Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါမှာ ပျောက်ဆုံးနေတဲ့ ၂ နှစ်သား ကလေးရဲ့အလောင်း မိကျောင်းပါးစပ်ထဲမှာ ပြန်ရှာတွေ့

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဖလော်ရီဒါမှာ ပျောက်ဆုံးနေတဲ့ ၂ နှစ်သား ကလေးရဲ့အလောင်း မိကျောင်းပါးစပ်ထဲမှာ ပြန်ရှာတွေ့
ဖလော်ရီဒါမှာ ပျောက်ဆုံးနေတဲ့ ၂ နှစ်သား ကလေးရဲ့အလောင်း မိကျောင်းပါးစပ်ထဲမှာ ပြန်ရှာတွေ့

အမေရိကန် နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ကလေးငယ် တစ်ဦးရဲ့ အလောင်းကို မိကျောင်း ပါးစပ်ထဲမှာ ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

ဖလော်ရီဒါမှာ နေထိုင်တဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ် တေလန် မော့စ်လေဟာ မိခင်ဖြစ်သူ အသတ်ခံရပြီးတဲ့နောက် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ရဲတွေက အပူတပြင်း ရှာဖွေခဲ့ကြပါတယ်။ ဖလော်ရီဒါ ပြည်နယ်က စိန့်ပီတာစဘက်ဂ်မြို့မှာ အသက် ၂၀ အရွယ် ပါရွှန် ဂျက်ဖရေးဟာ ဓားထိုးခံရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သူ့တိုက်ခန်းထဲမှာ အခုသီတင်းပတ်အတွင်း သေဆုံးနေခဲ့တဲ့နောက် ပျောက်ဆုံးနေတဲ့ ကလေးကို လိုက်ရှာခဲ့ကြတာပါ။

တေလန်ကို လိုက်ရှာနေတဲ့ ရဲတွေဟာ ဒဲလ်ဟုမ်းစ် ဘသာဝ ဥယျာဉ်ထဲမှာ မိကျောင်းတစ်ကောင်က မသင်္ကာစရာ အရာဝတ္ထု တစ်ခုခုကို ကိုက်ချီထားတာ တွေ့ရှိခဲ့တဲ့နောက် မိကျောင်းကို တစ်ချက် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအခါ မိကျောင်းက ကိုက်ချီထားတဲ့ အရာကို လွှတ်ချပြီး ထွက်ပြေးသွားတော့မှ စစ်ဆေးကြည့်တဲ့အခါ ကလေးငယ်ရဲ့ အလောင်း ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူ သေဆုံးခဲ့တဲ့ နေရာနဲ့ မိုင်အနည်းငယ် အကွာလောက်မှာ ကလေးကို တွေ့ရှိခဲ့တာပါ။

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

မိကျောင်းကိုက်ချီ ခံထားရပေမယ့် ကလေးငယ်ရဲ့ ရုပ်အလောင်းဟာ ပုံမပျက်ဘဲ ရှိနေသေးတယ်လို့လည်း ရဲတွေက ပြောပါတယ်။ ကလေးက မိကျောင်းကိုက်လို့ သေတာလား၊ အသတ်ခံရတာလား ဆိုတာကို သေမှုသေခင်း စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာပါ။ ကလေးကို ဒီပုံစံနဲ့ ရှာတွေ့ဖို့ မမျှော်လင့်ချင်ခဲ့ကြောင်း၊ အနည်းဆုံးတော့ ဆွေမျိုးသားချင်းတွေအတွက် ဖြေသိမ့်စရာ အဖြေတစ်ခုတော့ ရှာပေးနိုင်ခဲ့တယ်လို့ပဲ ဖြေသိမ့်ရကြောင်း စိန့်ပီတာစဘက်ဂ် ရဲဌာနက ထုတ်ပြန်ပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ်ကို ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပေမယ့် သံသယ တရားခံက အာဏာပိုင်တွေကို စကားမပြောသလို မေးသမျှကိုလည်း မဖြေဘဲ နှုတ်ဆိတ်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။