Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး

သိန်းဒေသ ရဲတပ်ဖွဲ့ရဲ့ သီးခြား ကြေညာချက်အရ သေဆုံးသူတွေထဲက အနည်းဆုံး ၅ ဦးဟာ အင်ဂျင်နီယာတွေလို့ သိရပါတယ်။

အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး
အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး

အိန္ဒိယ နိုင်ငံက တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ ကရိန်းပြိုကျမှု ဖြစ်ပွားရာက လူ ၂၀ ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲက သိန်းဒေသထဲက ဆမ်ရူဟီ အဝေးပြေးလမ်းပိုင်း တစ်နေရာက တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဩဂုတ် ၁ ရက် မနက် အစောပိုင်းက အဝေးပြေးလမ်းရဲ့ အစိတ်အပိုင်း တံတားအောက်ခြေ တိုင်လုံးတွေနားမှာ အလုပ်သမားတွေ ရှိနေတဲ့အချိန် ဧရာမ ကရိန်းကြီး ပြိုကျခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ကရိန်းဟာ ကွန်ကရစ် ဆလပ်တုံးကြီး တစ်ခုပေါ်ကို အရှိန်နဲ့ ကျသွားပြီး အစအနတွေ လွင့်စဉ်ရာက အလုပ်သမားတွေကို ထိခိုက်ပြီး အသေအပျောက် များပြားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်အပြီး လူ ၂၀ ရဲ့ အလောင်းတွေကို အပျက်အစီးတွေ အောက်ကနေ ဆွဲထုတ်နိုင်ခဲ့သလို ဒဏ်ရာရသူ ၃ ဦးကို ဆေးရုံ တင်ပို့ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

သိန်းဒေသ ရဲတပ်ဖွဲ့ရဲ့ သီးခြား ကြေညာချက်အရ သေဆုံးသူတွေထဲက အနည်းဆုံး ၅ ဦးဟာ အင်ဂျင်နီယာတွေလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး ကဏ္ဍကို မီးသတ်တပ်ဖွဲ့၊ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကွန်ကရစ် အပိုင်းအစ အပျက်အစီးကြီးတွေကို ဖယ်ရှားဖို့ တခြား ကရိန်းကားတွေကို ခေါ်ယူခဲ့ရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကရိန်း ပြိုကျခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း X (ယခင် Twitter)မှာ ရေးသားခဲ့ပါတယ်။ မဟာရက်ရှ်ထရာ ပြည်နယ် အစိုးရက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ရူပီး ၂ သိန်းစီ (ဒေါ်လာ ၂၄၀၀ ကျော်)နဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ (ဒေါ်လာ ၆၀၀)ကျော် နစ်နာကြေး ပေးလျော်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။