Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယ်စပ်နား ပျံသန်းလာတဲ့ မြောက်ကိုရီးယား လေယာဉ်တွေကို တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်

အောက်တိုဘာ ၁၃ ရက်က တောင်ကိုရီးယားဟာ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ စမ်းသပ်ပြခဲ့ပြန်သလို စစ်လေယာဉ်တွေကို နယ်စပ်နားထိ အုပ်စုဖွဲ့ စေလွှတ်ခဲ့တာပါ။ ဒီအခြေအနေတွေက ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ် ဆိုတာကို ထင်ဟပ်စေပါတယ်။

နယ်စပ်နား ပျံသန်းလာတဲ့ မြောက်ကိုရီးယား လေယာဉ်တွေကို တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်
နယ်စပ်နား ပျံသန်းလာတဲ့ မြောက်ကိုရီးယား လေယာဉ်တွေကို တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်

နှစ်နိုင်ငံ နယ်စပ်နားထိ မြောက်ကိုရီးယား စစ်လေယာဉ်တွေ ချဉ်းကပ်လာမှုကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၃ ရက်က တောင်ကိုရီးယားဟာ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ စမ်းသပ်ပြခဲ့ပြန်သလို စစ်လေယာဉ်တွေကို နယ်စပ်နားထိ အုပ်စုဖွဲ့ စေလွှတ်ခဲ့တာပါ။ ဒီအခြေအနေတွေက ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ် ဆိုတာကို ထင်ဟပ်စေပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား စစ်လေယာဉ်တွေဟာ စစ်မဲ့ဇုန် သတ်မှတ်ထားရာ နှစ်နိုင်ငံ နယ်စပ်နားမှာ အုပ်စုဖွဲ့ ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ် တစ်စီးကတော့ စစ်မဲ့ဇုန်နဲ့ ၁၂ ကီလိုမီတာ အကွာထိ ချဉ်းကပ်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး နယ်စပ်မျဉ်းရဲ့ တစ်ဖက်ခြမ်းကို စောင့်ကြပ် ကာကွယ်စေခဲ့ပါတယ်။ ထူးခြားမှု တစ်ခုကတော့ တောင်ကိုရီးယားရဲ့ လက်နက်တိုက်ထဲမှာ နည်းပညာ အမြင့်ဆုံး စစ်လက်နက် တစ်ခုလို့ ဆိုနိုင်တဲ့ ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေကိုပါ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အခုလို တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းစေခဲ့တာဟာ နယ်စပ်နားမှာ တောင်ကိုရီးယားက ၁၀ နာရီလောက် လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကို တုံ့ပြန်တာလို့ ပြောပါတယ်။ တောင်ကိုရီးယားက နယ်စပ်နဲ့ ၁၀ ကီလိုမီတာလောက် အကွာမှာ လက်နက်ကြီး လေ့ကျင့်ခဲ့တယ် ဆိုတာကို အတည်ပြုပေမယ့် ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးထားတဲ့ ဘယ်သဘောတူညီမှုကိုမှ ချိုးဖောက်ရာ မရောက်ဘူးလို့ ကာကွယ် ပြောကြားထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေဟာ လက်တွေ့ ဆင်နွှဲမယ့် စစ်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်ထားကြောင်း သတိပေး ပြောဆိုလိုက်ပြီး မကြာခင်မှာ နှစ်ဖက် စလုံးက တင်းမာမှုတွေ ပိုမိုမြင့်တက်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ဒီအတောအတွင်း နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေး ကိစ္စကို အရှိန်မြှင့် အကောင်အထည် ဖော်နေတဲ့အတွက် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားက လူပုဂ္ဂိုလ် ၁၅ ဦးအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာလိုက်ပါတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေဟာ မြောက်ကိုရီးယားရဲ့ ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်လက်နက်တွေနဲ့ ဒုံးကျည် စီမံကိန်းတွေမှာ ထဲထဲဝင်ဝင် ငွေကြေး ကူညီ ထောက်ပံ့နေသူတွေလို့ တောင်ကိုရီးယားက ဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အရေးယူမှုတွေကို မြောက်ကိုရီးယားက မထီမဲ့မြင် ပြုလုပ်နိုင်အောင် ပံ့ပိုးပေးနေတယ်ဆိုတဲ့ အဖွဲ့အစည်း ၁၆ ခုကိုကလည်း တောင်ကိုရီးယားက ပစ်မှတ်ထား ပိတ်ဆို့လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ တောင်ကိုရီးယားရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရတဲ့ မြောက်ကိုရီးယား အဖွဲ့အစည်း ၈၉ ခုနဲ့ လူပုဂ္ဂိုလ် ၁၀၉ ဦး ရှိနေပြီလို့လည်း သိရပါတယ်။