Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်တက်လာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ဟု NUG ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

(တရုတ်နိုင်ငံ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်)
(တရုတ်နိုင်ငံ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦး​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်)

အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေကြောင်း ဖော်ပြသည်။

“ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံး COVID လှိုင်း (First national COVID-19 wave) အဖြစ် မီဒီယာများတွင် ရေးသားဖော်ပြကြပါသည်။ ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်” ဟု NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပြသည်။

ထို့ကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက်ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်၍ ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်သည်ဟု သတိပေးသည်။

အလားတူ ပြည်သူလူထုအနေဖြင့် COVID-19 ကာ ကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊ (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင် တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း အစရှိသည်တို့ကို ဆက် လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

တိမ်းရှောင်သူ အများဆုံးမှာ နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ဖြစ်ပြီး အ​နောက်​မြောက်ပိုင်းတွင် ၉၄၃၁၀၀ဦး ၊ အ​ရှေ့​တောင်ပိုင်းတွင်၄၀၉၄၀၀ဦးရှိသည်ဟုဆိုသည်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် FDC ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။

သတင်း

လက်ရှိတွင် နေပြည်တော်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်၌ ပူးပေါင်းစစ်ဆင်ရေးများကို ဆင်နွှဲနေကြောင်း ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။