Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူတစ်ဒါဇင်ကျော်ကို သတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားက နတ်ဆရာတစ်ဦး အဖမ်းခံထားရ

ရဲတွေက တိုဟာရီ အနေနဲ့ ငွေတွေ တိုးပွားအောင် တန်ခိုးပြ ဖန်ဆင်းနိုင်တယ်လို့ လူမှုကွန်ရက်မှာ လော်ဘီလုပ် ရေးသားတဲ့ သူ့တပည့် တချို့ကိုလည်း ဖမ်းဆီးထားပေမယ့် နတ်ဆရာက လူသတ်မှုတွေကို သူတစ်ဦးတည်း ကျူးလွန်တာလို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

လူတစ်ဒါဇင်ကျော်ကို သတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားက နတ်ဆရာတစ်ဦး အဖမ်းခံထားရ
လူတစ်ဒါဇင်ကျော်ကို သတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားက နတ်ဆရာတစ်ဦး အဖမ်းခံထားရ

အင်ဒိုနီးရှား နိုင်ငံက နတ်ဆရာ တစ်ဦးကို အနည်းဆုံး လူတစ်ဒါဇင် သတ်ဖြတ်မှုနဲ့ ရဲတွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ကျေးရွာတစ်ခုက နတ်ဆရာရဲ့ ခြံဝင်းထဲမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တဲ့နောက် ရဲတွေက အသက် ၄၅ နှစ်အရွယ် ဆလာမက် တိုဟာရီကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူကလည်း ခြံထဲမှာ အလောင်းတွေ မြှုပ်နှံထားတဲ့ ကိစ္စကို ဝန်ခံခဲ့ပါတယ်။

အလယ်ပိုင်း ဂျာဗားက ဘန်ဂျာနီဂါရာ ဒေသမှာ နေထိုင်တဲ့ နတ်ဆရာဟာ အခုအခါမှာတော့ လူသတ်မှုတွေအတွက် တရားစွဲဆို ခံထားရပါတယ်။ ရဲတွေရဲ့ အဆိုအရ သူဟာ ကိုးကွယ်သူတွေကို ငွေတွေ တိုးပွားအောင် စောင်မမယ်လို့ လိမ်ညာထားခဲ့ပါတယ်။ လက်တွေ့ ဖြစ်မလာတဲ့အခါ အလိမ်ခံရသူတွေက ဒေါသတကြီး ရန်တွေ့တော့ နတ်ဆရာက အဆိပ်တိုက်ပြီး နှုတ်ပိတ်ခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ နောက်ဆုံးသားကောင် ဖြစ်ခဲ့သူ တစ်ဦးရဲ့ သားက ရဲတွေဆီ တိုင်ကြားခဲ့တဲ့နောက် နတ်ဆရာရဲ့ ခြံဝင်းထဲကို ရှာဖွေရာက ရုပ်အလောင်းတွေ မြှုပ်ထားမှန်း ဖော်ထုတ်နိုင်ခဲ့တာပါ။ သေဆုံးသူဟာ မတ်လ ၂၄ ရက် တိုဟာရီဆီ သွားရောက်တဲ့အကြောင်း သားဖြစ်သူဆီ WhatsAppကနေ ဆက်သွယ် အသိပေးသွားခဲ့ပါတယ်။ တကယ်လို့ ၃ ရက်ကြာတဲ့ထိ သူပြန်မလာရင် ရဲတိုင်ဖို့ပါ မှာခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လည်း ဖခင် ပြန်မလာတော့တဲ့အခါ သားဖြစ်သူက ရဲတွေဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက ခြံထဲမှာ တူးဆွ ရှာဖွေတဲ့အခါ ရုပ်အလောင်း တစ်ဒါဇင်ထက်မနည်း ရှာတွေ့ခဲ့ပြီး တချို့ အလောင်းတွေက ကျင်းတစ်ခုထဲမှာ နှစ်လောင်းသုံးလောင်း စုမြှုပ်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ကျင်းတစ်ခုစီမှာ ရေမန်း သဘောမျိုး ဓာတ်ဆားရည် ပုလင်းတစ်လုံးစီ ထည့်သွင်း ဖျောက်ဖျက်ထားတာကိုလည်း တွေ့ရပါတယ်။

တချို့ အလောင်းတွေဟာ မြှုပ်ထားတာ ၆ လထက်မနည်း ကြာပြီလို့ ယူဆရပြီး သေဆုံးသူတွေက အသက် ၂၅ နှစ်ကနေ ၅၀ ကြား အရွယ်တွေပါ။ အလောင်းတွေဟာ အကြမ်းဖက် ရန်ပြု သတ်ဖြတ် ခံထားရတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

နတ်ဆရာ တိုဟာရီဟာ ၂၀၁၉ တုန်းကလည်း ငွေကြေးအတု ပြုလုပ်မှုနဲ့ ထောင်ချ ခံခဲ့ရဖူးပါတယ်။ အခုမှုခင်းအတွက် ပြစ်မှု ထင်ရှားခဲ့မယ် ဆိုရင်တော့ သူဟာ သေဒဏ်ထိ ကျခံရမယ့် အလားအလာ ရှိနေပါတယ်။

သူက ကိုယ့်ကိုယ်ကိုယ် နတ်ဆရာ တစ်ဦးအဖြစ် ကြေညာပြီး ရူပီးငွေ သန်း ၇၀ ကို ၅ ဘီလီယံထိ တိုးပွားအောင် ဖန်ဆင်းနိုင်တယ်လို့ ရွာသားတွေကို ပြောဆိုထားခဲ့ပါတယ်။ သူ့လိမ်ညာမှုကို သိသွားလို့ မကျေနပ်တဲ့ ကိုးကွယ်သူတွေကို နေ့ခင်းအချိန် လာခဲ့ဖို့ပြောပြီး ပိုတက်ဆီယမ် ဆိုင်ယာနိုက်နဲ့ အပြင်းစား အိပ်ဆေးတွေ ရောထားတဲ့ အဆိပ်ရည်ကို ရေမန်းအဖြစ် အယုံသွင်းပြီး တိုက်လေ့ရှိတယ်လို့ ရဲတွေက ဆိုပါတယ်။

ရဲတွေက တိုဟာရီ အနေနဲ့ ငွေတွေ တိုးပွားအောင် တန်ခိုးပြ ဖန်ဆင်းနိုင်တယ်လို့ လူမှုကွန်ရက်မှာ လော်ဘီလုပ် ရေးသားတဲ့ သူ့တပည့် တချို့ကိုလည်း ဖမ်းဆီးထားပေမယ့် နတ်ဆရာက လူသတ်မှုတွေကို သူတစ်ဦးတည်း ကျူးလွန်တာလို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။