Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်သာလန် ညွန့်ပေါင်းအစိုးရ ပြိုကွဲပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

ရူတေးဟာ နယ်သာလန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း သူဦးဆောင်တဲ့ စတုတ္ထမြောက် ညွန့်ပေါင်း အစိုးရသစ် တစ်ရပ်ကို ထပ်မံဖွဲ့စည်းဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ်။

နယ်သာလန် ညွန့်ပေါင်းအစိုးရ ပြိုကွဲပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်
နယ်သာလန် ညွန့်ပေါင်းအစိုးရ ပြိုကွဲပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

မူဝါဒရေးရာ သဘောထား ကွဲလွဲမှုတွေကြောင့် ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားတဲ့နောက် နယ်သာလန် ဝန်ကြီးချုပ် မတ်ရူတေးဟာ ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

ပါတီ ၄ ခု စုစည်းထားတဲ့ အာဏာရ ညွန့်ပေါင်း အစိုးရဟာ ရွှေ့ပြောင်း အခြေချမှု ပြဿနာတွေနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲကြရာက ပြိုကွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်မယ့် အခြေအနေကြောင့် နယ်သာလန်ဟာ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဇူလိုင် ၈ ရက်က ဝန်ကြီးချုပ် ရူတေးဟာ နယ်သာလန် ဘုရင်ဆီ ရာထူးက နုတ်ထွက်စာ သွားရောက် တင်သွင်းခဲ့ပြီး ဘုရင် ဝီလမ် အလက်ဇန္ဒားကလည်း တော်ဝင် မိသားစုနဲ့အတူ ဂရိမှာ အပန်းဖြေ ခရီးထွက်နေရာက ပြန်လာခဲ့ပါတယ်။ ရူတေးကတော့ နန်းတော်ကို သူ့ကိုယ်ပိုင် Saab station wagon မော်တော်ကားကို ကိုယ်တိုင်မောင်းပြီး ရောက်လာခဲ့ပါတယ်။

ညွန့်ပေါင်း အစိုးရ ပြိုကွဲခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဥရောပ နိုင်ငံတွေမှာ ခေါင်းခဲစရာ ပြဿနာတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရွှေ့ပြောင်း ဒုက္ခသည်ရေးရာ မူဝါဒတွေကြောင့်ပါပဲ။ ပါတီ ၄ ခုဟာ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေးခဲ့ကြပေမယ့် ဘယ်လိုမှ ညှိနှိုင်းဖို့ အဆင်မပြေတာကြောင့် အစိုးရအဖွဲ့ ပြိုကွဲခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဥပမာ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ပါဝင်တဲ့ လွတ်မြောက်ရေး ပါတီဆိုရင် ရူတေးရဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပေမယ့် ရွှေ့ပြောင်းဒုက္ခသည်တွေကို အလုံးအရင်းနဲ့ လက်ခံဖို့ ကိစ္စကိုတော့ ဘယ်လိုမှ လက်မခံဘဲ တင်းတင်းမာမာနဲ့ ငြင်းဆိုထားပါတယ်။

အတိုက်အခံ ဆိုရှယ်လစ် ပါတီကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း မရှိတဲ့၊ အိုးအိမ်စီမံကိန်းတွေ ဖူလုံအောင် ဆောင်ရွက်မပေးနိုင်တဲ့၊ စိုက်ပျိုးရေး နည်းပညာ ကဏ္ဍမှာ လစ်ဟင်းမှုတွေ ရှိခဲ့တဲ့ ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားခြင်းက နိုင်ငံအတွက် သတင်းကောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရူတေးဟာ နယ်သာလန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း သူဦးဆောင်တဲ့ စတုတ္ထမြောက် ညွန့်ပေါင်း အစိုးရသစ် တစ်ရပ်ကို ထပ်မံဖွဲ့စည်းဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီ အပြီးမှာတော့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး နောက်တစ်သင်းဖြစ်တဲ့ နယ်သာလန်လည်း စောစောစီးပီးပဲ ကမ္ဘာ့ဖလားကနေ နုတ်ဆက် ထွက်ခွာသွားရပါပြီ။ ဂျာမနီလိုပဲ နယ်သာလန်ဟာလည်း ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။