Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး

သိန်းဒေသ ရဲတပ်ဖွဲ့ရဲ့ သီးခြား ကြေညာချက်အရ သေဆုံးသူတွေထဲက အနည်းဆုံး ၅ ဦးဟာ အင်ဂျင်နီယာတွေလို့ သိရပါတယ်။

အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး
အိန္ဒိယမှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျပြီး လူ ၂၀ သေဆုံး

အိန္ဒိယ နိုင်ငံက တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ ကရိန်းပြိုကျမှု ဖြစ်ပွားရာက လူ ၂၀ ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲက သိန်းဒေသထဲက ဆမ်ရူဟီ အဝေးပြေးလမ်းပိုင်း တစ်နေရာက တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဩဂုတ် ၁ ရက် မနက် အစောပိုင်းက အဝေးပြေးလမ်းရဲ့ အစိတ်အပိုင်း တံတားအောက်ခြေ တိုင်လုံးတွေနားမှာ အလုပ်သမားတွေ ရှိနေတဲ့အချိန် ဧရာမ ကရိန်းကြီး ပြိုကျခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ကရိန်းဟာ ကွန်ကရစ် ဆလပ်တုံးကြီး တစ်ခုပေါ်ကို အရှိန်နဲ့ ကျသွားပြီး အစအနတွေ လွင့်စဉ်ရာက အလုပ်သမားတွေကို ထိခိုက်ပြီး အသေအပျောက် များပြားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်အပြီး လူ ၂၀ ရဲ့ အလောင်းတွေကို အပျက်အစီးတွေ အောက်ကနေ ဆွဲထုတ်နိုင်ခဲ့သလို ဒဏ်ရာရသူ ၃ ဦးကို ဆေးရုံ တင်ပို့ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

သိန်းဒေသ ရဲတပ်ဖွဲ့ရဲ့ သီးခြား ကြေညာချက်အရ သေဆုံးသူတွေထဲက အနည်းဆုံး ၅ ဦးဟာ အင်ဂျင်နီယာတွေလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး ကဏ္ဍကို မီးသတ်တပ်ဖွဲ့၊ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကွန်ကရစ် အပိုင်းအစ အပျက်အစီးကြီးတွေကို ဖယ်ရှားဖို့ တခြား ကရိန်းကားတွေကို ခေါ်ယူခဲ့ရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကရိန်း ပြိုကျခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း X (ယခင် Twitter)မှာ ရေးသားခဲ့ပါတယ်။ မဟာရက်ရှ်ထရာ ပြည်နယ် အစိုးရက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ရူပီး ၂ သိန်းစီ (ဒေါ်လာ ၂၄၀၀ ကျော်)နဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းစီ (ဒေါ်လာ ၆၀၀)ကျော် နစ်နာကြေး ပေးလျော်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။