Connect with us

Hi, what are you looking for?

သတင်း

အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်တက်လာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ဟု NUG ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

(တရုတ်နိုင်ငံ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်)
(တရုတ်နိုင်ငံ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်)

အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေကြောင်း ဖော်ပြသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံး COVID လှိုင်း (First national COVID-19 wave) အဖြစ် မီဒီယာများတွင် ရေးသားဖော်ပြကြပါသည်။ ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်”ဟု NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်၍ ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်သည်ဟု သတိပေးသည်။

အလားတူ ပြည်သူလူထုအနေဖြင့် COVID-19 ကာ ကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊ (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင် တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း အစရှိသည်တို့ကို ဆက် လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။