Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘာပတိ ရာထူးမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူဖို့ ရုရှားကို အမေရိကန် တောင်းဆို

အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် လုံခြုံရေး ကောင်စီရဲ့ ၁၅ နိုင်ငံဟာ လစဉ် သဘာပတိ ရာထူးကို အလှည့်ကျ ပြောင်းလဲ တာဝန်ယူရပါတယ်။ လုံခြုံရေး ကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံရှိပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့ ဖြစ်ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘာပတိ ရာထူးမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူဖို့ ရုရှားကို အမေရိကန် တောင်းဆို
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သဘာပတိ ရာထူးမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူဖို့ ရုရှားကို အမေရိကန် တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ သဘာပတိ ရာထူးမှာ ပရော်ဖက်ရှင်နယ် ပီပီသသ ကျင့်ကြံ ဆောင်ရွက်ဖို့ ရုရှားကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ဧပြီလမှာ ရုရှားဟာ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ သဘာပတိ ဖြစ်လာမယ့်အပေါ် အမေရိကန်က အတင်းအကျပ် ကန့်ကွက်မှု မရှိပေမယ့် အခုလို သတိပေး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန် ထိုးနှက်မှုတွေ ခံနေရတဲ့ အခြေအနေမှာ ရုရှားက လုံခြုံရေး ကောင်စီ သဘာပတိအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရင် ဂျင်း ပီယေးက ရုရှားအနေနဲ့ လုံခြုံရေးကောင်စီ သဘာပတိ ထိုင်ခုံကို ကောင်းကောင်း အသုံးချပြီး ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ သတင်းမှား၊ အချက်အလက်မှားတွေ ဖြန့်ဝေလာမှာကို စိုးရိမ်ကြောင်း၊ ရုရှားဟာ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်နေတာကြောင့် အလှည့်ကျ သဘာပတိ ရာထူးကနေ ဖယ်ရှားဖို့ နိုင်ငံတကာ ဥပဒေ သတ်မှတ်ချက်တွေ မရှိကြောင်း ပြောပါတယ်။

ဒီအခြေအနေမှာတော့ ရုရှားဟာ သဘာပတိ ထိုင်ခုံနဲ့ ထိုက်တန် ကိုက်ညီကြောင်း ပြသပြီး ပရော်ဖက်ရှင်နယ် ပီပီသသ ကျင့်ကြံ ပြုမူဖို့သာ မျှော်လင့်ရမှာဖြစ်ကြောင်းလည်း ပီယေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ဧပြီလကျရင် ကုလသမဂ္ဂရဲ့ သဘာပတိ နေရာကို နယူးယောက်မှာ လွှဲယူမယ်ဆိုတာ အတည်ပြုခဲ့တဲ့အပေါ် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာက ခါးသီးတဲ့ ပြက်လုံးတစ်ခုလို့ သုံးနှုန်း ဝေဖန်သွားပါတယ်။

အပြည်ပြည်ဆိုင်ရာခုံရုံး (ICC)က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဝရမ်း ထုတ်ထားတဲ့အချိန် ရုရှား အစိုးရက ကုလသမဂ္ဂကို ဦးဆောင်မယ် ဆိုတာဟာ April Foolရဲ့ ခါးသီးလှတဲ့ ပြက်လုံးတစ်ခု၊ နောက်ပြောင်မှုတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် လုံခြုံရေး ကောင်စီရဲ့ ၁၅ နိုင်ငံဟာ လစဉ် သဘာပတိ ရာထူးကို အလှည့်ကျ ပြောင်းလဲ တာဝန်ယူရပါတယ်။ လုံခြုံရေး ကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံရှိပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။