Connect with us

Hi, what are you looking for?

သတင်း

သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်ပြန်လွှတ်ပေး

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

ဧပြီ – ၁၇ ၊၂၀၂၆

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းမှာကတည်းက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် အဂတိမှု ၊ သဘာဝဘေးအမှု ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ်ပြီး အမှု ၈ မှု အတွက် ထောင်ဒဏ် ၁၄ နှစ်ချကာ တောင်ငူထောင်မှာ အကျဉ်းချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထောင်ဒဏ်တွေထဲက လေးနှစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း စစ်ကောင်စီက လျော့ပေါ့ပါတယ်။

အခုတော့ ကျန်ရှိတဲ့ ထောင်ဒဏ်တွေကနေ လွှတ်ပေးလိုက်တာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေလာပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီ​နေ့ခင်းမှာသတင်းထုတ်ပြန်တာမှာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်​တွေကိုပါ ပြန်လည်ကျခံရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းထားပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း ပြစ်ဒဏ်ကျူးလွန် မကျူးလွန်ဆိုတာဟာ သူတို့စိတ်တိုင်း
ကျ ဆုံးဖြတ်​နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် ၃၅ နှစ်ချထားပေမယ့် ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ လူသိရှင်ကြား ထုတ်ပြန်တာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

Facebook