Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီး ရက်ပိုင်းလောက် အကြာမှာတင်ပဲ သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပါတယ်။

ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး
ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လိုအပ်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ခပ်ပေါ့ပေါ့ တွေးဆလို့ မရကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲ ရက်ပေါင်း ၅၀၀ ပြည့်ဖို့ နီးကပ်လာချိန်မှာ ဘိုင်ဒန်က ပူတင်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အလေးအနက် မှတ်ချက် ပေးလာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကော်လိုရာဒိုမြစ်ကြီး ရေခန်းသွားမှာကို စိုးရိမ်တယ်ဆိုတာ ပြောခဲ့တုန်းက လူတွေက သူ့ကို အရူးလို ဝိုင်းကြည့်ခဲ့တာ မှတ်မိကြောင်း၊ အခုလည်း ပူတင်ရဲ့ နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ခြေကို စိုးရိမ်တယ်လို့ ပြောတဲ့အခါ တချို့က အရူးလို ဝိုင်းကြည့်နေပြန်ကြောင်း၊ ဒါပေမဲ့ အဲဒီ ခြိမ်းခြောက်မှုက လက်တွေ့ အန္တရာယ် ရှိနေကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

မကြာသေးခင်က ရုရှားဟာ စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား လက်နက်တွေကို ပြည်ပမှာ ဖြန့်ကျက်ခဲ့ပါတယ်။ အခုအခါ ရုရှားရဲ့ တာတိုပစ် ဗျူဟာမြောက် နျူကလီးယား ဒုံးကျည်တွေဟာ ဘီလားရုစ် နိုင်ငံ အနောက်ဖက်ခြမ်း နယ်စပ်တလျှောက်ကို စတင် ရောက်ရှိနေပြီလို့ ရုရှားနဲ့ ဘီလားရုစ် အစိုးရတွေက အသီးသီး အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီး ရက်ပိုင်းလောက် အကြာမှာတင်ပဲ သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပါတယ်။

အမေရိကန် စစ်ဘက် အရာရှိကြီးတွေက ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှုဟာ ခြိမ်းခြောက်ရုံ သက်သက်ထက် မပိုဘူးလို့ ယူဆထားပေမယ့် ဘိုင်ဒန်ကတော့ ပူတင်နဲ့ ပတ်သက်ရင် ဘာကိုမှ လျှော့မတွက်သင့်ကြောင်း သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။