲ့ စပိန်တို့ကလည်း သီးခြား တိုက်လေယာဉ် ပရောဂျက် တစ်ခုကို ဖန်တီးနေကြပြီး ၂၀၄၀ ပြည့်နှစ်လောက်မှာ အကောင်အထည် ပေါ်လာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။