Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရေးပါတီတွေ မှန်သမျှကို ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ အာဖရိကနိုင်ငံ

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြို့တော် အမ်ဘာဘိန်မှာ မဲရုံတွေ စတင် ဖွင့်လှစ်ခဲ့ပြီး အခြေအနေတွေက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

နိုင်ငံရေးပါတီတွေ မှန်သမျှကို ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ အာဖရိကနိုင်ငံ
နိုင်ငံရေးပါတီတွေ မှန်သမျှကို ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ အာဖရိကနိုင်ငံ

နိုင်ငံရေး ပါတီမှန်သမျှ ဝင်ပြိုင်ခွင့် မရှိတဲ့ ရွေးကောက်ပွဲကို အာဖရိကတိုက်က အက်စ်ဝါတီနီ နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

အက်စ်ဝါတီနီဟာ အာဖရိကတိုက်မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ကျင့်သုံးနေတဲ့ နောက်ဆုံးလက်ကျန် နိုင်ငံပါ။ အက်စ်ဝါတီနီ ဘုရင်က ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့်ကို တစ်ချက်လွှတ် အမိန့်နဲ့ တားဆီး ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲကိုတော့ ကျင်းပစေပါတယ်။ ပြည်သူတွေအတွက် ရွေးချယ်စရာ နိုင်ငံရေးပါတီ မရှိပေမယ့် လွှတ်တော်အမတ် ၅၉ နေရာအတွက် ယှဉ်ပြိုင်သူတွေကို မဲပေး ရွေးချယ်ရပါတယ်။ အဲဒီ အမတ်တွေ ဆိုတာကလည်း ဥပဒေပြု အာဏာမျိုး ရှိတာမဟုတ်ဘဲ ဘုရင့်အကြံပေး သဘောသာ ဖြစ်ပါတယ်။ ဘုရင်ကလည်း လွှတ်တော်ရဲ့ စကားကို နားမထောင်ဘဲ သူ့ဆန္ဒအတိုင်း စီမံအုပ်ချုပ်ပါတယ်။

အခုသီတင်းပတ်ကုန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်တုန်းက ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူ ၅၀ နီးပါးလောက် သေဆုံးခဲ့တဲ့ ဒီမိုကရေစီ အုံကြွမှုကြီးအပြီး ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဲဒီတုန်းက ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းရေး ဆန္ဒပြ တောင်းဆိုသူတွေကို ဘုရင် မာစ်ဝါတီရဲ့ သစ္စာတော်ခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲမျိုးဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို သက်တမ်းချဲ့ထွင်ဖို့ ဟန်ပြ လုပ်ဆောင်တာ သက်သက်ပဲ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ဘုရင် မက်စ်ဝါတီက နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို အဓွန့်ရှည်အောင် ထိန်းသိမ်းဖို့အတွက် ပြည်သူတွေ မဲရုံဆီ သွားကြဖို့ တိုက်တွန်းထားကြပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၅ နှစ် ရှိပြီဖြစ်တဲ့ ဘုရင်ဟာ အရင်တုန်းက ဆွာဇီလန်လို့ နာမည်မှည့်ခေါ်ခဲ့ဖူးတဲ့ နိုင်ငံမှာ အသက် ၁၈ နှစ်အရွယ် ၁၉၈၆ ခုနှစ် ကတည်းက ထီးနန်း ဆက်ခံခဲ့တာပါ။ ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ် ၅၉ ဦးကို တင်မြှောက်ပြီး ဘုရင့်စိတ်ကြိုက် ခန့်အပ်မယ့် နောက်ထပ် အမတ် ၁၀ ဦးလည်း ရှိလာမှာပါ။ အဲဒီ အမတ်တွေကသာ ဘုရင့်ရဲ့ လူယုံတော် အကြံပေး စစ်စစ်တွေ ဖြစ်ကြပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြို့တော် အမ်ဘာဘိန်မှာ မဲရုံတွေ စတင် ဖွင့်လှစ်ခဲ့ပြီး အခြေအနေတွေက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အက်စ်ဝါတီနီမှာ ၁၉၇၃ ခုနှစ်ကစလို့ နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် လွှတ်တော်အမတ် နေရာအတွက် ယှဉ်ပြိုင်သူတွေက တစ်သီးပုဂ္ဂလ သဘောမျိုးသာ ရွေးကောက်ပွဲ ဝင်ရလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ် ကျင်းပပါတယ်။

ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့နဲ့ တရားသူကြီးတွေကအစ အဓိက မဏ္ဍိုင်ကြီး သုံးခုစလုံးရဲ့ အရေးပါတဲ့ အရာရှိတွေကို ဘုရင်ကပဲ ခန့်အပ်ပြီး လွှတ်တော်က အဆိုပြုလာတဲ့ ဥပဒေ မူကြမ်းတွေကို အတည်ပြုခွင့်၊ ပယ်ချခွင့်ကလည်း ဘုရင်မှာပဲ ရှိပါတယ်။ နိုင်ငံရဲ့ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ အားလုံးကလည်း ဘုရင့် ဩဇာ အောက်မှာပဲ ရှိနေပါတယ်။

၂၀၁၈ တုန်းက ရွေးကောက် ခံရဖူးသူ အတိုက်အခံ လွှတ်တော်အမတ် ၂ ဦးဟာ ဒီမိုကရေစီ အုပ်ချုပ်မှု စနစ်ကို အားပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ လောလောဆယ် ဖမ်းဆီးခံထားရပါတယ်။ ဘုရင်က သူ့ရဲ့ အုပ်ချုပ်မှု စွမ်းရည်ဟာ နိုင်ငံအတွက် အကျိုးရှိစေပြီး ဒီမိုကရေစီကို မလိုအပ်ဘူးလို့ ပြောလေ့ရှိပေမယ့် အက်စ်ဝါတီနီ လူဦးရေ စုစုပေါင်း ၁.၂ သန်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ နိုင်ငံတကာ စံနှုန်းတွေအရ ဆင်းရဲနွမ်းပါးမှု အဆင့်သတ်မှတ်ချက်ထဲ ကျရောက်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဖိနှိပ်ချိုးနှိမ်နေတဲ့ နောက်ထပ် ခြေလှမ်း တစ်ခုအဖြစ် မာလီ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံရေး ပါတီအားလုံးကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။