Connect with us

Hi, what are you looking for?

သတင်း

အင်ဒိုနီးရှား၊ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေး ဆွေးနွေးအဖြေရှာမယ်လို့စင်ကာပူဝန်ကြီးချုပ်ဆို

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

ဓါတ်ပုံ- Kremlin.ru
ဓါတ်ပုံ- Kremlin.ru

အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးအဖြေရှာသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောပါတယ်။

စင်ကာပူကိုအလည်အပတ်ရောက်ရှိနေတဲ့အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မတ် ၁၆ ရက်မှာ ဝန်ကြီးချုပ်လီက အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး နိုင်ငံရေး အရှုပ်အထွေးပေါင်းစုံ ကြုံတွေ့နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်လို့ အခြေအနေတွေ တိုးတက်မလာတဲ့အပေါ် သူရော၊ ဝီဒိုဒိုပါ စိတ်ပျက်မိတယ်လို့လည်း လီက ဝန်ခံပါတယ်။

စင်ကာပူ အနေနဲ့အင်ဒိုနီးရှားရော၊အာဆီယံအသိုက်အဝန်းအပြင် ကုလသမဂ္ဂလိုမျိုး လက်တွဲဖော် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည် ဖော်နိုင်အောင် တွန်းအားပေးသွားမယ်လို့ လီက ဆိုပါတယ်။ ဒါပေမဲ့လည်း မြန်မာ စစ်ခေါင်းဆောင်တွေကတော့ အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာ တိတိကျကျ လိုက်နာရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိဘူးလို့ ပြောဆိုထားဖူးပါတယ်။

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအတွင်း လီနဲ့ ဝီဒိုဒိုတို့ဟာ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့် သုံးစွဲရေး ကိစ္စအပါအဝင် တခြား ကဏ္ဍတွေ အတွက်ပါ ညှိနှိုင်း ဆွေးနွေးခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။