Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ခရီးသည်တင် ရထားနှစ်စီး တိုက်မိလို့ လူ ၁၀ ဦးထက်မနည်း သေဆုံး

အန်ဒ်ဟရာ ပရာဒက်ရှ်ပြည်နယ် အစိုးရက အခင်းဖြစ်ရာ နေရာကို ကယ်ဆယ်ရေးနဲ့ အကူအညီ အဖွဲ့အစည်းတွေ အမြန်ဆုံး သွားရောက်ဖို့ ညွှန်ကြားထားပြီး ထိခိုက်နစ်နာခဲ့သူတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေကို အစွမ်းကုန် ထောက်ပံ့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အိန္ဒိယမှာ ခရီးသည်တင် ရထားနှစ်စီး တိုက်မိလို့ လူ ၁၀ ဦးထက်မနည်း သေဆုံး
အိန္ဒိယမှာ ခရီးသည်တင် ရထားနှစ်စီး တိုက်မိလို့ လူ ၁၀ ဦးထက်မနည်း သေဆုံး

အိန္ဒိယ နိုင်ငံမှာ ခရီးသည်တင် ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂ ဒါဇင်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက အိန္ဒိယရဲ့ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ်ထဲမှာ ရထားနှစ်စီး တိုက်မိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ရထားတစ်စီးရဲ့ လူစီးတွဲ နှစ်တွဲက လမ်းချော်ထွက်ပြီး တခြားရထားကို ဝင်တိုက်မိခဲ့တဲ့ ဖြစ်စဉ်ဟာ လူသားတွေရဲ့ ပေါ့ဆမှု အမှားအယွင်းကြောင့်လို့ ယုံကြည်ရကြောင်း ကနဦး စစ်ဆေးမှု ရလဒ်တွေက ညွှန်ပြနေပါတယ်။

ဗစ္စခါပက်တ်နမ်နဲ့ ရာယာဂါဒါကြား ပြေးဆွဲတဲ့ ခရီးသည်တင် ရထားဟာ သတိပေး အချက်ပြ သင်္ကေတတွေကို သတိမူဖို့ ပျက်ကွက်ခဲ့တယ်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ ရထားတိုက်မိမှု ဖြစ်ပွားရာ ရထားတွဲတွေပေါ်မှာ စီးနင်းလိုက်ပါလာသူ ၉၀ လောက်ရှိပြီး အနည်းဆုံး ၁၀ ဦးသေ၊ ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

အန်ဒ်ဟရာ ပရာဒက်ရှ်ပြည်နယ် အစိုးရက အခင်းဖြစ်ရာ နေရာကို ကယ်ဆယ်ရေးနဲ့ အကူအညီ အဖွဲ့အစည်းတွေ အမြန်ဆုံး သွားရောက်ဖို့ ညွှန်ကြားထားပြီး ထိခိုက်နစ်နာခဲ့သူတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေကို အစွမ်းကုန် ထောက်ပံ့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်ဟာ အိန္ဒိယ နိုင်ငံ သမိုင်းမှာ ဆယ်စုနှစ် နှစ်ခုလောက် ကာလအတွင်း အဆိုးဆုံး ရထား မတော်တဆမှုကြီးအပြီး လပိုင်းလောက် အကြာမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်တုန်းကတော့ ခရီးသည်တင် ရထားတစ်စီးဟာ ရပ်ထားတဲ့ ကုန်တင်ရထားကို ဝင်တိုက်ပြီး လမ်းချော်ထွက်သွားရာက တခြား ခရီးသည်တင် ရထားတစ်စီးကို ဝင်တိုက်မိခဲ့တာကြောင့် လူ ၂၉၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယ ရဲတပ်ဖွဲ့က ရထား ပို့ဆောင်ရေးဌာန တာဝန်ရှိသူ ၃ ဦးကို လူအများအပြား သေဆုံးစေတဲ့ ပေါ့လျော့မှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ စတုတ္ထ အရှည်လျားဆုံး ရထားကွန်ရက်တွေ ရှိနေတဲ့ နိုင်ငံပါ။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရထားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေပေမယ့် ပြုပြင်ထိန်းသိမ်းမှု၊ လုံခြုံရေးစနစ်နဲ့ တခြားအားနည်းချက်တွေကြောင့် လူအသေအပျောက် များပြားတဲ့ မတော်တဆမှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။