Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်မှာ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင် အခုကိစ္စ ပေါ်ပေါက်လာတဲ့နောက် ကီရှီဒါက လုံခြုံရေး ကဏ္ဍကို အစွမ်းကုန် အလေးထား အာရုံစိုက် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား
မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား

မီးခိုးဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက် G7 ညီလာခံအတွက် လုံခြုံရေး အစီအမံတွေ တင်းတင်းကျပ်ကျပ် မြှင့်တင်သွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၅ ရက်က ကီရှီဒါဟာ ရွေးကောက်ပွဲကြို လူထု တွေ့ဆုံပွဲ တစ်ခုမှာ ရှိနေတဲ့အချိန် လူတစ်ယောက်က သူ့ကို အရာဝတ္ထု တစ်ခုနဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။ အဲဒီ အရာဟာ မီးခိုးတွေ အူထွက်နေပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးလည်း ပေါ်ထွက်ခဲ့တာကြောင့် မီးခိုးဗုံးလို့ ယူဆရပါတယ်။

အဲဒီနေရာမှာ လူတွေ ရုတ်ရုတ်သဲသဲနဲ့ အထိတ်တလန့် ဖြစ်သွားခဲ့ပေမယ့် ကိုယ်ရံတော်တွေက ဝန်ကြီးချုပ်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်း ခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။ မီးခိုးဗုံးနဲ့ ပစ်ပေါက်တဲ့ လူငယ် တစ်ဦးကိုလည်း တာဝန်ရှိသူတွေက ဝိုင်းဝန်း ဖမ်းဆီးထားလိုက်ကြပါတယ်။

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်မှာ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင် အခုကိစ္စ ပေါ်ပေါက်လာတဲ့နောက် ကီရှီဒါက လုံခြုံရေး ကဏ္ဍကို အစွမ်းကုန် အလေးထား အာရုံစိုက် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ရွေးကောက်ပွဲအတွက် မဲဆွယ်မှု အစီအစဉ်မှာ အခုလိုမျိုး ရန်လိုတဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမျိုးကို လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ရဲတွေက အသက် ၂၄ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်တဲ့ နေရာမှာ လက်ရ ဖမ်းမိခဲ့ပြီး သူ့ဆီက ဓားတစ်ချောင်းနဲ့ မီးခိုးဗုံးလို့ ယူဆရတဲ့ ဒုတိယမြောက် ပစ္စည်းတစ်ခုကိုပါ ရှာတွေ့ခဲ့ပါတယ်။

ဝါကာယာမာမှာ လှည့်လည် မဲဆွယ်နေတုန်း အခုအခြေအနေနဲ့ ကြုံခဲ့တဲ့နောက် ကီရှီဒါက အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ ပြည်သူတွေကိုလည်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

လက်ရှိ အဖမ်းခံထားရတဲ့ အမျိုးသားဟာ ရူဂျီ ကီမူရာဆိုသူ ဖြစ်တယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြပါတယ်။ သူက ဝန်ကြီးချုပ်ကို ဘာကြောင့် အခုလိုမျိုး တိုက်ခိုက်ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျပန်မှာ နိုင်ငံရေးသမားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေက ရှားပါးတဲ့ အခြေအနေတွေလို့ ယူဆနိုင်ပေမယ့် မနှစ်တုန်းကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ရွေးကောက်ပွဲ မဲဆွယ်မှု အစီအစဉ် တစ်ခုမှာ ပါဝင်ရင်း ပစ်ခတ်လုပ်ကြံ ခံရလို့ ကွယ်လွန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။