Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် ရွေးထားတဲ့ ဒုတိယ သမ္မတလောင်းရဲ့ လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ

ရွေးကောက်ပွဲဝင် အမေရိကန် ဒုတိယ သမ္မတလောင်း ဂျိမ်းစ် ဒေးဗစ် ဗန့်စ် စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ပျံသန်းနေရင်း ချွတ်ယွင်းမှု တစ်ခုနဲ့ ကြုံလို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ရွေးကောက်ပွဲဝင် အမေရိကန် ဒုတိယ သမ္မတလောင်း ဂျိမ်းစ် ဒေးဗစ် ဗန့်စ် စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ပျံသန်းနေရင်း ချွတ်ယွင်းမှု တစ်ခုနဲ့ ကြုံလို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဩဂုတ် ၁၆ ရက်နေ့က ရီပတ်ဘလစ်ကန်ပါတီ ဒုတိယ သမ္မတလောင်း လိုက်ပါလာပြီး Trump Force 2လို့ နာမည်ပေးထားတဲ့ Boeing 737 လေယာဉ်ဟာ ဝစ္စကွန်ဆင် ပြည်နယ်ထဲက မီလ်ဝေါ့ကီမြို့ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မီလ်ဝေါ့ကီမှာ ရဲအရာရှိတွေနဲ့ တွေ့ဆုံတဲ့ မဲဆွယ် လှုပ်ရှားမှု တစ်ခုအတွက် ရောက်ရှိနေခဲ့တာပါ။

အပြန်ခရီးမှာ လေယာဉ်ဟာ ပျံတက်သွားပြီး မကြာခင်ဘဲ တံခါးမှာ ပြဿနာ ပေါ်လာတာကြောင့် လေဆိပ်ဆီ နောက်ကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေဆိပ်မှာ ပြန်လည် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး အဆင်ပြေတာ သေချာသွားတဲ့ အခါမှာတော့ လေယာဉ်ဟာ ဆင်ဆီနက်တီကို မူလ အစီအစဉ်အတိုင်း ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ဗန့်စ်နဲ့အတူ လေယာဉ်ပေါ်မှာ ဇနီးဖြစ်သူ အာရှာ၊ သူတို့မွေးထားတဲ့ ခွေးလေး အက်တ်လက်စ်၊ မဲဆွယ်မှု အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေ လိုက်ပါခဲ့ပါတယ်။

ပျံတက်ပြီး မကြာခင်မှာပဲ လေယာဉ်တံခါးရဲ့ အပိတ်စနစ်က ပြဿနာ ဖြစ်နေတယ် ဆိုတာကို လေယာဉ်မှူးက ပြောပြခဲ့ကြောင်း၊ အဲဒီနောက် အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီး လေယာဉ်ကို လေဆိပ်ဆီ နောက်ကြောင်း ပြန်လှည့် ဆင်းသက်ခဲ့တာဖြစ်ကြောင်း ဗန့်စ်ရဲ့ မဲဆွယ်ရေး အဖွဲ့သား တစ်ယောက်က ပြောပါတယ်။

ဗန့်စ်ကတော့ သူဟာ နောက်ဆိုရင် စီးမယ့်လေယာဉ်တွေကို ပိုပြီး သေသေချာချာ စစ်ဆေးဖို့အတွက် စီစဉ်သူတွေကို ပြောထားရလိမ့်မယ်လို့ နောက်နောက်ပြောင်ပြောင် မှတ်ချက် ပေးသွားခဲ့ပါတယ်။

မေလတုန်းက ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့် စီးနင်းလေ့ရှိတဲ့ လေယာဉ် တစ်စီးဟာ ဖလော်ရီဒါ လေဆိပ်တစ်ခုမှာ ရပ်နားထားရင်း တခြား လေယာဉ် တစ်စီးနဲ့ ချိတ်မိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ကိုးကား: Fox⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မပေးခဲ့ခြင်းက ငြိမ်းချမ်းရေးအတွက်ပဲ အာရုံစိုက်ထားချင်တဲ့ သူ့ရဲ့ သဘောထားကို ပြောင်းလဲသွားစေခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

နိုင်ငံတကာ

မဲရေတွေမှုတွေ အားလုံး ပြီးစီးသွားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် ရွေးကောက်ပွဲမှာ ပါတီစွဲ မရှိတဲ့ ကြားပြည်နယ်၊ တစ်နည်းအားဖြင့် အဓိက ပါတီနှစ်ခု အပြိုင်မဲဆွယ် စည်းရုံးကြရာ ပြည်နယ် ၇ ခုစလုံးမှာ အနိုင်ရခဲ့ကြောင်း ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ ရေတွက်ပြီးသမျှ မဲအားလုံးရဲ့ အနေအထားအရ ထရမ့်ရရှိတဲ့ မဲအရေအတွက်ကလည်း ဟားရစ်ထက် သာလွန်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲအဖွင့် ပထမဆုံး မဲပေးသူ ၆ ယောက်မှာ ကာမာလာဟားရစ်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ကို ၃ ယောက်စီက အညီအမျှ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။