Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဝူဟန်စျေးထဲက ရက်ကွန်းဝံကောင်တွေ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

ဝူဟန်စျေးထဲက ရက်ကွန်းဝံကောင်တွေ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိ
ဝူဟန်စျေးထဲက ရက်ကွန်းဝံကောင်တွေ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိ

လူသားတွေဆီ ကိုဗစ်ရောဂါ ကူးစက်အောင် တစ်ဆင့်ခံ စတင် သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ တိရစ္ဆာန် မျိုးစိတ်ကို သိပ္ပံ ပညာရှင်တွေက ကြေညာခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစဟာ လင်းနို့တွေဆီမှာ အစပျိုးခဲ့ပြီးနောက် မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲပြီး တခြား တိရစ္ဆာန် မျိုးစိတ်တွေဆီ ရောက်ရှိခဲ့တယ်လို့ ပညာရှင်တွေက ယုံကြည်နေပါတယ်။ အဲဒီထဲကမှ ပဟေဠိ ဖြစ်နေဆဲ တိရစ္ဆာန် မျိုးစိတ် တစ်ခုကနေ ထပ်ဆင့် ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်က Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် အဆင့်ကို ရောက်လာပြီး လူ့သမိုင်းတလျှောက် ရာစုနှစ် တစ်ခုအတွင်း အဆိုးဆုံး ကပ်ရောဂါကြီးကို ပေါ်ပေါက်စေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါရဲ့ မူလအစကို ဖော်ထုတ် ရှာဖွေခြင်းဟာ အနာဂတ် ကာလမှာ အလားတူ ကပ်ရောဂါတွေကို ထိထိရောက်ရောက် တားဆီး ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်တာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)နဲ့ နိုင်ငံတကာ ကျန်းမာရေး သုတေသန အဖွဲ့တွေဟာ တရုတ်အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ ကပ်ရောဂါ ဘယ်လို စတင်လာသလဲ ဆိုတာကို နှစ်တွေနဲ့ချီ အချိန်ယူ စုံစမ်းနေကြပါတယ်။

အခုအခါမှာတော့ ဝူဟန်မြို့မှာရှိတဲ့ သားစိမ်းငါးစိမ်း စျေးတန်းထဲက ရက်ကွန်းဝံတွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိလာကြောင်း နိုင်ငံတကာ သုတေသန အဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။ ဟွာနန်း ပင်လယ်စာ လက္ကားစျေးကြီးဟာ ကိုဗစ် ကပ်ရောဂါဆိုးကြီး အစပြုရာ ဘူမိနက်သန်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ နေရာပါ။

ကပ်ရောဂါ အစပြုတဲ့ နေရာဟာ အဲဒီစျေးကြီးဖြစ်ကြောင်း သတ်မှတ် ယူဆခဲ့တဲ့နောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီမှာ စျေးကို ယာယီ ပိတ်လိုက်ပြီး အနီးပတ်ဝန်းကျင်နဲ့ စျေးထဲမှာ အထောက်အထားတွေ၊ မျိုးဗီဇ နမူနာ အချက်အလက်တွေ စုဆောင်းယူခဲ့ပါတယ်။ ဟွာနန်းစျေးဟာ လင်းနို့၊ ဝက်ဝံစတဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်ပေါင်းစုံကိုပါ ရောင်းချတဲ့ နေရာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ သုတေသီ အဖွဲ့တစ်ခုရဲ့ အခု တွေ့ရှိမှု အသစ်အရ ကပ်ရောဂါဟာ တောရိုင်းတိရစ္ဆာန်အသား ရောင်းချမှုတွေနဲ့ တိုက်ရိုက် ဆက်နွှယ်ခဲ့တယ်ဆိုတဲ့ အယူအဆတွေကို ပိုမို ခိုင်မာလာစေပါတယ်။

လေ့လာဆန်းစစ်မှုရဲ့ အသေးစိတ် အချက်အလက်တွေကို အကျယ်တဝင့် မထုတ်ပြန်သေးပေမယ့် အဲဒီတုန်းက စျေးထဲမှာ သိုလှောင်ထားရှိတဲ့ ရက်ကွန်း ဝံကောင်တွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ အခု သီတင်းပတ်မှာ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရီဇိုးနား တက္ကသိုလ်က ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒ ပညာရှင် မိုက်ကယ် ဝိုရိုဘီ၊ ကယ်လီဖိုးနီးယားက စခရစ်ပ်စ် သုတေသန ဌာနရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ ပညာရှင် ခရစ္စတီးနား အန်ဒါဆန်၊ ဆစ်ဒနီ တက္ကသိုလ်က ဇီဝဗေဒ ပညာရှင် အက်ဒွပ်ဟုမ်းလ်စ်တို့ ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ ရက်ကွန်း ဝံကောင်တွေနဲ့ ကိုဗစ် ဆက်စပ်နိုင်တဲ့ မျိုးဗီဇ သုတေသန အချက်အလက်တွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရက်ကွန်းဝံတွေကနေ လူတွေဆီ ကိုဗစ်ရောဂါ ကူးစက်ခဲ့တယ်လို့ တထစ်ချ ယူဆဖို့တော့ စောလွန်းနေဆဲဖြစ်ပြီး ပိုမို ကျယ်ပြန့်တဲ့ လေ့လာမှုတွေ လိုအပ်ဦးမယ်လို့ ဆိုပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုက တရားမဝင် တောရိုင်းတိရစ္ဆာန်တွေ မှောင်ခိုတင်သွင်းတဲ့ စျေးကွက်မျိုးဟာ ကပ်ရောဂါဆိုးကြီးတွေကို အစပြုနိုင်တယ်ဆိုတဲ့ အရှိတရား ဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။