Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း
မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ ကုလသမဂ္ဂ မှာကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ ရှိနေဆဲ သံအမတ်ကြီးတွေကိုသာ ဆက်လက်တာဝန်ပေးဖို့ ကုလသမဂ္ဂက ဒီဇင်ဘာလ ၁၆ ရက်မှာဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ကိုယ်စားပြုခွင့်ကို မဆုံးဖြတ်ပေးဘဲ ရွှေ့ဆိုင်းထားခဲ့တာပါ။

ကုလသမဂ္ဂဆုံးဖြတ်ချက်ချဖို့ရွှေ့ဆိုင်းထားတဲ့ ၃ နိုင်ငံမှာ မြန်မာဟာ စစ်တပ်အာဏာသိမ်းထားပြီး NUG အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီက ကုလမှာ ကိုယ်စားပြုခွင့်ရဖို့အပြိုင်ကြိုးစားနေပါတယ်။

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

လစ်ဗျားဟာဆိုရင် လည်းပြည်တွင်းမှာအစိုးရ ၂ ရပ်ရှိနေပြီး လက်ရှိ လစ်ဗျား ကုလကိုယ်စားလှယ်ဟာ မြို့တော် ထရိုပိုလီ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ကိုယ်စားပြုထားပြီး ပါလီမန်က ထောက်ခံထားတဲ့ အမျိုးသားတည်ငြိမ်ရေး အစိုးရ ကလည်း ကုလမှာနေရာဖို့ စင်ပြိုင်လျှောက်ထားတာရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂဟာ အဲဒီ ၃ နိုင်ငံရဲ့ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ချတာကို ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ သံအမတ်ကြီးတွေကိုပဲ ဆက်နေရာပေးထားဖို့ ဆုံးဖြတ်ကြပါတယ်။

ဒီလို ဆုံးဖြတ်တာကို မဲမခွဲဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်လိုက်ကြတာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်းပြောထားပါတယ်။

မြန်မာနိုင်ငံအတွက်တော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး NUG ကိုထောက်ခံသူ သံအမတ်ကြီး ဦးကျော်မိုးထွန်း နောက်ထပ်တစ်နှစ် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ထပ်ရတာလည်းဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ကို ဆက်ရွေးတဲ့အပေါ် စစ်ကောင်စီဘက်က ကုလဟာ အကြမ်းဖက်အားပေးဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်စွပ်စွဲတုံ့ပြန်ထားပါတယ်။

ကိုးကား − အယ်လ်ဂျာဇီးယား

You May Also Like

သတင်း

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

တမူးမြို့ခံတစ်ဦးဖြစ်ပြီး အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရသော ကိုဒင်းခိုကျွန်း(အသက် ၃၂နှစ်)သည် ဖေဖော်ဝါရီလ ၂၅ရက် ညတွင်ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကြောင်း အင်ဖာမြို့ရောက် မြန်မာအချို့က People's Spring သို့ပြောသည်။

သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk သည် ဝန််ကြီးဦးအောင်မျိုးမင်းကို ဖေဖော်ဝါရီ ၂၃ ရက််တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ၎င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ရင်််းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင််ခဲ့ကြောင်း သိိရသည််။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။