Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်မှာ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင် အခုကိစ္စ ပေါ်ပေါက်လာတဲ့နောက် ကီရှီဒါက လုံခြုံရေး ကဏ္ဍကို အစွမ်းကုန် အလေးထား အာရုံစိုက် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား
မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား

မီးခိုးဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက် G7 ညီလာခံအတွက် လုံခြုံရေး အစီအမံတွေ တင်းတင်းကျပ်ကျပ် မြှင့်တင်သွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၅ ရက်က ကီရှီဒါဟာ ရွေးကောက်ပွဲကြို လူထု တွေ့ဆုံပွဲ တစ်ခုမှာ ရှိနေတဲ့အချိန် လူတစ်ယောက်က သူ့ကို အရာဝတ္ထု တစ်ခုနဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။ အဲဒီ အရာဟာ မီးခိုးတွေ အူထွက်နေပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးလည်း ပေါ်ထွက်ခဲ့တာကြောင့် မီးခိုးဗုံးလို့ ယူဆရပါတယ်။

အဲဒီနေရာမှာ လူတွေ ရုတ်ရုတ်သဲသဲနဲ့ အထိတ်တလန့် ဖြစ်သွားခဲ့ပေမယ့် ကိုယ်ရံတော်တွေက ဝန်ကြီးချုပ်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်း ခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။ မီးခိုးဗုံးနဲ့ ပစ်ပေါက်တဲ့ လူငယ် တစ်ဦးကိုလည်း တာဝန်ရှိသူတွေက ဝိုင်းဝန်း ဖမ်းဆီးထားလိုက်ကြပါတယ်။

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်မှာ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင် အခုကိစ္စ ပေါ်ပေါက်လာတဲ့နောက် ကီရှီဒါက လုံခြုံရေး ကဏ္ဍကို အစွမ်းကုန် အလေးထား အာရုံစိုက် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ရွေးကောက်ပွဲအတွက် မဲဆွယ်မှု အစီအစဉ်မှာ အခုလိုမျိုး ရန်လိုတဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမျိုးကို လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ရဲတွေက အသက် ၂၄ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်တဲ့ နေရာမှာ လက်ရ ဖမ်းမိခဲ့ပြီး သူ့ဆီက ဓားတစ်ချောင်းနဲ့ မီးခိုးဗုံးလို့ ယူဆရတဲ့ ဒုတိယမြောက် ပစ္စည်းတစ်ခုကိုပါ ရှာတွေ့ခဲ့ပါတယ်။

ဝါကာယာမာမှာ လှည့်လည် မဲဆွယ်နေတုန်း အခုအခြေအနေနဲ့ ကြုံခဲ့တဲ့နောက် ကီရှီဒါက အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ ပြည်သူတွေကိုလည်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

လက်ရှိ အဖမ်းခံထားရတဲ့ အမျိုးသားဟာ ရူဂျီ ကီမူရာဆိုသူ ဖြစ်တယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြပါတယ်။ သူက ဝန်ကြီးချုပ်ကို ဘာကြောင့် အခုလိုမျိုး တိုက်ခိုက်ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျပန်မှာ နိုင်ငံရေးသမားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေက ရှားပါးတဲ့ အခြေအနေတွေလို့ ယူဆနိုင်ပေမယ့် မနှစ်တုန်းကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ရွေးကောက်ပွဲ မဲဆွယ်မှု အစီအစဉ် တစ်ခုမှာ ပါဝင်ရင်း ပစ်ခတ်လုပ်ကြံ ခံရလို့ ကွယ်လွန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။