Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျန်းကျန်းမာမာနဲ့ အိမ်ပြန်နိုင်ခဲ့ကြပြီဖြစ်တဲ့ ၉ မြွှာပူး ကလေးငယ်တွေ

၉ မြွှာပူး မွေးဖွားမှုဟာ ဆေးပညာအရ အရမ်းရှားပါးတဲ့ ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။ သူ့ကလေးတွေ အကြောင်းကို မာလီမှာလည်း လူတွေက အရမ်း စိတ်ဝင်စားကြလို့ ငယ်ငယ်လေးနဲ့ နာမည်ကြီးနေကြပြီလို့ အာဘီက အရွှန်းဖောက်သွားခဲ့ပါတယ်။

ကျန်းကျန်းမာမာနဲ့ အိမ်ပြန်နိုင်ခဲ့ကြပြီဖြစ်တဲ့ ၉ မြွှာပူး ကလေးငယ်တွေ
ကျန်းကျန်းမာမာနဲ့ အိမ်ပြန်နိုင်ခဲ့ကြပြီဖြစ်တဲ့ ၉ မြွှာပူး ကလေးငယ်တွေ

ကျန်းမာရေး အခြေအနေ အလုံးစုံ စိတ်ချရပြီ ဖြစ်တာကြောင့် ကမ္ဘာ့စံချိန်ရှင် ၉ မြွှာပူး ကလေးတစ်သိုက်ဟာ မိဘတွေနဲ့အတူ ဇာတိနိုင်ငံ မာလီကို ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။

အမြွှာမောင်နှမ ၉ ဦးဟာ သူတို့ ဘဝရဲ့ ပထမဆုံး ၁၉ လတာ ကာလကို မော်ရိုကို နိုင်ငံမှာ ဖြတ်သန်းရင်း အထူးကြပ်မတ် စောင့်ရှောက်မှုတွေ ခံယူခဲ့ရပါတယ်။ အဲဒီ ၉ မြွှာပူး မွေးဖွားမှုဟာ ကမ္ဘာပေါ်မှာ အရေအတွက် အများဆုံး အမြွှာတွေအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ မေလမှာ ကလေးတွေကို မမွေးခင် မိခင်ဖြစ်သူ ဟာလီမာ ဆစ်စီဟာ ပိုမိုကောင်းမွန်တဲ့ စောင့်ရှောက် ကုသမှုတွေ ခံယူဖို့ မော်ရိုကို နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ကလေးတွေ မွေးဖွားပြီးတဲ့နောက် ကျန်းကျန်းမာမာ ကြီးပြင်းလာတဲ့အထိ ကာဆာဘလန်ကာမှာ မိဘတွေနဲ့အတူ ဆက်ပြီး နေခဲ့ကြပါတယ်။

ကလေးငယ်တွေ မွေးဖွားလာချိန်မှာ အရွယ်အစား အရမ်းသေးငယ်ပြီး ပေါင်မပြည့်ကြလို့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် အထူးကြပ်မတ် စောင့်ရှောက်ပေးခဲ့ရပါတယ်။ အခုတော့ အားလုံး အဆင်ပြေနေပြီ ဖြစ်တာကြောင့် ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တစ်မိသားစုလုံး မာလီနိုင်ငံရဲ့ မြို့တော် ဘာမာကိုဆီ ပြန်လည်ရောက်ရှိလာကြပါပြီ။

Public Service Announcement

Public Service Announcement

ဖခင်ဖြစ်တဲ့ အက်ဘ်ဒယ်လ်ကာဒါ အာဘီက သူ့မိသားစုကို ငွေရေးကြေးရေး ကူညီ ထောက်ပံ့ပေးခဲ့တဲ့ မာလီ အစိုးရကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ အလုပ်တွေ အရမ်းရှုပ်ပေမယ့် အခုလိုမျိုး ပျော်စရာကောင်းတဲ့ မိသားစုတစ်ခု ချီးမြှင့်တဲ့ အလ္လာအရှင်မြတ်ကို ကျေးဇူးတင်တယ်လို့လည်း သူက ဆိုတယ်။ ၉ မြွှာပူး ကလေးတွေထဲမှာ မိန်းကလေး ၄ ယောက်နဲ့ ယောက်ျားလေး ၅ ယောက် ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၃၀ မှာ ကလေးတွေ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ကိုယ်အလေးချိန်ဟာ ၅၀၀ ဂရမ်နဲ့ ၁ ကီလိုဂရမ်ကြားထိ သေးသေးလေးတွေ ဖြစ်နေခဲ့တယ်လို့ မော်ရိုကိုက ဆရာဝန်တွေက ပြောပါတယ်။

ကလေးတွေရဲ့ အသက်အန္တရာယ် မရှိနိုင်တော့တာ စိတ်ချရတဲ့ထိ ဆေးရုံမှာ တစ်လလောက် ထားရှိပြီးတဲ့နောက် ကာဆာဘလန်ကာက တိုက်ခန်းတစ်ခုကို ပြောင်းရွှေ့ပေးပြီး ကျန်းမာရေး ပညာရှင်တွေက နေ့ညမပြတ် ကူညီ စောင့်ရှောက်ပေးခဲ့ကြပါတယ်။ အခုနှစ်လယ်လောက်မှာတော့ ကလေးတွေအားလုံး သူတို့ရဲ့ ပထမဆုံး မွေးနေ့ကို ကျင်းပနိုင်ခဲ့ပါတယ်။

၉ မြွှာပူး မွေးဖွားမှုဟာ ဆေးပညာအရ အရမ်းရှားပါးတဲ့ ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။ သူ့ကလေးတွေ အကြောင်းကို မာလီမှာလည်း လူတွေက အရမ်း စိတ်ဝင်စားကြလို့ ငယ်ငယ်လေးနဲ့ နာမည်ကြီးနေကြပြီလို့ အာဘီက အရွှန်းဖောက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။