Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်ခေါင်းဆောင် အီရန်မှာ လုပ်ကြံခံရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ

တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။

ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံမှာ ရှိနေချိန် အတောအတွင်း လုပ်ကြံခံရလို့ ကွယ်လွန်သွားကြောင်း သိရပါတယ်။

တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။ ဟာနီယာဟာ ဟားမားစ်ရဲ့ (တိုက်ခိုက်ရေး မဟုတ်တဲ့) နိုင်ငံရေး အစုအဖွဲ့ အကြီးအကဲ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ညပိုင်းတုန်းက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု တစ်ခု လုပ်ဆောင်ပြီး ဟစ်ဇ်ဘိုလာ စစ်ဦးစီး တစ်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးက ကြေညာပြီး နာရီပိုင်းလောက် အကြာမှာ ဟာနီယာ လုပ်ကြံခံလိုက်ရတာလို့ ဆိုပါတယ်။ သူနဲ့အတူ ရှိနေခဲ့တဲ့ ကိုယ်ရံတော် တစ်ယောက်ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဟာနီယာရဲ့ သေဆုံးမှုဟာ အစ္စရေး လက်ချက်လို့ ဟားမားစ်ဖက်က တိုက်ရိုက် စွပ်စွဲလိုက်ပြီး ဒီကိစ္စကြောင့် ဒေသတွင်း တင်းမာမှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်တယ်လို့ သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

ဟာနီယာဟာ အီရန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ပြီး တဟီရန်မှာရှိတဲ့ နေအိမ်ကို ပြန်အရောက်မှာ ဟာနီယာ လုပ်ကြံခံလိုက်ရတယ်လို့ သိရပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစု နှစ်ခုဖြစ်တဲ့ ဟားမားစ်နဲ့ ဟစ်ဇ်ဘိုလာတို့ အတွက်တော့ တပြိုင်တည်းနီးပါး ပြင်းထန်တဲ့ ထိုးနှက်မှုတွေ ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီဖြစ်စဉ်တွေဟာ ဒေသတွင်း အင်အားကြီး နိုင်ငံလည်းဖြစ်၊ အစ္စရေးရဲ့ ခါးသီးရန်ဘက်လည်းဖြစ်တဲ့ အီရန်အပေါ်လည်း ရိုက်ခတ်လာနိုင်ပါတယ်။

အစ္စရေး စစ်တပ်က လက်ဘနွန် ထိပ်တန်း စစ်ဦးစီး တစ်ဦးဖြစ်တဲ့ ဖျူရက်ဒ်ရှူခါကို လေကြောင်းတိုက်ခိုက်မှုနဲ့ သုတ်သင်ခဲ့ကြောင်း အတည်ပြုထားပေမယ့် ဟာနီယာ သေဆုံးမှု အပေါ်မှာတော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ဟားမားစ် ပြန်ကြားရေး အရာရှိ တစ်ဦးဖြစ်တဲ့ ဆာမီ အဘူ ဇူဟာရီက ဟာနီယာကို လုပ်ကြံခြင်းဟာ ဘာအကျိုးအမြတ်မှ မရှိစေနိုင်တဲ့အပြင် လက်ရှိ တင်းမာမှုတွေကို အရမ်း ဆိုးရွားတဲ့ အဆင့်ထိ တွန်းတင်ပေးရာ ရောက်လိမ့်မယ်လို့ Reuters သတင်းဌာနကို ပြောကြားသွားပါတယ်။

ဟာနီယာဟာ ၂၀၁၉ ခုနှစ်မှာ ဂါဇာကနေ ထွက်ခွာခဲ့ရပြီး လက်ရှိ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတပ်တွေ စစ်ခင်းတိုက်ခိုက်နေမှုမှာ ဦးဆောင် ညွှန်ကြားနေခြင်း မရှိပါဘူး။ ဂါဇာမှာ ရှိနေတဲ့ ဟားမားစ် တပ်တွေကို တိုက်ခိုက်ရေး ကဏ္ဍရဲ့ ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါက အဓိက ဦးစီး ကွပ်ကဲနေတာ ဖြစ်ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။