Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီး ရက်ပိုင်းလောက် အကြာမှာတင်ပဲ သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပါတယ်။

ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး
ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လိုအပ်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ခပ်ပေါ့ပေါ့ တွေးဆလို့ မရကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲ ရက်ပေါင်း ၅၀၀ ပြည့်ဖို့ နီးကပ်လာချိန်မှာ ဘိုင်ဒန်က ပူတင်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အလေးအနက် မှတ်ချက် ပေးလာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကော်လိုရာဒိုမြစ်ကြီး ရေခန်းသွားမှာကို စိုးရိမ်တယ်ဆိုတာ ပြောခဲ့တုန်းက လူတွေက သူ့ကို အရူးလို ဝိုင်းကြည့်ခဲ့တာ မှတ်မိကြောင်း၊ အခုလည်း ပူတင်ရဲ့ နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ခြေကို စိုးရိမ်တယ်လို့ ပြောတဲ့အခါ တချို့က အရူးလို ဝိုင်းကြည့်နေပြန်ကြောင်း၊ ဒါပေမဲ့ အဲဒီ ခြိမ်းခြောက်မှုက လက်တွေ့ အန္တရာယ် ရှိနေကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

မကြာသေးခင်က ရုရှားဟာ စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား လက်နက်တွေကို ပြည်ပမှာ ဖြန့်ကျက်ခဲ့ပါတယ်။ အခုအခါ ရုရှားရဲ့ တာတိုပစ် ဗျူဟာမြောက် နျူကလီးယား ဒုံးကျည်တွေဟာ ဘီလားရုစ် နိုင်ငံ အနောက်ဖက်ခြမ်း နယ်စပ်တလျှောက်ကို စတင် ရောက်ရှိနေပြီလို့ ရုရှားနဲ့ ဘီလားရုစ် အစိုးရတွေက အသီးသီး အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီး ရက်ပိုင်းလောက် အကြာမှာတင်ပဲ သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပါတယ်။

အမေရိကန် စစ်ဘက် အရာရှိကြီးတွေက ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှုဟာ ခြိမ်းခြောက်ရုံ သက်သက်ထက် မပိုဘူးလို့ ယူဆထားပေမယ့် ဘိုင်ဒန်ကတော့ ပူတင်နဲ့ ပတ်သက်ရင် ဘာကိုမှ လျှော့မတွက်သင့်ကြောင်း သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။