Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါရီအိုလံပစ် ဖွင့်ပွဲမှာ တောင်ကိုရီးယားကို မြောက်ကိုရီးယားအဖြစ် မှားယွင်း မိတ်ဆက်မိလို့ ပြန်တောင်းပန်ရ

တောင်ကိုရီးယား အလံကို ကိုင်ဆောင်ဝှေ့ယမ်းရင်း နိုင်ငံကိုယ်စားပြု အားကစားမောင်မယ်တွေ စိတ်လှုပ်ရှား ပျော်ရွှင်စွာနဲ့ ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ အချိန်မှာ အစီအစဉ် ကြေညာသူတွေက ‘ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ’လို့ အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာနဲ့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။

ပါရီအိုလံပစ် ဖွင့်ပွဲ အခမ်းအနားမှာ တောင်ကိုရီးယား အားကစားသမားတွေကို မြောက်ကိုရီးယားကလို့ မှားယွင်း မိတ်ဆက် ကြေညာပေးခဲ့မိတာကြောင့် တာဝန်ရှိသူတွေက အနူးအညွတ် ပြန်တောင်းပန်ခဲ့ရပါတယ်။

အခုသီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရဲ့ ဆိန်းမြစ်ရိုးတလျှောက်မှာ အိုလံပစ် ဖွင့်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပရင်း နိုင်ငံအလိုက် အားကစား မောင်မယ် အဖွဲ့တွေ တစ်ခုချင်းစီကို မိတ်ဆက် ကြေညာပေးခဲ့ပါတယ်။ အိုလံပစ် သမိုင်းမှာတော့ ဒါဟာ အားကစားကွင်း တစ်ခုရဲ့ ပြင်ပမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဖွင့်ပွဲ အခမ်းအနားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တောင်ကိုရီးယား အလံကို ကိုင်ဆောင်ဝှေ့ယမ်းရင်း နိုင်ငံကိုယ်စားပြု အားကစားမောင်မယ်တွေ စိတ်လှုပ်ရှား ပျော်ရွှင်စွာနဲ့ ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ အချိန်မှာ အစီအစဉ် ကြေညာသူတွေက ‘ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ’လို့ အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာနဲ့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒါက တောင်ကိုရီးယားရဲ့ ခါးသီးပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံရဲ့ တရားဝင် နာမည် ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မြောက်ကိုရီးယား အားကစားအဖွဲ့ရဲ့ အလှည့်မှာလည်း အဲဒီ တူညီတဲ့ နာမည်ကိုပဲ (မှန်မှန်ကန်ကန်) ထပ်ကြေညာပြီး မိတ်ဆက်ပေးသွားပါတယ်။ တောင်ကိုရီးယားရဲ့ တရားဝင် နာမည်ကတော့ ‘ကိုရီးယား သမ္မတနိုင်ငံ’ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ထုတ်လွှင့်တဲ့ ဗီဒီယိုရဲ့ အောက်ခြေမှာ ရေးထိုးပေးထားတဲ့ စာတန်း (subtitle)တွေမှာတော့ နိုင်ငံနှစ်ခုစလုံးရဲ့ နာမည်တွေကို မှန်မှန်ကန်ကန် ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

ကိုရီးယား ကျွန်းဆွယ်ဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး ပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့သလို အခုနှစ်ပိုင်းတွေအတွင်း တင်းမာမှုတွေက မြင့်သထက် မြင့်တက်လာနေခဲ့ပါတယ်။

အခု အမှားအယွင်းနဲ့ ပတ်သက်လို့ အစိုးရချင်း စကားပြောတဲ့ အဆင့်မျိုးထိ ပြင်သစ်ဖက်ကို အလေးအနက် ဖြေရှင်းချက် တောင်းခံသွားမယ်လို့ တောင်ကိုရီးယား အားကစား ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC)က ဖွင့်ပွဲ အခမ်းအနားမှာ တောင်ကိုရီးယား အားကစားအဖွဲ့ရဲ့ နာမည်ကို မှားယွင်း မိတ်ဆက်ပေးခဲ့မိတဲ့အပေါ် အနူးအညွတ် တောင်းပန်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ကိုရီးယား ဘာသာစကားနဲ့ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အခုနှစ် အိုလံပစ်မှာ အားကစားနည်း ၂၁ ခုအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ အားကစားမောင်မယ် ၁၄၃ ဦးကို ပါရီမြို့တော်ဆီ စေလွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ၂၀၁၆ နောက်ပိုင်း အိုလံပစ် ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ပြန်လည် ပါဝင်လာပြီး အားကစားသမား ၁၆ ဦးကို စေလွှတ်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။