Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကိုဗစ် ကူးစက်ခံခဲ့ရပြီး ဖြစ်နိုင်တယ်လို့ဆို

တရုတ်နှစ်သစ်ကူးကို အကြောင်းပြုပြီး ဒေသတချို့မှာ ရောဂါ ဖြစ်ပွားနှုန်း တိုးလာတာမျိုး ကြုံကောင်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ နောက်တစ်ကြိမ် ကိုဗစ်ကူးစက်မှုလှိုင်း အကြီးအကျယ် ရိုက်ခတ်တာမျိုးကတော့ လာမယ့် လပိုင်းတွေအတွင်း မဖြစ်နိုင်လောက်တော့ကြောင်း ဝူက မှတ်ချက် ပေးခဲ့ပါတယ်။

တရုတ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကိုဗစ် ကူးစက်ခံခဲ့ရပြီး ဖြစ်နိုင်တယ်လို့ဆို
တရုတ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကိုဗစ် ကူးစက်ခံခဲ့ရပြီး ဖြစ်နိုင်တယ်လို့ဆို

တစ်နိုင်ငံလုံး လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ရောဂါ ကူးစက်မှု ခံထားရပြီး ဖြစ်နိုင်ကြောင်း တရုတ် ထိပ်တန်း ဆေးသိပ္ပံ ပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။

တရုတ် နှစ်သစ်ကူး ကာလမှာ မြို့ကြီးတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ ဇာတိ ကျေးရွာတွေဆီ အုံနဲ့ကျင်းနဲ့ ပြန်သွားကြတဲ့အခါ ကျေးလက်ဒေသတွေဆီပါ ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပါတယ်။ တရုတ်က မြို့ကြီးတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း Omicronမျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကိုဗစ်ရောဂါ အလုံးအရင်း ဖြစ်ပွားမှုတွေ ကြုံတွေ့နေခဲ့ရပါတယ်။

တရုတ်ရဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ကူးစက်ရောဂါဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဝူဇွန်ယွန်ကတော့ တရုတ် နှစ်သစ်ကူး ကာလမှာ နိုင်ငံသားတွေ အများအပြား ခရီးတွေထွက်ကြ၊ နေရပ်ပြန်ကြ လုပ်မယ်ဆိုရင်တောင် ရောဂါ ကူးစက်မှုတွေက အခြေအနေ ပိုဆိုးလာစရာ မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ တရုတ်လူဦးရေရဲ့ အချိုးအစား အများစုဟာ ကိုဗစ်ရောဂါ စွဲကပ်ခံရဖူးပြီးသား ဖြစ်တာကြောင့်လို့ သူက ပြောပါတယ်။

တရုတ်နှစ်သစ်ကူးကို အကြောင်းပြုပြီး ဒေသတချို့မှာ ရောဂါ ဖြစ်ပွားနှုန်း တိုးလာတာမျိုး ကြုံကောင်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ နောက်တစ်ကြိမ် ကိုဗစ်ကူးစက်မှုလှိုင်း အကြီးအကျယ် ရိုက်ခတ်တာမျိုးကတော့ လာမယ့် လပိုင်းတွေအတွင်း မဖြစ်နိုင်လောက်တော့ကြောင်း ဝူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာကြောင့်လဲဆိုတော့ တရုတ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိ ကိုဗစ် ဖြစ်ထားဖူးတာကြောင့် နောက်တစ်ကြိမ် ကူးစက်မှုတွေကို လတ်တလော ခံနိုင်ရည် ရှိနှင့်နေပြီဖြစ်ကြောင်း ဝူက တရုတ် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Weiboမှာ ရေးသားထားပါတယ်။ တရုတ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ဆိုတာက လူပေါင်း ၁.၁ ဘီလီယံကျော်လောက်နဲ့ ညီမျှပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကပ်ရောဂါ ဆိုးဆိုးရွားရွား ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အစိုးရရဲ့ ဇန်နဝါရီ ၁၂ ရက်ထုတ် စာရင်းတွေအရ အခုတစ်ကြိမ် ကိုဗစ်လှိုင်းမှာ လူပေါင်း ၆ သောင်းဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပညာရှင် တော်တော်များများကတော့ တကယ်တမ်း အသေအပျောက်ဟာ အဲဒီကိန်းဂဏန်းထက် အများကြီး ပိုနိုင်ပြီး တရုတ် အာဏာပိုင်တွေရဲ့ မှတ်တမ်း မပြည့်စုံတာတွေ ရှိလိမ့်မယ်လို့ ယူဆထားပါတယ်။ အထင်ရှားဆုံး အနေနဲ့ ဆေးရုံမတက်ဘဲ နေအိမ်တွေမှာ ကွယ်လွန်သွားသူတွေဟာ ကိုဗစ်ကြောင့်ဆိုတဲ့ သေဆုံးမှုမှတ်တမ်း အတည်ပြုချက် မရတဲ့အတွက် ကပ်ရောဂါကြောင့် ကြုံရတဲ့ အသေအပျောက် စာရင်းထဲမှာ မပါကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။