Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဆွေးနွေးမှုမှာ ပတ်သက်ဆက်နွှယ်သူအားလုံးကို ချိတ်ဆက်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဆို

အင်ဒိုနီးရှားအစိုးရဟာပြီးခဲ့တဲ့လတုန်းကလည်းကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှုမှာ နောက်ဆုံး အခြေအနေတွေကို ပါဝင် တင်ပြခဲ့ပါတယ်။

(အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ​တွေ့ရစဥ်။ ဓါတ်ပုံ-Aprillio Akbar/Jakarta Globe)
(အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ​တွေ့ရစဥ်။ ဓါတ်ပုံ-Aprillio Akbar/Jakarta Globe)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုကူညီ ဖြေရှင်းဖို့အတွက် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာပတ်သက်ဆက်နွှယ်သူ အားလုံးနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေဆဲလို့ နိုင်ငံခြားရေးဝန်ကြီးရက်တ်နိုမာဆူဒီက ဒီက​​နေ့ပြောပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ကတည်းက အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကနေ ချော်ထွက်သွားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ မာဆူဒီက ဆိုပါတယ်။ အဲဒီ ဘုံသဘောတူညီချက်တွေဟာ လက်တွေ့ အောင်မြင် တိုးတက်မှုတွေနဲ့ ဝေးကွာနေကြောင်း ဝေဖန် ခံနေရပါတယ်။

အင်ဒိုနီးရှားဟာ အဲဒီ ဘုံသဘောတူညီချက်တွေထဲက တစ်ခုဖြစ်တဲ့ မြန်မာ့အရေးအတွက် ပတ်သက် ဆက်နွှယ်သူ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနိုင်ရေးကို ချိတ်ဆက် လုပ်ဆောင်နေပြီး အလွန်အကျွံ အင်အားသုံးမှုတွေ၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်း တောင်းဆိုနေကြောင်း မာဆူဒီက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခကြောင့် အရပ်သားတွေကြားညပ် သေဆုံးမှုတွေ တစ်စထက်တစ်စ တိုးပွားလာတာကိုလည်း စိုးရိမ်ကြောင်း သူက ဧပြီ ၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား အနေနဲ့ မြန်မာနိုင်ငံကဘယ်သူဘယ်ဝါ၊ဘယ်ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက် ဆွေးနွေးနေသလဲ ဆိုတာကိုတော့ မာဆူဒီက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

အခုဆိုရင် အင်ဒိုနီးရှားဟာ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ခုဖြစ်တဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပဋိပက္ခ နယ်မြေတွေဆီ ပို့ဆောင်နိုင်ရေးဖိအားပေး တောင်းဆိုမှုတွေမှာ တိုးတက်မှုတချို့ ရရှိနေပြီလို့လည်း သူက ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရဟာပြီးခဲ့တဲ့လတုန်းကလည်းကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှုမှာ နောက်ဆုံး အခြေအနေတွေကို ပါဝင် တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာ့အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာ့ အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတချို့နဲ့ ပထမဆုံးအကြိမ် အလေးအနက် တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဖော်ပြချက်အရ စစ်အုပ်စုအာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၃၂၁၂ ဦးထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား- Jakarta Globe

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...